အေမစုကဗ်ာကို ေလလံေအာင္သြားသူ အေၾကာင္း ေမာင္ေမာင္ေအး ထုတ္ေဖာ္ေျပာျပလာပုံ

ကြၽန္ေတာ့္အေနနဲ႔ အခုလို သမိုင္းတြင္မယ့္ဂုဏ္ယူစရာျဖစ္ရပ္ႀကီးတခုမွာ ပါဝင္ခြင့္ေပးခဲ့တဲ့ ကဗ်ာဆရာ ဒါ႐ိုက္တာမင္းထင္ကိုကိုႀကီး ရယ္..ေလလံေၾကးအမ်ားဆုံးရေအာင္ အဆင့္ဆင့္ အၿပိဳင္ေလလံေပးခဲ့ၾကတဲ့ ေလးစားေက်းဇူးတင္စရာ ေနရာသီးသီးမွ လုပ္ငန္းရွင္ႀကီး မ်ားရယ္.. ေလလံေအာင္သြားေသာပုဂၢိဳလ္ႀကီးနဲ႔ မိသားစု ရယ္… ကိုယ္တိုင္ေလလံဝင္ဆြဲခဲ့ၾကသလို အားရပါးရအားေပးခဲ့ၾကတဲ့ ျပည္သူ မ်ားတေယာက္မက်န္ရယ္.. ဒီေလလံပြဲျဖစ္ေျမာက္ေအာင္ျမင္ေအာင္ အဖက္ဖက္က ဝိုင္းဝန္းကူညီပံ့ပိုးခဲ့ၾကသူတေယာက္မက်န္ကို ဒီပို႔စ္နဲ႔ တ႐ိုတေသ ေက်းဇူးတင္ ဦးၫြတ္လိုက္ပါတယ္… ေနရာအသီးသီးမွ စိတ္ေစတနာမွန္ သူမ်ားႏွင့္သာ ဘဝတေလွ်ာက္ႀကဳံခြင့္ရပါေစေၾကာင္း ဆုေတာင္းလ်က္🙏🏻🙏🏻🙏🏻”ဟု ႏိုင္ငံေက်ာ္ အစီအစဥ္တင္ဆက္သူ ေမာင္ေမာင္ေအးက သူ၏လူမႈကြန္ရက္စာမ်က္ႏွာေပၚတြင္ ေရးသားေဖာ္ ျပထားပါသည္။

ေမာင္ေမာင္ေအးဟာ လူမႈ အက်ိဳးျပဳ ပရဟိတလုပ္ငန္း ေတြမွာလည္း စြမ္းစြမ္းတမံ ေဆာင္႐ြက္ေနသူတစ္ေယာက္ပါပဲ။ လူသိမ်ား ထင္ရွား တဲ့ ေမာင္ ေမာင္ေအးကေတာ့ အႏုပညာရွင္တစ္ေယာက္မဟုတ္ေပမယ့္ သူ႔ရဲ႕အမ်ားအက်ိဳး သယ္ပိုးၿပီး ေဆာင္႐ြက္တတ္တာေၾကာင့္ ပ ရိသတ္ေတြကခ်စ္ခင္ အားေပးၾကတာပဲ ျဖစ္ပါတယ္။ေမာင္ေမာင္ေအးက ေဒၚေအာင္ဆန္းစုၾကည္ ကဗ်ာေလလံေအာင္သြားသူ၏ အ ေၾကာင္းကို လည္းသူ၏လူမႈကြန္ရက္စာမ်က္ႏွာေပၚတြင္ယခုလိုေဖာ္ျပထားပါတယ္။”ေလလံပြဲအၿပီး ေနာက္တေန႔မနက္မွာပဲ ေလလံ ေအာင္သြားတဲ့ပုဂၢိဳလ္ႀကီးက ဖုန္းဆက္လာတယ္….။ကိုဗစ္ကာလမို႔လို႔ရယ္… သူ႔ပင္ကိုယ္စိတ္ကိုက ပြဲလမ္းသဘင္ေတြ ႀကိဳက္ႏွစ္သက္သူ မဟုတ္လို႔ အိမ္မွာပဲေအးေအးေနတတ္တာရယ္ေၾကာင့္ အိမ္ထဲကေန အိမ္ျပင္ေတာင္မထြက္ျဖစ္တာ လေတာ္ေတာ္ၾကာေနေပမယ့္။

