(၁၀-၉-၂၀၂၀)ည (၈:၀၀) နာရီCOVID-19 အတည်ပြုလူနာသစ်(၁၄၂)ဦး ထပ်တွေ့ပြီး အသေးစိတ်ထပ်မံထုတ်ပြန်မည်




REF: MINISTRY OF HEALTH

UNICODE

ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များအနက် ဆေးရုံးဆင်းလူနာ (၇၂) ဦးရှိသဖြင့် စုစုပေါင်း (၆၂၅) ဦးအား ဆေးရုံ မှဆင်းခွင့်ပြုခဲ့ပြီးဖြစ်ပါသည်။ယနေ့အထိ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူပေါင်း (၁၄)ဦး ရှိပါသည်။ (၉-၉-၂၀၂၀) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီမှ (၁၀-၉-၂၀၂၀)ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအတွင်း စောင့်ကြည့်လူနာအသစ် (၂၂၉) ဦးရှိပါသည်။

ဓာတ်ခွဲအတည်ပြုလူနာသစ်များ၏ သတင်းအချက်အလက်များကို ထပ်မံထုတ်ပြန်မည်ဖြစ်ပါသည်။ (၁၀-၉ -၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲ န မူနာ (၁,၀၂၆)ခု၊ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ (၃၇၄) ခု ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) မှ။

ဓာတ်ခွဲနမူနာ (၃၉၂) ခုနှင့် ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) မှ ဓာတ်ခွဲနမူနာ (၂၅၅) ခု၊ စုစုပေါင်း (၂,၀၄၇)ခု အား ယနေ့၊ ညနေတွင် စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာ သစ် (၁၄၂) ဦး တွေ့ရှိရပါသည်။(၁၀-၉-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၂,၁၅၀) ဦးရှိပြီ ဖြစ်ပါသည်။

REF:   MINISTRY  OF  HEALTH

Add a Comment

Your email address will not be published.