မင်းသားချောလေးထက်အောင်ရိူင်းကတော့ အနုပညာလှုပ်ရှားမှုပုံရိပ်များကို သူရဲ့ဖေ့ဘွတ်စာမျက်နှာပေါ်တွင် ဖော်ပြလေ့ရှိတာလည်းတွေ့ရပါတယ်။ ဒါ့အပြင် အလှူအတန်းတွေဆိုရင်လည်း မကြာခဏဆိုသလို ပြုလုပ်လေ့ရှိသူလည်း ဖြစ်ပါတယ် ။ အခုလည်း မိသားစုနဲ့အတူ ပြု လုပ်ဖြစ်ခဲ့တဲ့ အလွန်မွန်မြတ်သော အလှူလေးတစ်ခုကို ဝေမျှလာပါတယ် ။” မြင့်မြတ်တဲ့သူတွေက နိမ့်ကျတဲ့အလုပ်ကိုလုပ်တယ်” ဆိုတဲ့အမေကြီးကို ဒီနေ့ကျတော်တို့မိသားစု သွားလှူဖြစ်ပါတယ်..
ကျတော်ရခဲ့တဲ့ အနုပညာကြေးတစ်ခုရဲ့ ဆယ်ဖို့တစ်ဖို့ပါ.. နောက်လည်းဒီလိုအလှူမျိုးတွေ အများကြီးလုပ်သွားချင်ပါတယ်.. မြင့်မြတ်တဲ့အမေကြီးလည်းကျန်းကျန်းမာမာနဲ့ဒီထက်မြင့်မြတ်တဲ့အလုပ်တွေအများကြီးလုပ်နိုင်ပါစေ..ဒီထက်မြင့်မြတ်တဲ့ဘဝကိုပိုင်ဆိုင်နိုင်ပါစေ အမေကြီးရေ 🙏”။
ထက်အောင်ရိူင်းကတော့ အနုပညာလောကမှာ အောင်မြင်တဲ့ မော်ဒယ်တစ်ယောက်အဖြစ် ပရိသတ်တွေရဲ့ အချစ်ကို ပိုင်ဆိုင်ထားတဲ့ မော်ဒယ်မင်းသားချောလေးဖြစ်ပါတယ်။ လက်ရှိမှာတော့ အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်ရင်း ပရိသတ်တွေမျှော်လင့်ထားတဲ့ အတိုင်းသရုပ် ဆောင်ကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားနေသူတစ်ဦးပါ။