ကိုေမာင္ေမာင္ေအးအေနနဲ႔ အစ္ကိုႀကီး နဲ႔ပြဲေတြမွာဆုံဖူးလို႔ သိကြၽမ္းဖူးၾကေပတဲ့ ယခင္သိထားတာေတြထက္ပိုအတြင္းက်က် သိထားဖို႔ လိုအပ္မယ္ထင္လို႔…. အထူးသျဖင့္ ကိုယ္တာဝန္ယူထားရတဲ့ ေလလံပြဲမွာ ေလလံေအာင္သြားတဲ့သူဟာ သူ႔လုပ္ငန္းေတြ ခိုင္မာမႈရွိရဲ႕လား ဆိုတဲ့ သံသယနဲ႔ စိုးရိမ္စိတ္ေတြရွိေနမွာစိုးလို႔ အိမ္ေခၚဖိတ္တာပါ တဲ့… ေပ်ာ္႐ႊင္ ဂုဏ္ယူေလးစားစြာနဲ႔ ဝမ္းပန္းတသာ သြားေတြ႕ျဖစ္ခဲ့ပါ တယ္….။ၿခံထဲေရာက္ေတာ့ ခ်စ္စရာေရကူးကန္ေဘးနားက ျမက္ခင္းျပင္ႀကီးထဲမွာေရာ ကြန္ကရစ္အခင္းေနရာေတြမွာပါ ကားေတြအျပည့္ နဲ႔မို႔ ကားတစီးစာေနရာထိုးဖို႔ ကိုယ္တိုင္ ပါကင္ေနရာျပေပးတဲ့ ( ႐ိုးသားႏွိမ့္ခ်မႈက သင္ယူစရာ ) ေလလံေအာင္သြားသူနဲ႔ စကားေတြ တနာရီေလာက္ေျပာျဖစ္ခဲ့တယ္….။

( တကယ္တမ္းေတာ့ သူ႔ရဲ႕ စီးပြါးေရးေအာင္ျမင္စြာျဖတ္သန္းခဲ့မႈေတြကို ရင္းရင္းႏွီးႏွီးနဲ႔စိတ္ရင္းအတိုင္း ေျပာျပေနတာကို အခြန္းတိုင္းမွာ ေလ့လာစရာေတြအျပည့္နဲ႔ မွတ္သားခြင့္ သင္ယူခြင့္ရခဲ့တာပါ )ေခတ္အဆက္ဆက္စီးပြါးဥစၥာကို အဖြားေခတ္ကတည္းက ဘယ္လိုေတြရွာ ေဖြခဲ့ရ ျဖတ္သန္းခဲ့ရတယ္ … ရွာထားသမွ် ျပည္သူပိုင္အသိမ္းခံလိုက္ရတာေတြက အစ… လက္ရွိေအာင္ျမင္ေနတဲ့ လုပ္ငန္းစုႀကီးမ်ားစြာကို တည္ေထာင္ႏိုင္ေနတာ အလယ္… မေန႔က ေလလံပြဲမွာ မိသားစုအားလုံးဘယ္လိုေပ်ာ္႐ႊင္ၾကည္ႏူးခဲ့ၾကရတယ္ဆိုတဲ့အထိ စိတ္ရင္းအတိုင္း ၿပဳံး႐ႊင္ၿပီးေတာ့ကို ေျပာျပေနခဲ့တာ…“ ကိုယ့္အဖိုးအဖြားေခတ္ကတည္းက ေမြးဖြားႀကီးျပင္းေနထိုင္ခဲ့တဲ့ ဒီတိုင္းျပည္မွာ လုပ္သင့္လုပ္ထိုက္ တာေတြကို လုပ္ခြင့္ရတဲ့အခ်ိန္မွာ မလုပ္လိုက္ရပါလားဆိုတဲ့ ေနာင္တ မရခ်င္ဘူး “ တဲ့ …. ။

