ချဲလ်ဆီးအသင်းရဲ့ အသင်းခေါင်းဆောင်ဟောင်း ဂျွန်တယ်ရီက တနင်္ဂနွေနေ့က ရှက်ဖီးလ်ယူနိုက်တက်ကို ၂-၁ နဲ့ အနိုင် ရရှိခဲ့တဲ့ ပွဲစဉ်မှာခြေစွမ်းပြနိုင်ခဲ့တဲ့ ကွင်းလယ်ကစားသမား မေဆင်မောင့်ကို ချီးကျူးခဲ့ပါတယ်။ ပထမပိုင်းမှာ ရရှိခဲ့တဲ့ ချဲလ်ဆီးအသင်းရဲ့ အဖွင့်ဂိုးကိုတော့ မောင့်က သွင်းယူပေးခဲ့တာ ဖြစ်ပေမယ့် အန်တိုနီယိုရူဒီဂါရဲ့ ကိုယ့်ဂိုးကိုယ်သွင်းယူမှုကြောင့် ရှက်ဖီးလ်ယူနိုက်တက်က ချေပရဂိုး ပြန်လည်ရရှိသွားခဲ့ပါတယ်။ နည်းပြသောမတ်စ်တူချယ်ရဲ့အသင်းဟာ တီမိုဝါနာကို ဂိုးသမားအာရွန်ရမ်စ်ဒယ်