ေအ မစုနဲ႔ ေတြ႕ဆုံခဲ့ရ လို႔ ေပ်ာ္႐ႊင္ၿပီး အသံေတြတုန္ မ်က္ရည္ပါဝဲ ရတယ္ ဆိုတဲ့ G-Fatt ( ဗီဒီ ယိုပါ)

ပရိသတ္ႀကီးေရ G-Fatt ကေတာ့ “ ကြၽန္ေတာ္ ဆယ္ေက်ာ္သက္အ႐ြယ္ ကစလို႔ ဒီေန႔ထိ ေလးစားခ်စ္ခင္ရတဲ့ အေမ့ကို အနီးကပ္ေတြ ခြင့္ရမႈဆိုတာ အိမ္မက္ေတာင္ မမက္ရဲခဲ့ပါဘူးဗ်ာ ေပ်ာ္လြန္းလို႔ေျပာစရာ စကားရွာမရေတာ့ဘူး သူကြၽန္ေတာ္တို႔ ဆိုတာ ကို အစအဆုံး ထိုင္နားေထာင္သြားတယ္ စစ္ပြဲမ်ားမရွိေစခ်င္ဆိုတဲ့ သီခ်င္းကို သူ႔ေရွ႕မွာ ပရိတ္သတ္ေတြနဲ႔အတူ ဆိုျပခြင့္ရခဲ့တယ္။

သူ႔ လက္ေလး ကိုင္ၿပီး စကားေျပာခြင့္ရခဲ့တယ္ ။သူ႔ မ်က္ႏွာကိုအနီးကပ္ ေငးခြင့္ရခဲ့တယ္ က်န္းမာေရး ဂ႐ုစိုက္ပါအေမလို႔ ေျပာခြင့္ရခဲ့ တယ္။ စင္ေပၚမွာ အသံေတြ တုန္ .. မ်က္ရည္ပါဝဲရတယ္ ..။ အဆိုေတာ္ ျဖစ္ခဲ့ ရတာ ဒီညနဲ႔တင္ အတန္ဆုံးပါဗ်ာ အေမ အသက္ရွည္ က်န္းမာ စိတ္ခ်မ္းသာပါေစ။ ကြၽန္ေတာ္တို႔လက္ခေလးကို ကိုင္ၿပီး လူငယ္ေတြကိုေပ်ာ္ေအာင္လုပ္ေပးလို႔ ေက်းဇူးတင္ပါတယ္ တဲ့။

ကြၽန္ေတာ့္ မွာ ဒီည အေပ်ာ္ေတြကို ဘယ္လိုေျပာရမွန္းကို မသိေတာ့ပါဘူးဗ် ” ဆိုတဲ့ စာေလးနဲ႔အတူ ဗီဒီယိုဖိုင္ေလးကိုတင္လာခဲ့တာပဲ ျဖစ္ပါတယ္။G-Fatt ကေတာ့ လက္ရွိဂီတခရီးလွမ္းေပၚမွာေလွ်ာက္လွမ္းေနတဲ့ ေအာင္ျမင္တဲ့ေယာက်္ားေလး အဆိုေတာ္တစ္ေယာက္ပါ။ သူမ်ားနဲ႔မတူတဲ့ အမိုက္စားသံစဥ္နဲ႔စာသားေတြကို ေရးစပ္ဖန္တီးကာသီဆိုခဲ့တာေၾကာင့္လည္း ထူးျခားတာပါ။

အဲဒါေၾကာင့္လည္း ပရိသတ္အသိမွတ္ျပဳအားေပးျခင္းကို အခ်ိန္တိုအတြင္းရရွိခဲ့တာျဖစ္ပါတယ္။ သူကေတာ့ (2019)ႏွစ္ကုန္မွာလည္း One man Show လုပ္ခဲ့ၿပီးေအာင္ျမင္မႈအႀကီးအက်ယ္ရရွိခဲ့ပါေသးတယ္။ဒါ့အျပင္ ေဖ်ာ္ေျဖပြဲေတြဆက္တိုက္ဆိုသလို သြားေရာက္သီ ဆိုေနရၿပီး မၾကာေသးခင္ကမွ ပညာေရးတကၠသိုလ္ေမာင္မယ္သစ္လြင္ႀကိဳဆိုပြဲမွာလည္း သြားေရာက္ေဖ်ာ္ေျဖေပးခဲ့ပါတယ္။

လက္ရွိမွာလည္း ပြဲတစ္ပြဲကိုတက္ေရာက္ခဲ့ၿပီး ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ပြဲအတူတူတက္ေရာက္ခဲ့ရတဲ့ အတြက္ ေပ်ာ္႐ႊင္ဝမ္းသာေနတာပဲ ျဖစ္ပါတယ္။ G-Fatt ရဲ႕အေပ်ာ္ေတြကေတာ့ၾကားရသူတိုင္း ေပ်ာ္႐ႊင္ေစတာအမွန္ပါပဲေနာ္။

