ေကာ္႐ိုနာဗိုင္း ရပ္စ္ေၾကာင့္ ယခုေနာက္ဆုံးအခ်ိန္ထိ တ႐ုတ္ႏိုင္ငံတြင္ လူ (၁၁၁၂) ဦးေ သဆုံး၊ ကမာၻ႔ လူဦးေရ (၆၀) ရာခိုင္ႏႈ န္း ကူးစက္ခံႏို င္ရဟု သတိေပး

ေဟာင္ေကာင္တကၠသိုလ္ ၏ ျပည္သူ႔က်န္းမာေရးဆိုင္ရာ ေဆးဝါး ဌာန ပါေမာကၡ Gabriel Leung က ကမာၻ႔က်န္းမာေရးအဖြဲ႕၏တနလၤာ ေန႔တြင္တ႐ုတ္ႏိုင္ငံျပင္ပရွိ Coronavirus ျပန႔္ႏွံ႔မႈသတိေပးခ်က္၏အက်ိဳးသက္ေရာက္မႈမ်ားကို ေလ့လာလ်က္ရွိၿပီး တ႐ုတ္ႏိုင္ငံျပင္ပ ကူးစက္မႈသည္ ေရခဲေတာင္အစြန္အဖ်ား ဟု သုံးႏႈန္း ေျပာဆိုသည္။

ပညာရွင္မ်ားက တ႐ုတ္ႏိုင္ငံျပင္ပ ကူးစက္မႈသည္ တျဖည္းျဖည္းႀကီးမားက်ယ္ျပန႔္လာႏိုင္သည္ဟု သတိေပးလ်က္ရွိသည္။ ကမာၻ႔လူ ဦး ေရရဲ႕ ၆၀ မွ ၈၀ ရာခိုင္ႏႈန္းဟာေရာဂါပိုးကူးစက္ခံရမွာလား။ ျဖစ္ခ်င္လည္းျဖစ္မယ္။ မျဖစ္ခ်င္လည္း မျဖစ္ဘူး။ ျဖစ္လာရင္ေတာ့ လႈိင္းေတြလို ဆက္တိုက္ျဖစ္လာမယ္” ဟု ၎က ေျပာဆိုသည္။

တ ႐ုတ္ႏိုင္ငံတြင္ ဝူဟန္ေကာ္႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးသူ လူေပါင္း ၁၁၁၂ အထိရွိလာၿပီး ကူးစက္ခံရသူ ၄၄၇၉၄ ဦးရွိကာ ၄၆၅၇ ဦးမွာ ကုသ၍ ေပ်ာက္ကင္းသြားၿပီျဖစ္ေၾကာင္း သိရွိရသည္။ တ႐ုတ္ႏိုင္ငံတြင္ ဝူဟန္ဗိုင္းရပ္စ္ေၾကာင့္ ယမန္ေန႔က တစ္ရက္တည္း တြင္ပင္ ၁၀၈ ဦး ေသဆုံးခဲ့သည္။

New York Post ၏ သတင္းေဖာ္ျပခ်က္အရ ကမာၻ႔လူဦးေရ၏ ၆၀ ရာခိုင္ႏႈန္းသည္ ေကာ္႐ိုင္နာဗိုင္းရပ္စ္ကူးစက္မႈ ခံရႏိုင္ေၾကာင္း ပညာရွင္မ်ား၏ ေျပာဆိုခ်က္ကို ကိုးကား၍ သတင္းေဖာ္ျပသည္။

တ႐ုတ္ႏိုင္ငံမွလာေသာ သတင္းတစ္ပုဒ္တြင္ ဝူဟန္ေကာ္႐ိုနာဗိုင္းရပ္စ္သည္ မူလ ၁၄ ရက္အတြင္း ေရာဂါအစပ်ိဳး၍ လကၡဏာျပသည္ဟု မွတ္ယူခဲ့ၾကေသာ္လည္း ေလ့လာခ်က္မ်ားအရ ဗိုင္းရပ္စ္သည္ လူကို ကူးစက္ၿပီးေနာက္ ၂၄ ရက္တိုင္တိုင္ လကၡာမျပဘဲ ေနကာ လူေကာင္းပကတိျဖင့္ အျခားသူမ်ားကို ေရာဂါပိုးကူးစက္ ျဖန႔္ေဝႏိုင္ေၾကာင္း ေဖာ္ျပထားသည္။