“ ကြၽန္ေတာ္တို႔ျဖတ္သန္းခဲ့တဲ့ ေတြ႕ႀကဳံခဲ့ရတဲ့ေခတ္အဆက္ဆက္အစိုးရေတြမွာ ဘယ္အစိုးရက ျပည္သူေတြအတြက္ မရွိမျဖစ္လိုအပ္ေနလဲ ဆိုတာရယ္… အဲ့ဒီလိုမ်ိဳးအစိုးရကို ေနာက္ကြယ္ကေန တတ္ႏိုင္သေလာက္ပံ့ပိုးေပးရင္း ေနာက္မ်ိဳးဆက္ေတြအတြက္ အေျခခံေကာင္းေလး ေတြ ရသြားရင္ကို ကြၽန္ေတာ္ စိတ္ခ်မ္းသာပီတိျဖစ္ရမွာပါ “ တဲ့… အိမ္မွာ ပန္းခ်ီကားေတြေထာင္ခ်ီနဲ႔ စိတ္ဝင္စားစရာ ပစၥည္းေတြစုေဆာင္း ရတာကပဲ သူ႔ရဲ႕ဝါသနာ တဲ့…။ဒါေပတဲ့ ကေလးေတြက တေယာက္မွ အဲ့တာေတြ စိတ္မဝင္စားလို႔ သူတို႔အတြက္ ခ်န္ထားေပးဖို႔ေတာင္ အ ခက္ေတြ႕ေနလို႔ ပန္းခ်ီျပပြဲေတြဖိတ္လို႔ ေနာက္ထပ္ပန္းခ်ီကားေတြျမင္ရင္ ထပ္ဝယ္မိေနမွာစိုးလို႔ စိတ္ကို မနည္းဘရိတ္အုပ္ထားရတယ္… ။ ထူးထူးဆန္းဆန္း အဲ့ဒီကဗ်ာကိုက်ေတာ့မွ အမ်ိဳးသမီးေရာ ကေလးေတြကပါ ( ႏိုင္ငံျခားမွာဘြဲ႕အသီးသီးရၿပီးျပန္လာၾကသူေတြ )။

အရမ္းကိုျမတ္ျမတ္ႏိုးႏိုးတန္ဖိုးထား လိုခ်င္ေနခဲ့ၾကသလို ဒီေလလံအလႉကေန တိုင္းျပည္ေကာင္းဖို႔အတြက္ အေထာက္အပံ့ေကာင္းေတြ တေထာင့္တေနရာအျဖစ္ပံ့ပိုးေပးႏိုင္ၾကမယ္ဆိုတာ ေသေသခ်ာခ်ာကို နားလည္လက္ခံထားၾကတာဗ်… တဲ့ “ မေန႔ညက ဟိုဧည့္ခန္းထဲမွာ မိသားစုအားလုံးစုၿပီး ေလလံေၾကးေတြတိုးျမႇင့္ေပးခဲ့ၾကတာေလ “တဲ့…အားရေက်နပ္စြာ ၿပဳံးၿပဳံးႀကီးနဲ႔ကိုေျပာျပေနေတာ့တာ….” ကြၽန္ ေတာ္က အိမ္ေထာင္ဦးစီးဆိုေပမယ့္ အခုလို ေလလံဆြဲဖို႔ကိစၥ ကအစ ေဈးတိုးျမႇင့္တိုင္း အိမ္သားေတြရဲ႕သေဘာတူညီမႈပါရယူတယ္… ဘယ္ ေတာ့မွ ကိုယ့္သေဘာတခုတည္းနဲ႔ မဆုံးျဖတ္ခဲ့ဘူး… ေနာက္ဆုံးေလလံေအာင္သြားၿပီလို႔ ေၾကညာလိုက္ခ်ိန္မွာ သားသမီးေတြနဲ႔ ေဟးကနဲ ေအာ္ၿပီးလက္ဝါးေတြ႐ိုက္ျဖစ္ခဲ့ၾကေသးတာ… ၿပီးေတာ့မွ ေနာက္ထပ္ဖုန္းတေကာထပ္ဝင္လာေတာ့ ခင္ဗ်ား ။

ဘယ္လိုဆုံးျဖတ္မလဲဆိုတာ ေတာ္ေတာ္စိတ္ဝင္တစားေစာင့္ၾကည့္ေနျဖစ္တယ္…. အခုလို ကိုယ့္စကားကိုယ္တည္ၿပီး စည္းကမ္းအတိုင္း ေဆာင္႐ြက္ခဲ့တဲ့အေပၚ… ဒါ့ေၾကာင့္ ဒီေလလံပြဲမွာ ပါဝင္ခဲ့ရက်ိဳးနပ္ခဲ့တာေပါ့ ” ဆိုတဲ့အေၾကာင္းပါ ေျပာျပေတာ့ ကိုယ့္မွာ ထိုင္ေနတဲ့ခုံနဲ႔ တင္ပါးၾကားထဲ ေလေတြတဝွီးဝွီး တေျဖာင္းေျဖာင္း ျဖတ္ေျပးေနသလိုေတာင္ခံစားေနရေရာ…. သူေျပာျပတာေတြ နားေထာင္ေနရင္း နာ မည္ေက်ာ္ၾကားဖို႔ ဆိုတာ သူ႔အတြက္ အေရးမႀကီး.. သူ႔လက္ရွိအေနအထားနဲ႔ လိုလည္း လုံးဝမလိုအပ္ေနေတာ့တာကို မ်က္ဝါးထင္ထင္ အ ရွင္းသားႀကီးေတြ႕ေနရတာ…။” ခင္ဗ်ား စဥ္းစားၾကည့္ေပါ့… အခုလို တိုင္းျပည္အတြက္ တကယ္လိုအပ္မယ္ထင္လို႔ လႉတာမွာ တျခားအ ခြင့္အေရးေတြျပန္လိုခ်င္မွေတာ့ နာမည္ေဖာ္ၿပီးေတာင္ေနေတာ့မွာေပါ့… အခုက ဘယ္သူမွကို မသိေစခ်င္တာေလ ” တဲ့။

