ကို႐ိုနာဗိုင္းရပ္စ္ ကိုဗစ္-19 ကူးစက္ခံေနရၿပီ ဆို တာ သတိထား မိလိုက္တဲ့ ကိုယ္ေတြ႕ျဖစ္ရပ္

ယခုကာလမွာ မိတ္ေဆြတို႔လည္း အဆင္ေျပရင္ အတတ္ႏိုင္ဆုံး အိမ္မွာေနပါ mask တပ္ပါ လက္ေဆးပါ။တာဝန္ရွိသူမ်ားနဲ႔ ဆရာ ဆရာမ မ်ားအားလုံးကို အထူးေက်းဇူးတင္ပါတယ္စိုးရိမ္စိတ္နဲ႔ သတင္းေမးၾကသူေရာ စိတ္ထဲရင္းၿပီး ဆုေတာင္းေပးၾကသူမ်ားကိုလည္း ေက်းဇူး တင္ပါတယ္။ကြၽန္ေတာ္ ပထမဆုံးစ သတိထားမိတာ က ၃၀ ရက္ေန႔ ခံတြင္းနာတာ ၃၁ ရက္ေန႔ညက ကိုယ္နည္းနည္းေႏြးေန တယ္။

ညေနက ခ်စ္တီးဆိုင္သြားစားခဲ့ၿပီး ေလတိုက္ထဲ လမ္းေလွ်ာက္ျပန္လို႔ မ်ားလားေပါ့။အိမ္ျပန္ေရာက္ေတာ့ ေဆးေသာက္ၿပီးအိပ္လိုက္တာ ျပန္သက္သာသြားတယ္ ဒါေပမယ့္ ၁ ရက္ေန႔ကစၿပီး ေနမေကာင္းျပန္ျဖစ္လာလို႔ ဆိုင္ ပိတ္ လိုက္တယ္ ၂ ရက္ေန႔ နဲ႔ ၃ ရက္ေန႔က ပုံမွန္ပဲ။ ဒါေပမယ့္ ကြၽန္ေတာ္ဆိုင္မဖြင့္ေတာ့ဘူး ဆက္ပိတ္ထားတယ္ ဘာျဖစ္မယ္မွန္းမသိေတာ့ ထိေတြ႕မႈေတြထပ္ျဖစ္မွာစိုးရိမ္တယ္။

၄ ရက္ေန႔ ညေရာက္ေတာ့ ကြၽန္ေတာ္အနံ႔မရေတာ့ဘူး အဲ့ေတာ့မွ ေဒသႏၲရကိုဆက္တယ္ အခ်ိန္ လြန္ေနလို႔ ဖုန္းမကိုင္ဘူးဒါနဲ႔ တစ္ညအိပ္ ၿပီး ၅ ရက္ေန႔မွာ ၾကယ္စင္လင္းလက္ ပရဟိတအသင္းကို အကူအညီေတာင္းၿပီး ကိုယ့္သေဘာနဲ႔ကိုယ္ ရန္ကုန္ေဆး႐ုံကို လာခဲ့တယ္ ။ ေဆး႐ုံမွာ လူေတြျပည့္ၾကပ္ေနတယ္ ကြၽန္ေတာ္ အပါအဝင္ ကုတင္မရၾကဘူး၊ ခုံတန္းမွာ လွဲေနရတယ္။

သူတို႔ေရးေပးတဲ့ေဆး ဝယ္ေပးရတယ္။ေန႔ခင္း Swab ယူတယ္ ထမင္းေႂကြးတယ္ ည ၁၂ နာရီေက်ာ္ေတာ့ ကုတင္ရတယ္။ တေနကုန္ ပင္ပန္းထားလို႔ တစ္ညလုံး အိပ္ေပ်ာ္ ပါတယ္ ။ေနာက္တစ္ရက္မွာ သိသိသာသာ ေခ်ာင္းဆိုးပါတယ္။ လုံးဝၾကပ္ၿပီးဆိုးလို႔ ေဆးရႉခိုင္း ပါတယ္ ၊ ေအာက္ဆီဂ်င္ေပးထားပါတယ္။ အဲ့ေန႔ညပဲ ေတာင္ဥကၠလာေဆး႐ုံ အထူးၾကပ္မက္ကုသေဆာင္ကို ပို႔ေဆာင္ကုသေပးေန ပါတယ္။ေဆး႐ုံမွာလည္း မထင္ထားရေလာက္ေအာင္အဆင္ေျပပါတယ္။

