(၁၃-၉-၂၀၂၀)ည (၈:၀၀)နာရီCOVID-19 အတည်ပြု(၁၃၆)ဦး ထပ်တွေ့ကြောင်း သတင်းထုတ်ပြန်






REF: MINISTRY OF HEALTH

UNICODE

ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များအနက် စုစုပေါင်း (၆၉၉) ဦးအား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးဖြစ်ပါသည်။ သ င်္ဃန်းကျွန်းပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသမှုခံယူလျက်ရှိ‌သော အသက် (၇၄) နှစ်အရွယ် ဆီးချိုရောဂါအခံရှိသူ အမျိုးသမီး (Case-2429) သည် ပြင်းထန်အဆုတ်ရောင်ရောဂါ ကြောင့် ရုတ်တရက်အသက်ရှူလမ်းကြောင်းပျက်စီးခြင်း၊ သွေးဆိပ်သင့်ခြင်းရောဂါဖြင့် (၁၃-၉-၂၀၂၀) ရက်နေ့၊ မွန်းလွဲ (၃:၁၅) နာရီအချိန်တွင် သေဆုံးသွားခဲ့ပါသည်။

ဝေဘာဂီအထူးကုဆေးရုံကြီးတွင် တက်ရောက်ကုသမှုခံယူလျက်ရှိ‌သော အသက် (၉၀) နှစ်အရွယ် နှလုံးရောဂါအခံရှိသူ အမျိုးသမီး (Case -2064) သည် ပြင်းထန်အဆုတ်ရောင်ရောဂါ ကြောင့် နှလုံးစည်းချက်မမှန်ဖြစ်ကာ ရုတ်တရက်နှလုံးရပ်၍ (၁၃-၉-၂၀၂၀) ရက်နေ့၊ မွန်းလွဲ (၂:၂၅) နာရီအချိန်တွင် သေဆုံးသွားခဲ့ပါသည်။ ယနေ့အထိ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူပေါင်း (၂၀)ဦး ရှိပြီဖြစ်ပါသည်။
(၁၂-၉-၂၀၂၀) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီမှ (၁၃-၉-၂၀၂၀)ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအတွင်း တွေ့ရှိရသော စောင့်ကြည့်လူ နာအသစ် (၂၇၀) ဦးရှိပါသည်။

(၁၃-၉ -၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NH) မှ (ပထမအသုတ်) ဓာတ်ခွဲ နမူနာ (၅၅၆)ခု၊ဆေးသုတေသနဦးစီးဌာန (DMR) ဓာတ်ခွဲနမူနာ (၃၀၉) ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှု ဆိုင် ရာဌာန (မန္တလေး) မှ (ပထမအသုတ်) ဓာတ်ခွဲနမူနာ (၃၇၂) ခု၊ပြည်သူ့ဆေးရုံကြီး၊ စစ်တွေမြို့မှ ဓာတ်ခွဲနမူနာ (၄၇) ခု၊ ပြည်သူ့ဆေးရုံကြီး၊ ကျောက်ဖြူမြို့မှ ဓာတ်ခွဲနမူနာ (၂၁) ခု၊ပြည်သူ့ဆေးရုံကြီး၊ မူဆယ်မြို့မှ ဓာတ်ခွဲနမူနာ (၂၂) ခု၊

ပြည်သူ့ဆေးရုံကြီး၊ တောင်ငူမြို့မှ ဓာတ်ခွဲနမူနာ (၅) ခု ပြည်သူ့ဆေးရုံကြီး၊ ပြင်ဦးလွင်မြို့မှ ဓာတ်ခွဲနမူနာ (၁) ခု၊ ပြည်သူ့ဆေးရုံကြီး၊ ဗန်း မော်မြို့မှ ဓာတ်ခွဲနမူနာ (၁) ခု၊ပြည်သူ့ဆေးရုံကြီး၊ မြိတ်မြို့မှ ဓာတ်ခွဲနမူနာ (၄) ခု၊ပြည်သူ့ဆေးရုံကြီး၊ မြစ်ကြီးနားမြို့မှ ဓာတ်ခွဲနမူနာ (၃) ခု၊နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင် ၁၀၀၀)မှ ဓာတ်ခွဲနမူနာ (၁၁) ခုနှင့် အမှတ်(၂) တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀) မှ ဓာတ် ခွဲနမူနာ (၃၉) ခု၊ စုစုပေါင်း (၁,၃၉၁)ခု အား ယနေ့ညနေတွင် စစ်ဆေးပြီးစီးခဲ့ရာ –

COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၃၆) ဦး တွေ့ရှိရပါသည်။(၁၃-၉-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၂,၉၃၂) ဦး ရှိပြီ ဖြစ်ပါသည်။

REF:  MINISTRY  OF  HEALTH

Add a Comment

Your email address will not be published.