အမ်ိဳးသမီး နဲ႔ သား သမီးေတြကအစ ကိုယ္ေနတဲ့ႏိုင္ငံေကာင္းဖို႔အတြက္ တေထာင့္တေနရာ ပါဝင္ခြင့္ရေနတယ္လို႔သာ စိတ္ထဲခံစားရင္း ေလလံပြဲမွာ မိသားစုလိုက္ကို တေပ်ာ္တပါးႀကီး ပါဝင္ခဲ့ၾကတာ… တဲ့ ကြၽန္ေတာ့္ေလာက္ မနက္ႏိုးတိုင္း ညအိပ္ရာဝင္တိုင္း ဘုရားရွိခိုး ဘု ရားတရားေတြလုပ္ျဖစ္လို႔ တရားရွိတယ္ထင္ရေပတဲ့ ေလလံေအာင္သြားတဲ့ညကေတာ့ ဘယ္လိုမွကို အိပ္မေပ်ာ္တာဗ်ာ တဲ့… ဒီေလလံပြဲမွာ အႏိုင္ရလို႔ရယ္လည္းမဟုတ္ဘဲ ပြဲအၿပီး ပို႔စ္ေတြ မန႔္ေတြမွာ ျပည္သူေတြဘယ္ေလာက္ေတာင္ ေပ်ာ္ေနၾက စိတ္ခ်မ္းသာ ၾကည္ႏူးဝမ္းသာ ေနၾကတာေတြကို လိုက္ဖတ္ေနရင္းနဲ႔ကို ေပ်ာ္ေနတာ ေပ်ာ္ေနတာဆိုတာ..ေလလံအၿပိဳင္ေပးခဲ့တဲ့သူရဲ႕စိတ္ဓါတ္ကိုလည္း ေလးစားသလို သူႏိုင္ခဲ့ရင္လည္း ဘယ္တတ္ႏိုင္မလဲလို႔ စိတ္ဆုံးျဖတ္ခ်က္ခ်ခဲ့ဖူးေပမယ့္။

တဖက္ကလည္း အေမစု လက္ေရးကဗ်ာမူရင္းပါလား ဆိုတဲ့စိတ္နဲ႔ မရ ရေအာင္ကို သိမ္းထားခ်င္စိတ္က တားမရဘူး တဲ့… အေၾကာင္း ေၾကာင္းေၾကာင့္ ခင္ဗ်ား ေဘးၾကပ္ နံၾကပ္ျဖစ္ေနရလို႔ ကြၽန္ေတာ့္နာမည္ေဖာ္ရေတာ့မယ္ဆိုလည္း ဘာမွျပႆနာေတာ့ မရွိပါဘူး… ဟိုးအ ရင္ကတည္းက ေအးေအးေဆးေဆးေနခ်င္တဲ့သူမို႔လို႔ ဘယ္ကိစၥမဆို ဘယ္အလႉမဆို လူေရွ႕ထြက္မျပတာဆိုတာရယ္ ဒီအလႉေငြေတြ ဘယ္ကေနရတာလဲဆိုတဲ့ စိစစ္စရာေတြမ်ားေပၚလာခဲ့ရင္လည္း အခ်ိန္မေ႐ြးေငြျဖဴေတြ ျပေပးမယ္ေနာ္ တဲ့… ကြၽန္ေတာ့္ရင္ထဲမွာ ပူေလာက္မယ္ထင္တဲ့ သို႔ေလာ သို႔ေလာေတြကို ေက်ာက္စက္ေရေအးေလးေတြနဲ႔ တခြက္ခ်င္း တစက္ခ်င္း ေလာင္းခ်ေပးေနတယ္လို႔သာ ခံစားေနရေတာ့တယ္….။

