သူမသမီးလေးရဲ့ ဖခင်အကြောင်းကို ဝမ်းနည်းစွာ ရင်ဖွင့်လာတဲ့ အေသင်ချိုဆွေ

Posted on

အေသင်က သူမမှာ ကိုယ်ဝန်ရှိပြီလို့ သိလိုက်ရကတည်းက အမျိုးသားနဲ့ ဆွေးနွေးတာ ရှိခဲ့ပြီး အဲဒီအမျိုးသားက တာဝန်ယူလိုမှု မရှိခဲ့ဘူးလို့ ပြောပါတယ်။ သမီးလေးကို ဖခင်နဲ့ ပတ်သက်တဲ့ အကြောင်းတွေ၊ မိ ခင်တစ်ယောက်တည်း အခက်အခဲတွေ ကြားက မွေးဖွားခဲ့ရတဲ့ အ ကြောင်းတွေ မကွယ်မဝှက် ပြန်ပြောပြမယ်။ သူ့သမီးက သူ့ဘဝ၊ သူ့ဘဝက သူ့သမီး ဖြစ်တယ်လို့ အေသင်ချိုဆွေက ပြောပါတယ်။

“အချစ် ဆိုတာ ဘဝတခု မဟုတ်ဘူး။ ကိုယ်လုပ်စရာရှိတာကို လုပ်ပြီး ကိုယ့်ကိုကိုယ် ချစ်နိုင်ဖို့က အရေးကြီးပါတယ်” ဒီခံယူချက် ဒီဆုံး ဖြတ်ချက်တွေ နဲ့ ကိုယ်ဝန်ဖျက် မချဘဲ သမီးငယ်လေးကို မွေးဖွားခဲ့သူက နာမည်ကျော် အဆိုတော် အေသင်ချိုဆွေ ဖြစ်ပါတယ်။“ဘဝကို သေသေ ချာချာ လေးလေးနက်နက် ထားပြီး အရာအားလုံးကို အသေအ ချာ စဉ်းစား ဆင်ခြင်ပြီးဘဝတခုကို ထူထောင်မယ် ဆိုရင် ပိုပြီးတော့ အကျိုးရလဒ်ကောင်းတွေ ရမှာပေါ့။

လူတိုင်းက မှားတတ်တယ်၊ မမှားရင် ပိုကောင်းတယ်။ တကယ်လို့ မှားသွားခဲ့ရင်လည်း ဘယ်လို ရင်ဆိုင်မလဲ၊ ရှေ့ဆက်သွားမလဲ ဆိုတာအ ရေးကြီးပါတယ်။” လို့လည်း သူက ပြောပါတယ်။ အေသင်ချိုဆွေက လက်မထပ်ခင် သူနဲ့ အတူနေခဲ့တဲ့ အမျိုးသားက တာဝန်မယူလို့ နှစ်ယောက်သား လမ်းခွဲခဲ့ကြပြီး လူမှုအသိုင်းအဝိုင်း ရဲ့ ဝေဖန် ကဲ့ရဲ့မှုတွေကြားက ကလေးမွေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *