ကန္ထဲကေရ နဲ႔ထိမိတာနဲ႔ တိရိစာၦန္ေတြ ကို အရွင္လတ္လတ္ ေက်ာက္႐ုပ္ျဖစ္ေစ တဲ့ ေၾကာက္မက္ဖြယ္ရာ အဆိပ္ေရအိုင္ႀကီး

ကန္ေရနဲ႔ထိမိတဲ့ တိရိစာၦန္ေတြ ကို အရွင္လတ္လတ္ ေက်ာက္႐ုပ္ျဖစ္ေစ တဲ့ အဆိပ္ေရအိုင္ႀကီးအေၾကာင္း အံ့ဩထိတ္လန႔္ဖြယ္ရာ ေဖာ္ျပလိုက္ပါတယ္။ထူးျခားတာက ဒီလို ေရမ်ိဳးကိုမွ ေပ်ာ္ဝင္က်င္လည္ၾကတဲ့ ငါးမ်ိဳးစိတ္ေတြလည္း ရွိေနပါတယ္။ နတ္႐ြန္ေရကန္ႀကီးထဲမွာ Alcolapia alcalica, Alcolapia latilabris, Oreochromis ndalalani, Alcolapia grahami လို႔ေခၚတဲ့ ငါးေတြ ေနထိုင္ႏိုင္ပါတယ္။

အခု ဒီဓာတ္ပုံေတြကေတာ့ ဓာတ္ပုံဆရာ Nick Brandt က မွတ္တမ္းတင္ခဲ့တာပါ။ ေက်ာက္ျဖစ္႐ုပ္ႂကြင္းပုံစံျဖစ္ေနတဲ့ ငွက္မ်ိဳးစုံ၊ လင္းႏို႔၊ တစ္ျခားသတၱဝါေတြ ပါဝင္ပါတယ္။ သူတို႔ဟာ ေရကန္အတြင္းကို မေတာ္တဆ ျပဳတ္က်၊ ေၾကာက္လန႔္တၾကား ျပန္တက္ရင္း ထုံးေက်ာက္႐ုပ္ႂကြင္းေတြ ျဖစ္ကုန္ၾကတာပါ။

တခ်ိဳ႕ေသာ ေရကန္ေတြ၊ ေရအိုင္ေတြဟာ ထိမိသူေတြ ကို ေဘးဒုကၡေပးႏိုင္တဲ့ ဓာတုအဆိပ္ေတြ ေပ်ာ္ဝင္ေန ပါတယ္ ။ အခု ဆားငန္ေရအိုင္ႀကီးကေတာ့ တန္ဇန္းနီးယားႏိုင္ငံမွာ တည္ရွိၿပီး၊ နတ္႐ြန္ေရကန္လို႔ ေခၚၾကပါတယ္ ။ ေရထဲမွာ သဘာဝဓာတုဓာတ္ေတြ ေပ်ာ္ဝင္ေနတာပါ။ ပင္လယ္ေသဆိုတာကလည္း ဆားငန္ေရအိုင္ႀကီးျဖစ္ၿပီး၊ ဒီနတ္႐ြန္ေရကန္ႀကီးနဲ႔ သဘာဝခ်င္း မတူညီၾကပါဘူး။

ဒီေရကန္ႀကီးမွာေတာ့ အယ္လ္ကာလီဓာတ္ေတြ ျမင့္မားစြာ ပါဝင္ေနပါတယ္။ pH ပမာဏမွာ (၁၀.၅)အဆင့္ထိ ရွိတာေၾကာင့္ ကမာၻေပၚ မွာေတာ့ pH အျမင့္ဆုံးေရကန္ႀကီး ျဖစ္ပါတယ္။ဒါေၾကာင့္ ဒီေရကန္ႀကီးဟာ ငွက္ေတြ၊ တစ္ျခားတိရစာၦန္ေတြကို ကယ္လ္ဆီယမ္ကာဘြ န္နိတ္ေတြ ဓာတ္ျပဳျခင္းေၾကာင့္ ထုံးေက်ာက္႐ုပ္ႂကြင္းေတြအျဖစ္ အသြင္ေျပာင္းေစႏိုင္သည္အထိ ေၾကာက္စရာ ေကာင္းပါတယ္။

ေရရဲ႕အေရာင္မွာ ေသြးေရာင္၊ အနီေရာင္ကဲကဲ၊ ပန္းေရာင္စသျဖင့္ ပုံစံအမ်ိဳးမ်ိဳးရွိပါတယ္။Nick ရဲ႕ Across the Ravaged Land စာအုပ္ ထဲမွာေတာ့ ဒီအေၾကာင္းကို ေဖာ္ျပထားၿပီး၊ ဘာေၾကာင့္ ငွက္ေတြ ေသကုန္ၾကတယ္ဆိုတာကိုေတာ့ ဘယ္သူမွ မသိႏိုင္ၾကေသးဘူးလို႔ ေျပာပါတယ္။ ေရကန္ရဲ႕ေရာင္ျပန္ဟပ္မႈက ငွက္ေတြကို စြဲေဆာင္ေစၿပီး တစ္ခ်ိဳ႕ကို ရည္႐ြယ္ခ်က္ရွိရွိနဲ႔ ခုန္ဆင္းေစတာလို႔ ဆိုပါတယ္။

ေျခာက္ေသြ႕တဲ့ရာသီမ်ိဳးဆိုရင္ အခုလို ငွက္ေသေတြ ေရကန္အစပ္မွာ လာေရာက္ေသာင္တင္ေနေလ့ရွိပါတယ္။ ဒီပုံေတြကိုေတာ့ သူ ေကာက္ယူရရွိတဲ့ သတၱဝါေတြကို အေနအထားအမ်ိဳးမ်ိဳးျဖစ္ေအာင္ ဖန္တီးၿပီး ဓာတ္ပုံပညာနဲ႔ လက္စြမ္းျပထားတာေတြ ျဖစ္ပါတယ္။

ေလးစားစြာျဖင့္ ခရစ္ဒက္ ……(D Nae Khit)

UNICODE

ကန်ထဲကရေ နဲ့ထိမိတာနဲ့ တိရိစ္ဆာန်တွေ ကို အရှင်လတ်လတ် ကျောက်ရုပ်ဖြစ်စေ တဲ့ ကြောက်မက်ဖွယ်ရာ အဆိပ်ရေအိုင်ကြီး

ကန်ရေနဲ့ထိမိတဲ့ တိရိစ္ဆာန်တွေ ကို အရှင်လတ်လတ် ကျောက်ရုပ်ဖြစ်စေ တဲ့ အဆိပ်ရေအိုင်ကြီးအကြောင်း အံ့ဩထိတ်လန့်ဖွယ်ရာ ဖော်ပြလိုက်ပါတယ်။ထူးခြားတာက ဒီလို ရေမျိုးကိုမှ ပျော်ဝင်ကျင်လည်ကြတဲ့ ငါးမျိုးစိတ်တွေလည်း ရှိနေပါတယ်။ နတ်ရွန်ရေကန်ကြီးထဲမှာ Alcolapia alcalica, Alcolapia latilabris, Oreochromis ndalalani, Alcolapia grahami လို့ခေါ်တဲ့ ငါးတွေ နေထိုင်နိုင်ပါတယ်။

အခု ဒီဓာတ်ပုံတွေကတော့ ဓာတ်ပုံဆရာ Nick Brandt က မှတ်တမ်းတင်ခဲ့တာပါ။ ကျောက်ဖြစ်ရုပ်ကြွင်းပုံစံဖြစ်နေတဲ့ ငှက်မျိုးစုံ၊ လင်းနို့၊ တစ်ခြားသတ္တဝါတွေ ပါဝင်ပါတယ်။ သူတို့ဟာ ရေကန်အတွင်းကို မတော်တဆ ပြုတ်ကျ၊ ကြောက်လန့်တကြား ပြန်တက်ရင်း ထုံးကျောက်ရုပ်ကြွင်းတွေ ဖြစ်ကုန်ကြတာပါ။