REF: SHWE WIKI

UNICODE

အေ မစုနဲ့ တွေ့ဆုံခဲ့ရ လို့ ပျော်ရွှင်ပြီး အသံတွေတုန် မျက်ရည်ပါဝဲ ရတယ် ဆိုတဲ့ G-Fatt ( ဗီဒီ ယိုပါ)

ပရိသတ်ကြီးရေ G-Fatt ကတော့ “ ကျွန်တော် ဆယ်ကျော်သက်အရွယ် ကစလို့ ဒီနေ့ထိ လေးစားချစ်ခင်ရတဲ့ အမေ့ကို အနီးကပ်တွေ ခွင့်ရမှုဆိုတာ အိမ်မက်တောင် မမက်ရဲခဲ့ပါဘူးဗျာ ပျော်လွန်းလို့ပြောစရာ စကားရှာမရတော့ဘူး သူကျွန်တော်တို့ ဆိုတာ ကို အစအဆုံး ထိုင်နားထောင်သွားတယ် စစ်ပွဲများမရှိစေချင်ဆိုတဲ့ သီချင်းကို သူ့ရှေ့မှာ ပရိတ်သတ်တွေနဲ့အတူ ဆိုပြခွင့်ရခဲ့တယ်။

သူ့ လက်လေး ကိုင်ပြီး စကားပြောခွင့်ရခဲ့တယ် ။သူ့ မျက်နှာကိုအနီးကပ် ငေးခွင့်ရခဲ့တယ် ကျန်းမာရေး ဂရုစိုက်ပါအမေလို့ ပြောခွင့်ရခဲ့ တယ်။ စင်ပေါ်မှာ အသံတွေ တုန် .. မျက်ရည်ပါဝဲရတယ် ..။ အဆိုတော် ဖြစ်ခဲ့ ရတာ ဒီညနဲ့တင် အတန်ဆုံးပါဗျာ အမေ အသက်ရှည် ကျန်းမာ စိတ်ချမ်းသာပါစေ။ ကျွန်တော်တို့လက်ခလေးကို ကိုင်ပြီး လူငယ်တွေကိုပျော်အောင်လုပ်ပေးလို့ ကျေးဇူးတင်ပါတယ် တဲ့။

ကျွန်တော့် မှာ ဒီည အပျော်တွေကို ဘယ်လိုပြောရမှန်းကို မသိတော့ပါဘူးဗျ ” ဆိုတဲ့ စာလေးနဲ့အတူ ဗီဒီယိုဖိုင်လေးကိုတင်လာခဲ့တာပဲ ဖြစ်ပါတယ်။G-Fatt ကတော့ လက်ရှိဂီတခရီးလှမ်းပေါ်မှာလျှောက်လှမ်းနေတဲ့ အောင်မြင်တဲ့ယောကျ်ားလေး အဆိုတော်တစ်ယောက်ပါ။ သူများနဲ့မတူတဲ့ အမိုက်စားသံစဉ်နဲ့စာသားတွေကို ရေးစပ်ဖန်တီးကာသီဆိုခဲ့တာကြောင့်လည်း ထူးခြားတာပါ။

အဲဒါကြောင့်လည်း ပရိသတ်အသိမှတ်ပြုအားပေးခြင်းကို အချိန်တိုအတွင်းရရှိခဲ့တာဖြစ်ပါတယ်။ သူကတော့ (2019)နှစ်ကုန်မှာလည်း One man Show လုပ်ခဲ့ပြီးအောင်မြင်မှုအကြီးအကျယ်ရရှိခဲ့ပါသေးတယ်။ဒါ့အပြင် ဖျော်ဖြေပွဲတွေဆက်တိုက်ဆိုသလို သွားရောက်သီ ဆိုနေရပြီး မကြာသေးခင်ကမှ ပညာရေးတက္ကသိုလ်မောင်မယ်သစ်လွင်ကြိုဆိုပွဲမှာလည်း သွားရောက်ဖျော်ဖြေပေးခဲ့ပါတယ်။

လက်ရှိမှာလည်း ပွဲတစ်ပွဲကိုတက်ရောက်ခဲ့ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပွဲအတူတူတက်ရောက်ခဲ့ရတဲ့ အတွက် ပျော်ရွှင်ဝမ်းသာနေတာပဲ ဖြစ်ပါတယ်။ G-Fatt ရဲ့အပျော်တွေကတော့ကြားရသူတိုင်း ပျော်ရွှင်စေတာအမှန်ပါပဲနော်။

REF:     SHWE  WIKI

Add a Comment

Your email address will not be published. Required fields are marked *