ေခတ္သစ္

UNICODE

ကော်ရိုနာဗိုင်း ရပ်စ်ကြောင့် ယခုနောက်ဆုံးအချိန်ထိ တရုတ်နိုင်ငံတွင် လူ (၁၁၁၂) ဦးေ သဆုံး၊ ကမ္ဘာ့ လူဦးရေ (၆၀) ရာခိုင်နှု န်း ကူးစက်ခံနို င်ရဟု သတိပေး

ဟောင်ကောင်တက္ကသိုလ် ၏ ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဆေးဝါး ဌာန ပါမောက္ခ Gabriel Leung က ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏တနင်္လာ နေ့တွင်တရုတ်နိုင်ငံပြင်ပရှိ Coronavirus ပြန့်နှံ့မှုသတိပေးချက်၏အကျိုးသက်ရောက်မှုများကို လေ့လာလျက်ရှိပြီး တရုတ်နိုင်ငံပြင်ပ ကူးစက်မှုသည် ရေခဲတောင်အစွန်အဖျား ဟု သုံးနှုန်း ပြောဆိုသည်။

ပညာရှင်များက တရုတ်နိုင်ငံပြင်ပ ကူးစက်မှုသည် တဖြည်းဖြည်းကြီးမားကျယ်ပြန့်လာနိုင်သည်ဟု သတိပေးလျက်ရှိသည်။ ကမ္ဘာ့လူ ဦး ရေရဲ့ ၆၀ မှ ၈၀ ရာခိုင်နှုန်းဟာရောဂါပိုးကူးစက်ခံရမှာလား။ ဖြစ်ချင်လည်းဖြစ်မယ်။ မဖြစ်ချင်လည်း မဖြစ်ဘူး။ ဖြစ်လာရင်တော့ လှိုင်းတွေလို ဆက်တိုက်ဖြစ်လာမယ်” ဟု ၎င်းက ပြောဆိုသည်။

တ ရုတ်နိုင်ငံတွင် ဝူဟန်ကော်ရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ လူပေါင်း ၁၁၁၂ အထိရှိလာပြီး ကူးစက်ခံရသူ ၄၄၇၉၄ ဦးရှိကာ ၄၆၅၇ ဦးမှာ ကုသ၍ ပျောက်ကင်းသွားပြီဖြစ်ကြောင်း သိရှိရသည်။ တရုတ်နိုင်ငံတွင် ဝူဟန်ဗိုင်းရပ်စ်ကြောင့် ယမန်နေ့က တစ်ရက်တည်း တွင်ပင် ၁၀၈ ဦး သေဆုံးခဲ့သည်။

New York Post ၏ သတင်းဖော်ပြချက်အရ ကမ္ဘာ့လူဦးရေ၏ ၆၀ ရာခိုင်နှုန်းသည် ကော်ရိုင်နာဗိုင်းရပ်စ်ကူးစက်မှု ခံရနိုင်ကြောင်း ပညာရှင်များ၏ ပြောဆိုချက်ကို ကိုးကား၍ သတင်းဖော်ပြသည်။

တရုတ်နိုင်ငံမှလာသော သတင်းတစ်ပုဒ်တွင် ဝူဟန်ကော်ရိုနာဗိုင်းရပ်စ်သည် မူလ ၁၄ ရက်အတွင်း ရောဂါအစပျိုး၍ လက္ခဏာပြသည်ဟု မှတ်ယူခဲ့ကြသော်လည်း လေ့လာချက်များအရ ဗိုင်းရပ်စ်သည် လူကို ကူးစက်ပြီးနောက် ၂၄ ရက်တိုင်တိုင် လက္ခာမပြဘဲ နေကာ လူကောင်းပကတိဖြင့် အခြားသူများကို ရောဂါပိုးကူးစက် ဖြန့်ဝေနိုင်ကြောင်း ဖော်ပြထားသည်။

ခေတ်သစ်

Add a Comment

Your email address will not be published. Required fields are marked *