ပုပ္ပါးကိုရောက်ရှိနေတဲ့ ပရိသတ်အချစ်တော် ပိုးကြာဖြူခင် ကလေးချစ်တတ်ပုံက ကြည်နူးစရာ

Posted on

မနေ့ကတော့ မင်းသမီးချောလေးပိုးကြာဖြူခင်က ပုပ္ပားကိုရောက်ရှိနေခဲ့ပြီး သူ့ရဲ့ပရိသတ်တွေနဲ့ တွေ့ဆုံချိန်မှာ ရင်းရင်းနှီးနှီးနဲ့ အမှတ်တရပုံလေးတွေရိုက်ကူးခဲ့ပါသေးတယ်။ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေလည်း “မိုးမိုးတစ်ယောက် ပုပ္ပါးရောက်” ဆိုပြီး ပုံလေးတွေကို ဖော်ပြထားခဲ့ပါတယ်။

ပရိသတ်ကြီးရေ ပိုးကြာဖြူခင်ကတော့ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို အ ပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော်တစ်ယောက်ပဲဖြစ်ပါတယ်။ ပိုးကြာဖြူခင်ကတော့ MRTV – 4 ရုပ်သံဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ကျရာဇာတ်ရုပ်တိုင်းကို ပီပြင်အောင်သရုပ်ဆောင်နိုင်တာကြောင့် ပရိသတ်ချစ်ခင်မှုကို ရရှိထားတာပဲဖြစ်ပါတယ်။

ရိုက်ကူးခဲ့တဲ့ဇာတ်လမ်းတွဲတိုင်းမှာ သရုပ်ဆောင် ပီပြင်လွန်းလှတာကြောင့် ကာရိုက်တာရဲ့ နာမည်ကိုပါ ရရှိတဲ့အထိကို ပရိသတ်တွေရဲ့ ရင်ထဲစွဲကျန်ရစ်မှုတွေကို ရရှိခဲ့သူပါ။ မကြာခင်က ထုတ်လွှင့်ပြသခဲ့တဲ့ “ကွက်လပ်မရှိ” ဇာတ်လမ်းတွဲမှာလည်း မိုးမိုးအေးဇာတ်ရုပ်ကို ပီပြင်လွန်းလှတာကြောင့် ပရိသတ်တွေက မိုးမိုးလို့ ခေါ်ဆိုနေခဲ့ကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *