
နိုက်ဂျီးရီးယားမှ အခုပြင်းထန်အဖျားရောဂါဟာအော့အန်ခြင်းအဆစ်အမြစ်များ ရောင်ရမ်းခြင်းနဲ့ အပြင်းအထန်ဝမ်းလျှောခြင်း တွေပါဝင် တယ်လို့ သိရပါတယ်Osagieရဲ့ထုတ်ပြန်မှုမှာအခုအခြေအနေကို Nigerian Centre for Disease Control (NCDC) ကအမြန်ဆုံးတုန့် ပြန်ဖြေရှင်းနေတယ်လို့ဆိုထားပါတယ်။



လင်းဇော်ကို (D Nae Khit)

UNICODE

ကိုရိုနာ ဗိုင်းရပ်စ် အ တွက် တိကျသည့် အဖြေမပေါ်ေ သးခင် နိုက်ဂျီးရီးယား မှာ(၄၈)နာရီအတွင်းသေနိုင်သော ရောဂါတစ်မျိုးထပ်ပေါ်

ဟန်ဗိုင်းရပ်စ်အတွက်တစ်ကမ္ဘာလုံးအာရုံနောက်နေချိန်မှာနိုက်ဂျီးရီးယားမှရောဂါတစ်မျိုးထပ်ပေါ်လာခဲ့ပြီလို့သိရပါတယ်။ အဆိုပါနိုင်ငံမှာ ထူးဆန်းတဲ့အဖျားရောဂါကြောင့်အခုဆိုရင်သေဆုံးသူ(၁၅)ဦးအထိရှိသွားခဲ့ပြီလို့သိရပါတယ်လူ(၁၀၀)ကျော်ကူးစက်ခံထားရပြီးဘာရောဂါလည်းအတည်မပြုနိုင်သေးပါဘူး ။

ဒီအကြောင်းကို The Independent The Sun News Online နဲ့ The Guardian Nigeria သတင်းစာ တွေမှာအကျယ်တဝင့် ဖော်ပြထား ပြီး Benue ပြည်နယ်ကနေစတင်ပျံ့နှံ့ခဲ့တာလို့သိရပါတယ်။လက်ရှိအချိန်ထိ ဒီရောဂါဘာဆိုတာမသိရသေးပါဘူး။ သံသယလူနာ(၁၁၅) ယောက်မှာ(၁၅)ယောက်အထိသေဆုံးထားပြီဖြစ်လို့ပျမ်းမျှအားဖြင့်ဝူဟန်ဗိုင်းရပ်စ်ထက်တောကြောက်ဖို့ကောင်းနေတယ်လို့ယူဆရမှာပါ။

ပြင်းထန်အဖျားရောဂါဟာဘယ်လောက်အထိ ကြောက်စရာကောင်းသလဲဆိုကူးစက်ခံရသူကို (၄၈)နာရီ အတွင်းပင်သေစေနိုင်ပါတယ် တဲ့။နိုက်ဂျီးရီးယားကျန်းမာရေးဝန်ကြီး Osagie Ehanire ကတော့အခုပြင်းထန် အဖျားရောဂါဟာအီဘိုလာ လက်ဆာအဖျားရောဂါတွေနဲ့ တူညီမှုမရှိကြောင်းအတည်ပြုခဲ့ပြီရောဂါလက္ခဏာတွေကလည်း ဝူဟန်ဗိုင်းရပ်စ်နဲ့ကွာခြားမှုတွေရှိနေတယ်လို့ဆိုပါတယ်။

လင်းဇော်ကို (D Nae Khit)

Add a Comment

Your email address will not be published. Required fields are marked *