တချို့သော ရေကန်တွေ၊ ရေအိုင်တွေဟာ ထိမိသူတွေ ကို ဘေးဒုက္ခပေးနိုင်တဲ့ ဓာတုအဆိပ်တွေ ပျော်ဝင်နေ ပါတယ် ။ အခု ဆားငန်ရေအိုင်ကြီးကတော့ တန်ဇန်းနီးယားနိုင်ငံမှာ တည်ရှိပြီး၊ နတ်ရွန်ရေကန်လို့ ခေါ်ကြပါတယ် ။ ရေထဲမှာ သဘာဝဓာတုဓာတ်တွေ ပျော်ဝင်နေတာပါ။ ပင်လယ်သေဆိုတာကလည်း ဆားငန်ရေအိုင်ကြီးဖြစ်ပြီး၊ ဒီနတ်ရွန်ရေကန်ကြီးနဲ့ သဘာဝချင်း မတူညီကြပါဘူး။

ဒီရေကန်ကြီးမှာတော့ အယ်လ်ကာလီဓာတ်တွေ မြင့်မားစွာ ပါဝင်နေပါတယ်။ pH ပမာဏမှာ (၁၀.၅)အဆင့်ထိ ရှိတာကြောင့် ကမ္ဘာပေါ် မှာတော့ pH အမြင့်ဆုံးရေကန်ကြီး ဖြစ်ပါတယ်။ဒါကြောင့် ဒီရေကန်ကြီးဟာ ငှက်တွေ၊ တစ်ခြားတိရစ္ဆာန်တွေကို ကယ်လ်ဆီယမ်ကာဘွ န်နိတ်တွေ ဓာတ်ပြုခြင်းကြောင့် ထုံးကျောက်ရုပ်ကြွင်းတွေအဖြစ် အသွင်ပြောင်းစေနိုင်သည်အထိ ကြောက်စရာ ကောင်းပါတယ်။

ရေရဲ့အရောင်မှာ သွေးရောင်၊ အနီရောင်ကဲကဲ၊ ပန်းရောင်စသဖြင့် ပုံစံအမျိုးမျိုးရှိပါတယ်။Nick ရဲ့ Across the Ravaged Land စာအုပ် ထဲမှာတော့ ဒီအကြောင်းကို ဖော်ပြထားပြီး၊ ဘာကြောင့် ငှက်တွေ သေကုန်ကြတယ်ဆိုတာကိုတော့ ဘယ်သူမှ မသိနိုင်ကြသေးဘူးလို့ ပြောပါတယ်။ ရေကန်ရဲ့ရောင်ပြန်ဟပ်မှုက ငှက်တွေကို စွဲဆောင်စေပြီး တစ်ချို့ကို ရည်ရွယ်ချက်ရှိရှိနဲ့ ခုန်ဆင်းစေတာလို့ ဆိုပါတယ်။

ခြောက်သွေ့တဲ့ရာသီမျိုးဆိုရင် အခုလို ငှက်သေတွေ ရေကန်အစပ်မှာ လာရောက်သောင်တင်နေလေ့ရှိပါတယ်။ ဒီပုံတွေကိုတော့ သူ ကောက်ယူရရှိတဲ့ သတ္တဝါတွေကို အနေအထားအမျိုးမျိုးဖြစ်အောင် ဖန်တီးပြီး ဓာတ်ပုံပညာနဲ့ လက်စွမ်းပြထားတာတွေ ဖြစ်ပါတယ်။

လေးစားစွာဖြင့် ခရစ်ဒက် ……(D Nae Khit)

Add a Comment

Your email address will not be published. Required fields are marked *