လွန်ခဲ့တဲ့ရက်ပိုင်းလောက်က လူမှု့ကွန်ယက်ပေါ်မှာ ပျံ့နှံ့ခဲ့တဲ့ မင်းသမီးသက်မွန်မြင့်ရဲ့အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး ခင်မင်ရင်းနှီးရတဲ့ မိတ် ဆွေတစ်ယောက်က အခုလိုပဲ ဖြေရှင်းလာခဲ့ပါတယ်။“သူများ မိသားစုအေးအေးချမ်းချမ်းနေတာမဟုတ်တဲ့သတင်းအဟုတ်လုပ်ယုံနေကြတာ ကိုယ်ချင်းစာတက်ကြပါစေနော်” လို့ ဖြေရှင်းထားတာကို တွေ့ရပါတယ်။
ချင်းလူမျိုး အနုပညာရှင်တစ်ဦးဖြစ်တဲ့ သက်မွန်မြင့် ဟာ ကျရာဇာတ်ရုပ်ကို သရုပ်ဆောင် နိုင်ပြီးတော့ အခုထိတိုင်အောင် နုပျိုနေဆဲဖြစ်တဲ့ အကယ်ဒမီများစွာကို ဆွတ်ခူးထားတဲ့ မင်းသမီးလေး တစ်လက်ဖြစ်ပါတယ်။သူမ ကတော့ အကယ်ဒမီဆုများစွာကို ရရှိပိုင်ဆိုင်ထားပြီး အားချစ် နဲ့ လဝန်းမေဆိုတဲ့ သားသမီးနှစ်ယောက်ကို မွေးဖွားထားတာ ဖြစ်ပါတယ်။
အသက် (၃၉)နှစ်အရွယ်ရှိပြီ ဖြစ်ပေမယ့်လဲ သက်မွန်မြင့် ဟာ တစ်သားမွေးတစ်သားလှဆိုတဲ့စကားအတိုင်း အိမ်ထောင်ကျ ကလေးမွေးပြီးမှ အရင်ကထက် ပိုလှနေဆဲပါပဲ။သရုပ်ဆောင် မင်းသမီးချောလေး သက်မွန်မြင့် ဟာ အနုပညာလှုပ်ရှားမှု့တွေ မရှိတော့ပေမယ့် ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ် ရှိနေဆဲပါပဲ။