ဒီေန႔မွာေတာ့ ကဗ်ာပိုင္ရွင္ ကဗ်ာဆရာ ဒါ႐ိုက္တာ ကိုမင္းထင္ကိုကိုႀကီး + ေလလံေအာင္တဲ့သူ + အလႉရန္ပုံေငြလက္ခံေပးသူ အဖြဲ႕ခ်ဳပ္ ဗဟိုေအာင္ႏိုင္ေရးေကာ္မတီ အဖြဲ႕ဝင္ ဦးဟံသာျမင့္ ၊ ဦးသိန္းဦးတို႔နဲ႔ အတူ မဂၤလာရွိလြန္းတဲ့ အလႉေတာ္မဂၤလာ ေအာင္ျမင္ အထေျမာက္ခဲ့ ေလၿပီ… ေလလံေအာင္ေသာပုဂၢိဳလ္ရဲ႕ ခြင့္ျပဳခ်က္နဲ႔ ပုံေတြတင္လိုက္ၿပီျဖစ္သလို သူ႔ရဲ႕ နာမည္ေက်ာ္ၾကားလိုမႈကင္းတဲ့စိတ္ဆႏၵေၾကာင့္ နာ မည္ေတာ့ မေဖာ္ျပေတာ့ပါ…အခုလိုဖက္ရႈအားေပးၾကတဲ့အတြက္အားလုံးကိုေက်းဇူးအထူးတင္ပါတယ္။သာယာေသာ ေန႔ေလးကို ပိုင္ဆိုင္ ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။

Source; Mg Mg Aye’Fb

UNICODE

ကျွန်တော့်အနေနဲ့ အခုလို သမိုင်းတွင်မယ့်ဂုဏ်ယူစရာဖြစ်ရပ်ကြီးတခုမှာ ပါဝင်ခွင့်ပေးခဲ့တဲ့ ကဗျာဆရာ ဒါရိုက်တာမင်းထင်ကိုကိုကြီး ရယ်..လေလံကြေးအများဆုံးရအောင် အဆင့်ဆင့် အပြိုင်လေလံပေးခဲ့ကြတဲ့ လေးစားကျေးဇူးတင်စရာ နေရာသီးသီးမှ လုပ်ငန်းရှင်ကြီး များရယ်.. လေလံအောင်သွားသောပုဂ္ဂိုလ်ကြီးနဲ့ မိသားစု ရယ်… ကိုယ်တိုင်လေလံဝင်ဆွဲခဲ့ကြသလို အားရပါးရအားပေးခဲ့ကြတဲ့ ပြည်သူ များတယောက်မကျန်ရယ်.. ဒီလေလံပွဲဖြစ်မြောက်အောင်မြင်အောင် အဖက်ဖက်က ဝိုင်းဝန်းကူညီပံ့ပိုးခဲ့ကြသူတယောက်မကျန်ကို ဒီပို့စ်နဲ့ တရိုတသေ ကျေးဇူးတင် ဦးညွတ်လိုက်ပါတယ်… နေရာအသီးသီးမှ စိတ်စေတနာမှန် သူများနှင့်သာ ဘဝတလျှောက်ကြုံခွင့်ရပါစေကြောင်း ဆုတောင်းလျက်🙏🏻🙏🏻🙏🏻”ဟု နိုင်ငံကျော် အစီအစဉ်တင်ဆက်သူ မောင်မောင်အေးက သူ၏လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ရေးသားဖော် ပြထားပါသည်။

မောင်မောင်အေးဟာ လူမှု အကျိုးပြု ပရဟိတလုပ်ငန်း တွေမှာလည်း စွမ်းစွမ်းတမံ ဆောင်ရွက်နေသူတစ်ယောက်ပါပဲ။ လူသိများ ထင်ရှား တဲ့ မောင် မောင်အေးကတော့ အနုပညာရှင်တစ်ယောက်မဟုတ်ပေမယ့် သူ့ရဲ့အများအကျိုး သယ်ပိုးပြီး ဆောင်ရွက်တတ်တာကြောင့် ပ ရိသတ်တွေကချစ်ခင် အားပေးကြတာပဲ ဖြစ်ပါတယ်။မောင်မောင်အေးက ဒေါ်အောင်ဆန်းစုကြည် ကဗျာလေလံအောင်သွားသူ၏ အ ကြောင်းကို လည်းသူ၏လူမှုကွန်ရက်စာမျက်နှာပေါ်တွင်ယခုလိုဖော်ပြထားပါတယ်။”လေလံပွဲအပြီး နောက်တနေ့မနက်မှာပဲ လေလံ အောင်သွားတဲ့ပုဂ္ဂိုလ်ကြီးက ဖုန်းဆက်လာတယ်….။ကိုဗစ်ကာလမို့လို့ရယ်… သူ့ပင်ကိုယ်စိတ်ကိုက ပွဲလမ်းသဘင်တွေ ကြိုက်နှစ်သက်သူ မဟုတ်လို့ အိမ်မှာပဲအေးအေးနေတတ်တာရယ်ကြောင့် အိမ်ထဲကနေ အိမ်ပြင်တောင်မထွက်ဖြစ်တာ လတော်တော်ကြာနေပေမယ့်။

ကိုမောင်မောင်အေးအနေနဲ့ အစ်ကိုကြီး နဲ့ပွဲတွေမှာဆုံဖူးလို့ သိကျွမ်းဖူးကြပေတဲ့ ယခင်သိထားတာတွေထက်ပိုအတွင်းကျကျ သိထားဖို့ လိုအပ်မယ်ထင်လို့…. အထူးသဖြင့် ကိုယ်တာဝန်ယူထားရတဲ့ လေလံပွဲမှာ လေလံအောင်သွားတဲ့သူဟာ သူ့လုပ်ငန်းတွေ ခိုင်မာမှုရှိရဲ့လား ဆိုတဲ့ သံသယနဲ့ စိုးရိမ်စိတ်တွေရှိနေမှာစိုးလို့ အိမ်ခေါ်ဖိတ်တာပါ တဲ့… ပျော်ရွှင် ဂုဏ်ယူလေးစားစွာနဲ့ ဝမ်းပန်းတသာ သွားတွေ့ဖြစ်ခဲ့ပါ တယ်….။ခြံထဲရောက်တော့ ချစ်စရာရေကူးကန်ဘေးနားက မြက်ခင်းပြင်ကြီးထဲမှာရော ကွန်ကရစ်အခင်းနေရာတွေမှာပါ ကားတွေအပြည့် နဲ့မို့ ကားတစီးစာနေရာထိုးဖို့ ကိုယ်တိုင် ပါကင်နေရာပြပေးတဲ့ ( ရိုးသားနှိမ့်ချမှုက သင်ယူစရာ ) လေလံအောင်သွားသူနဲ့ စကားတွေ တနာရီလောက်ပြောဖြစ်ခဲ့တယ်….။

( တကယ်တမ်းတော့ သူ့ရဲ့ စီးပွါးရေးအောင်မြင်စွာဖြတ်သန်းခဲ့မှုတွေကို ရင်းရင်းနှီးနှီးနဲ့စိတ်ရင်းအတိုင်း ပြောပြနေတာကို အခွန်းတိုင်းမှာ လေ့လာစရာတွေအပြည့်နဲ့ မှတ်သားခွင့် သင်ယူခွင့်ရခဲ့တာပါ )ခေတ်အဆက်ဆက်စီးပွါးဥစ္စာကို အဖွားခေတ်ကတည်းက ဘယ်လိုတွေရှာ ဖွေခဲ့ရ ဖြတ်သန်းခဲ့ရတယ် … ရှာထားသမျှ ပြည်သူပိုင်အသိမ်းခံလိုက်ရတာတွေက အစ… လက်ရှိအောင်မြင်နေတဲ့ လုပ်ငန်းစုကြီးများစွာကို တည်ထောင်နိုင်နေတာ အလယ်… မနေ့က လေလံပွဲမှာ မိသားစုအားလုံးဘယ်လိုပျော်ရွှင်ကြည်နူးခဲ့ကြရတယ်ဆိုတဲ့အထိ စိတ်ရင်းအတိုင်း ပြုံးရွှင်ပြီးတော့ကို ပြောပြနေခဲ့တာ…“ ကိုယ့်အဖိုးအဖွားခေတ်ကတည်းက မွေးဖွားကြီးပြင်းနေထိုင်ခဲ့တဲ့ ဒီတိုင်းပြည်မှာ လုပ်သင့်လုပ်ထိုက် တာတွေကို လုပ်ခွင့်ရတဲ့အချိန်မှာ မလုပ်လိုက်ရပါလားဆိုတဲ့ နောင်တ မရချင်ဘူး “ တဲ့ …. ။

“ ကျွန်တော်တို့ဖြတ်သန်းခဲ့တဲ့ တွေ့ကြုံခဲ့ရတဲ့ခေတ်အဆက်ဆက်အစိုးရတွေမှာ ဘယ်အစိုးရက ပြည်သူတွေအတွက် မရှိမဖြစ်လိုအပ်နေလဲ ဆိုတာရယ်… အဲ့ဒီလိုမျိုးအစိုးရကို နောက်ကွယ်ကနေ တတ်နိုင်သလောက်ပံ့ပိုးပေးရင်း နောက်မျိုးဆက်တွေအတွက် အခြေခံကောင်းလေး တွေ ရသွားရင်ကို ကျွန်တော် စိတ်ချမ်းသာပီတိဖြစ်ရမှာပါ “ တဲ့… အိမ်မှာ ပန်းချီကားတွေထောင်ချီနဲ့ စိတ်ဝင်စားစရာ ပစ္စည်းတွေစုဆောင်း ရတာကပဲ သူ့ရဲ့ဝါသနာ တဲ့…။ဒါပေတဲ့ ကလေးတွေက တယောက်မှ အဲ့တာတွေ စိတ်မဝင်စားလို့ သူတို့အတွက် ချန်ထားပေးဖို့တောင် အ ခက်တွေ့နေလို့ ပန်းချီပြပွဲတွေဖိတ်လို့ နောက်ထပ်ပန်းချီကားတွေမြင်ရင် ထပ်ဝယ်မိနေမှာစိုးလို့ စိတ်ကို မနည်းဘရိတ်အုပ်ထားရတယ်… ။ ထူးထူးဆန်းဆန်း အဲ့ဒီကဗျာကိုကျတော့မှ အမျိုးသမီးရော ကလေးတွေကပါ ( နိုင်ငံခြားမှာဘွဲ့အသီးသီးရပြီးပြန်လာကြသူတွေ )။

အရမ်းကိုမြတ်မြတ်နိုးနိုးတန်ဖိုးထား လိုချင်နေခဲ့ကြသလို ဒီလေလံအလှူကနေ တိုင်းပြည်ကောင်းဖို့အတွက် အထောက်အပံ့ကောင်းတွေ တထောင့်တနေရာအဖြစ်ပံ့ပိုးပေးနိုင်ကြမယ်ဆိုတာ သေသေချာချာကို နားလည်လက်ခံထားကြတာဗျ… တဲ့ “ မနေ့ညက ဟိုဧည့်ခန်းထဲမှာ မိသားစုအားလုံးစုပြီး လေလံကြေးတွေတိုးမြှင့်ပေးခဲ့ကြတာလေ “တဲ့…အားရကျေနပ်စွာ ပြုံးပြုံးကြီးနဲ့ကိုပြောပြနေတော့တာ….” ကျွန် တော်က အိမ်ထောင်ဦးစီးဆိုပေမယ့် အခုလို လေလံဆွဲဖို့ကိစ္စ ကအစ ဈေးတိုးမြှင့်တိုင်း အိမ်သားတွေရဲ့သဘောတူညီမှုပါရယူတယ်… ဘယ် တော့မှ ကိုယ့်သဘောတခုတည်းနဲ့ မဆုံးဖြတ်ခဲ့ဘူး… နောက်ဆုံးလေလံအောင်သွားပြီလို့ ကြေညာလိုက်ချိန်မှာ သားသမီးတွေနဲ့ ဟေးကနဲ အော်ပြီးလက်ဝါးတွေရိုက်ဖြစ်ခဲ့ကြသေးတာ… ပြီးတော့မှ နောက်ထပ်ဖုန်းတကောထပ်ဝင်လာတော့ ခင်ဗျား ။

ဘယ်လိုဆုံးဖြတ်မလဲဆိုတာ တော်တော်စိတ်ဝင်တစားစောင့်ကြည့်နေဖြစ်တယ်…. အခုလို ကိုယ့်စကားကိုယ်တည်ပြီး စည်းကမ်းအတိုင်း ဆောင်ရွက်ခဲ့တဲ့အပေါ်… ဒါ့ကြောင့် ဒီလေလံပွဲမှာ ပါဝင်ခဲ့ရကျိုးနပ်ခဲ့တာပေါ့ ” ဆိုတဲ့အကြောင်းပါ ပြောပြတော့ ကိုယ့်မှာ ထိုင်နေတဲ့ခုံနဲ့ တင်ပါးကြားထဲ လေတွေတဝှီးဝှီး တဖြောင်းဖြောင်း ဖြတ်ပြေးနေသလိုတောင်ခံစားနေရရော…. သူပြောပြတာတွေ နားထောင်နေရင်း နာ မည်ကျော်ကြားဖို့ ဆိုတာ သူ့အတွက် အရေးမကြီး.. သူ့လက်ရှိအနေအထားနဲ့ လိုလည်း လုံးဝမလိုအပ်နေတော့တာကို မျက်ဝါးထင်ထင် အ ရှင်းသားကြီးတွေ့နေရတာ…။” ခင်ဗျား စဉ်းစားကြည့်ပေါ့… အခုလို တိုင်းပြည်အတွက် တကယ်လိုအပ်မယ်ထင်လို့ လှူတာမှာ တခြားအ ခွင့်အရေးတွေပြန်လိုချင်မှတော့ နာမည်ဖော်ပြီးတောင်နေတော့မှာပေါ့… အခုက ဘယ်သူမှကို မသိစေချင်တာလေ ” တဲ့။

