(၅၈)နှစ်ပြည့်သွားတဲ့ ချစ်မေမေရဲ့မွေးနေ့လေးမှာ အံ့ဩသွားအောင် စပရိုက်တိုက်လိုက်တဲ့ မင်းသားချော“ပိုင်တံခွန်”

Posted on

ဒီကနေ့ မတ်လ (၅) ရက်နေ့ကတော့ ပိုင်တံခွန်ရဲ့ မေမေ အန်တီကြူ ရဲ့ မွေးနေ့လေးပဲ ဖြစ်ပါတယ်။ ပိုင်တံခွန်က သူ့ရဲ့မေမေအတွက် ပိုက်ဆံပန်းစည်းကြီးနဲ့အတူ မွေးနေ့ကိတ်လေးပေးပြီး မိသားစုလိုက် ပျော်ရွှင်စရာ မွေးနေ့ပွဲလေးကျင်းပခဲ့ကြောင်းကို ပိုင်တံခွန်ရဲ့အစ်မ မေချစ်သွေးက သူမရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောလာခဲ့ပါတယ်။

ပိုင်တံခွန်ကတော့ မိန်းကလေးတိုင်း အားကိုးချင်စရာ ကောင်းလောက်တဲ့ ဗလတောင့်တောင့် နဲ့ Body အချိုးအစားကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ တောင့်တင်းကျစ်လျစ်တဲ့ ကြွက်သားတွေကတော့ ပိုင်တံခွန်ရဲ့ဆွဲဆောင်မှုအရှိဆုံးအချက်တွေပဲ ဖြစ်ပါတယ်။ ပိုင်တံခွန်ဟာအောင် မြင်လာချိန်မှာ မိဘတွေအပေါ် ပြန်လည် သိတတ်လိမ္မာခဲ့ပါတယ်။

မိဘတွေအတွက် တိုက်၊ ကား စသည်ဖြင့် လိုလေသေးမရှိ ဖြည့်ဆည်းပေးခဲ့တာပဲ ဖြစ်ပါတယ်။ပိုင်တံခွန်တို့ မောင်နှမတွေကတော့ ချစ်ရတဲ့မေမေရဲ့ (၅၈) နှစ်ပြည့်မွေးနေ့အတွက် အကောင်းဆုံးနဲ့ အပျော်ရွှင်ရဆုံးဖြစ်အောင် မွေးနေ့ဆုတောင်းပေးခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ပိုင်တံခွန်တို့ သားအမိတွေရဲ့ ပုံရိပ်လေးတွေကိုကြည့်ပြီး အပျော်တွေ ကူးစက်သွားမယ်လို့ ထင်ပါတယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *