ဆွိဝတ်ရည်သောင်းက သူမကို နောက်ဆုံးပေါ် Samsung Z FLIP 4 လက်ဆောင်ဝယ်ပေးခဲ့တဲ့ ကျားပေါက်ကို “Thank U 👻❤️ 😘😘😘” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောထားတာပဲဖြစ်ပါတယ်။ ကျားပေါက်ဝယ်ပေးခဲ့တဲ့ Samsung Z FLIP 4 ဖုန်းဟာ ကာလပေါက်ဈေး (၃၃) သိန်းတန်ဖိုးရှိပြီး လူကြိုက်များတဲ့ဖုန်းတစ်လုံးပဲဖြစ်ပါတယ်။
ပရိတ်သတ်ကြီးရေ….. ခန္ဓာကိုယ်ကောက်ကြောင်းအလှတွေကြောင့် အနုပညာလောကမှာ နာမည်ကြီးတဲ့နှင်းဝတ်ရည်သောင်း၊ အေးဝတ်ရည်သောင်းနဲ့ ဆွိဝတ်ရည်သောင်းဟာဆိုရင် ညီအစ်မအရင်းတွေပဲဖြစ်ကြပါတယ်။ ဆွိဝတ်ရည်သောင်းကတော့ အငယ်ဆုံးအထွေးဆုံးလေးဖြစ်ပြီး တစ်အိမ်လုံးရဲ့အချစ်ခံလေးတစ်ယောက်ဆိုလည်း မမှားပါဘူး။ မိသားစုမှာသာ အချစ်ခံရတာတင်မကပဲ ချစ်သူဆီကနေပဲ လိုလေသေးမရှိ။
အရိပ်တကြည့်ကြည့်အချစ်ခံရတဲ့ ဆွိဝတ်ရည်သောင်းက ဒီကနေ့မှာလည်း သူမရဲ့ပီတိလေးတစ်ခုကို မျှဝေလာပါတယ်။ကျားပေါက်ကတော့ ဆွိဝတ် ရည်သောင်းကို သိန်း (၃၀) ကျော်တန်ဖုန်းကို ချစ်သက်လက်ဆောင်အနေနဲ့ဝယ်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ ကျားပေါက်နဲ့ ဆွိဝတ်ရည်သောင်းတို့ရဲ့အချစ်ရေးကတော့ တကယ့်ကိုအားကျဖွယ်ရာပါပဲနော်။