အမျိုးသမီး နဲ့ သား သမီးတွေကအစ ကိုယ်နေတဲ့နိုင်ငံကောင်းဖို့အတွက် တထောင့်တနေရာ ပါဝင်ခွင့်ရနေတယ်လို့သာ စိတ်ထဲခံစားရင်း လေလံပွဲမှာ မိသားစုလိုက်ကို တပျော်တပါးကြီး ပါဝင်ခဲ့ကြတာ… တဲ့ ကျွန်တော့်လောက် မနက်နိုးတိုင်း ညအိပ်ရာဝင်တိုင်း ဘုရားရှိခိုး ဘု ရားတရားတွေလုပ်ဖြစ်လို့ တရားရှိတယ်ထင်ရပေတဲ့ လေလံအောင်သွားတဲ့ညကတော့ ဘယ်လိုမှကို အိပ်မပျော်တာဗျာ တဲ့… ဒီလေလံပွဲမှာ အနိုင်ရလို့ရယ်လည်းမဟုတ်ဘဲ ပွဲအပြီး ပို့စ်တွေ မန့်တွေမှာ ပြည်သူတွေဘယ်လောက်တောင် ပျော်နေကြ စိတ်ချမ်းသာ ကြည်နူးဝမ်းသာ နေကြတာတွေကို လိုက်ဖတ်နေရင်းနဲ့ကို ပျော်နေတာ ပျော်နေတာဆိုတာ..လေလံအပြိုင်ပေးခဲ့တဲ့သူရဲ့စိတ်ဓါတ်ကိုလည်း လေးစားသလို သူနိုင်ခဲ့ရင်လည်း ဘယ်တတ်နိုင်မလဲလို့ စိတ်ဆုံးဖြတ်ချက်ချခဲ့ဖူးပေမယ့်။

တဖက်ကလည်း အမေစု လက်ရေးကဗျာမူရင်းပါလား ဆိုတဲ့စိတ်နဲ့ မရ ရအောင်ကို သိမ်းထားချင်စိတ်က တားမရဘူး တဲ့… အကြောင်း ကြောင်းကြောင့် ခင်ဗျား ဘေးကြပ် နံကြပ်ဖြစ်နေရလို့ ကျွန်တော့်နာမည်ဖော်ရတော့မယ်ဆိုလည်း ဘာမှပြဿနာတော့ မရှိပါဘူး… ဟိုးအ ရင်ကတည်းက အေးအေးဆေးဆေးနေချင်တဲ့သူမို့လို့ ဘယ်ကိစ္စမဆို ဘယ်အလှူမဆို လူရှေ့ထွက်မပြတာဆိုတာရယ် ဒီအလှူငွေတွေ ဘယ်ကနေရတာလဲဆိုတဲ့ စိစစ်စရာတွေများပေါ်လာခဲ့ရင်လည်း အချိန်မရွေးငွေဖြူတွေ ပြပေးမယ်နော် တဲ့… ကျွန်တော့်ရင်ထဲမှာ ပူလောက်မယ်ထင်တဲ့ သို့လော သို့လောတွေကို ကျောက်စက်ရေအေးလေးတွေနဲ့ တခွက်ချင်း တစက်ချင်း လောင်းချပေးနေတယ်လို့သာ ခံစားနေရတော့တယ်….။

ဒီနေ့မှာတော့ ကဗျာပိုင်ရှင် ကဗျာဆရာ ဒါရိုက်တာ ကိုမင်းထင်ကိုကိုကြီး + လေလံအောင်တဲ့သူ + အလှူရန်ပုံငွေလက်ခံပေးသူ အဖွဲ့ချုပ် ဗဟိုအောင်နိုင်ရေးကော်မတီ အဖွဲ့ဝင် ဦးဟံသာမြင့် ၊ ဦးသိန်းဦးတို့နဲ့ အတူ မင်္ဂလာရှိလွန်းတဲ့ အလှူတော်မင်္ဂလာ အောင်မြင် အထမြောက်ခဲ့ လေပြီ… လေလံအောင်သောပုဂ္ဂိုလ်ရဲ့ ခွင့်ပြုချက်နဲ့ ပုံတွေတင်လိုက်ပြီဖြစ်သလို သူ့ရဲ့ နာမည်ကျော်ကြားလိုမှုကင်းတဲ့စိတ်ဆန္ဒကြောင့် နာ မည်တော့ မဖော်ပြတော့ပါ…အခုလိုဖက်ရှုအားပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးအထူးတင်ပါတယ်။သာယာသော နေ့လေးကို ပိုင်ဆိုင် နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source;  Mg Mg Aye’Fb

Add a Comment

Your email address will not be published.