ကဗျာဆရာလေးက ဖွဲ့ဆိုရာမှာ ပြည်သူ့မင်းသမီး၊မင်းသမီးတဲ့အပေါ်ယံရွှေ မှုန်မကြဲ ၊နှလုံးသားကသွေးရဲလို့၊ အမှန်တရားဘက်မှာနေ ဆင်ခြေဆင်လက်ဆင်နားရွက်တွေ၊ အဝေးကိုသူစေ၊မင်းသမီးတဲ့၊ဘယ်တော့မှသာရာမနား ၊အမှန်တရားအတွက်ဆို စွန့်လွှတ်ကာသူစွန့်စားသံတိုင်နောက်မှာ ကန့်လန်ကာချထားလဲ။
တောက်ပတဲ့သူ့အလင်းကကမ္ဘာမြေအနှံ့ကိုလွှမ်းခြုံကာနေ။ မင်းသမီးတဲ့၊ငိုစားရီစားဟန်ဆောင်ကာမူပိုသူတွေကြား၊သဏ္ဌာန်လုပ် အဟုတ်တူအောင်သူ သရုပ်မဆောင်ရင်ထဲက စစ်မှန်ခြင်းကိုသာပီပြင်စွာသူသရုပ်ဆောင်၊ပြည်သူ့အတွက် ဆိုဆေးစက်ကျရာအရုပ်ထင်စေလို့။
ပြည်သူတင်တဲ့ ပြည်သူ့မင်းသမီးဆိုတာသူမှသူအစစ်ပါဘဲလေဆိုပြီးရေး သားဖော်ပြထားပါတယ်။ပရိတ်သတ်ကြီရေ၊အခု တစ်ခါမှာဆိုရင်တော့က ဗျာဆရာ တစ်ဦးကပြည်သူချစ်မင်းသမီးကြီးဖြစ်တဲ့ သရုပ်ဆောင်အိန္ဒြာကျော်ဇင်ကို အခုလို ကဗျာဖွဲ့ပြီး ချီးကျူးလိုက်ပါတယ်နော်။