သဉ္ဇာနွယ်ဝင်းကတော့ သူမရဲ့ လှုပ်ရှားမှုပုံရိပ်လေးတွေကို ဖေ့ဘွတ်စာမျက် နှာပေါ်တွင် မကြာခဏဖော်ပြလေ့ရှိတာလည်းတွေ့ရပါတယ်။အခုလည်း ရွှေမန်းသူလေးသီချင်းနဲ့ လိုက်ဖက်စွာ သရုပ်ဆောင်ပြထားတဲ့ ဗီဒီယိုလေးနဲ့အတူ ” ရွှေမန်းသူလေး အဆိုတော် ဦးခင်မောင်ထူးရဲ့ သီချင်းလေးကို ငယ်ကထဲကအရမ်းကြိုက်လို့ အမှတ် တရ ရိုက်ထားတာလေးပါ။ ” ဆိုတဲ့ စာလေးကို ဝေမျှလာပါတယ်။
သဉ္ဇာနွယ်ဝင်းကတော့ ယနေ့ထိတိုင် ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုတွေကိုတော့ ဆက်လက်ရရှိနေဆဲဖြစ်ပါတယ်။ သားတစ်ယောက်၊သမီးတစ်ယောက်ကိုမွေးဖွားထားပြီး ခင်ပွန်းကောင်းကိုလည်း ပိုင်ဆိုင်ထားတာကြောင့် ပျော်ရွှင်စရာမိသားစုဘဝလေးမှာ အေးချမ်းစွာနေထိုင်နေတာပဲဖြစ်ပါတယ်နော်။
ချစ်ရတဲ့ မိသားစုနဲ့အတူ ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့ အချိန်လေးတွေကို ဖန်တီးတည်ဆောက် ထားနေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ သဉ္ဇာက သားနဲ့ သမီးလေးကို အရိပ်တကြည့်ကြည့်နဲ့ ပြုစုစောင့်ရှောက်နေတဲ့ မိခင်ကောင်းတစ်ယောက်ဆိုလည်း မမှားပါဘူး ။