REF: LET PAN

UNICODE

ယခုကာလမှာ မိတ်ဆွေတို့လည်း အဆင်ပြေရင် အတတ်နိုင်ဆုံး အိမ်မှာနေပါ mask တပ်ပါ လက်ဆေးပါ။တာဝန်ရှိသူများနဲ့ ဆရာ ဆရာမ များအားလုံးကို အထူးကျေးဇူးတင်ပါတယ်စိုးရိမ်စိတ်နဲ့ သတင်းမေးကြသူရော စိတ်ထဲရင်းပြီး ဆုတောင်းပေးကြသူများကိုလည်း ကျေးဇူး တင်ပါတယ်။ကျွန်တော် ပထမဆုံးစ သတိထားမိတာ က ၃၀ ရက်နေ့ ခံတွင်းနာတာ ၃၁ ရက်နေ့ညက ကိုယ်နည်းနည်းနွေးနေ တယ်။

ညနေက ချစ်တီးဆိုင်သွားစားခဲ့ပြီး လေတိုက်ထဲ လမ်းလျှောက်ပြန်လို့ များလားပေါ့။အိမ်ပြန်ရောက်တော့ ဆေးသောက်ပြီးအိပ်လိုက်တာ ပြန်သက်သာသွားတယ် ဒါပေမယ့် ၁ ရက်နေ့ကစပြီး နေမကောင်းပြန်ဖြစ်လာလို့ ဆိုင် ပိတ် လိုက်တယ် ၂ ရက်နေ့ နဲ့ ၃ ရက်နေ့က ပုံမှန်ပဲ။ ဒါပေမယ့် ကျွန်တော်ဆိုင်မဖွင့်တော့ဘူး ဆက်ပိတ်ထားတယ် ဘာဖြစ်မယ်မှန်းမသိတော့ ထိတွေ့မှုတွေထပ်ဖြစ်မှာစိုးရိမ်တယ်။

၄ ရက်နေ့ ညရောက်တော့ ကျွန်တော်အနံ့မရတော့ဘူး အဲ့တော့မှ ဒေသန္တရကိုဆက်တယ် အချိန် လွန်နေလို့ ဖုန်းမကိုင်ဘူးဒါနဲ့ တစ်ညအိပ် ပြီး ၅ ရက်နေ့မှာ ကြယ်စင်လင်းလက် ပရဟိတအသင်းကို အကူအညီတောင်းပြီး ကိုယ့်သဘောနဲ့ကိုယ် ရန်ကုန်ဆေးရုံကို လာခဲ့တယ် ။ ဆေးရုံမှာ လူတွေပြည့်ကြပ်နေတယ် ကျွန်တော် အပါအဝင် ကုတင်မရကြဘူး၊ ခုံတန်းမှာ လှဲနေရတယ်။

သူတို့ရေးပေးတဲ့ဆေး ဝယ်ပေးရတယ်။နေ့ခင်း Swab ယူတယ် ထမင်းကြွေးတယ် ည ၁၂ နာရီကျော်တော့ ကုတင်ရတယ်။ တနေကုန် ပင်ပန်းထားလို့ တစ်ညလုံး အိပ်ပျော် ပါတယ် ။နောက်တစ်ရက်မှာ သိသိသာသာ ချောင်းဆိုးပါတယ်။ လုံးဝကြပ်ပြီးဆိုးလို့ ဆေးရှူခိုင်း ပါတယ် ၊ အောက်ဆီဂျင်ပေးထားပါတယ်။ အဲ့နေ့ညပဲ တောင်ဥက္ကလာဆေးရုံ အထူးကြပ်မက်ကုသဆောင်ကို ပို့ဆောင်ကုသပေးနေ ပါတယ်။ဆေးရုံမှာလည်း မထင်ထားရလောက်အောင်အဆင်ပြေပါတယ်။

REF:  LET  PAN

Add a Comment

Your email address will not be published.