ဆိုး႐ြားျပင္းထန္ေသာ ကို႐ိုနာ ဗိုင္းရပ္စ္ ကူးစက္ေစတယ္လို႔ ယူဆၾကသည့္လင္းႏို႔မ်ားကို အင္ဒိုနီးရွားတြင္ အထူးဟင္းလ်ာအျဖစ္ ႏွစ္သက္စြာစားေနဆဲ

တိရိစာၦန္မ်ားမွ ျဖစ္လာသည့္ေရာဂါမ်ားႏွင့္စိတ္ခ်ရသည့္ စားေသာက္ကုန္မ်ားဆိုင္ရာ WHO ဌာနခြဲ၏ အႀကီးအကဲျဖစ္သူ ေဒါက္တာပီတာဘန္အမ္ဘာရက္ခ္ က” လင္းႏို႔ေတြမွာ ကို႐ိုနာနဲ႔ အလြန္ဆင္တူလြန္းတဲ့ဗိုင္းရပ္စ္ေတြကို မၾကာေသးခင္က ေတြ႕ရွိခဲ့ပါတယ္။ ဒါေၾကာင့္လည္း ကို႐ိုနာရဲ႕မူလအစဟာ လင္းႏို႔ေတြက စတင္လာတယ္ဆိုၿပီး ကြၽန္ေတာ္တို႔ ယုံၾကည္ခဲ့ၾကတာပါ။” ဟုဆိုသည္။

” ဒါေပမယ့္ ဗိုင္းရပ္စ္က လင္းႏို႔ကေန လူေတြဆီကို တိုက္႐ိုက္ႀကီး ကူးစက္သြားတာေတာ့လည္း မဟုတ္ ဘူး။ ဘာေၾကာင့္လည္းဆိုေတာ့ သာမန္အားျဖင့္လင္းႏို႔ေတြနဲ႔ထိေတြ႕မႈ႕က အမ်ားႀကီး မရွိၾကဘူးေလ။ ဒီေတာ့ ၾကားထဲမွာ တိရိစာၦန္တစ္ေကာင္ေတာ့ ရွိေနႏိုင္ပါတယ္။ ဒီအတြက္ ဗိုင္းရပ္စ္က လင္းႏို႔ဆီကေန အဲ့ဒိတိရိစာၦန္ဆီကို ပထမဆုံး ကူးမယ္။ အဲ့ဒိ တိရိစာၦန္ကတစ္ဆင့္ လူေတြဆီကို ျပန္ကူးမယ္။ ျဖစ္ ႏိုင္ေျခရွိတဲ့အရင္းအျမစ္ကိုေတာ့ စိတ္ရွင္းရွင္းထားၿပီး ၾကည့္ဖို႔လိုတယ္။ ဘာျဖစ္လာႏိုင္တယ္ဆိုတာကိုလည္း ပြင့္ပြင့္လင္းလင္းစဥ္းစားဆင္ျခင္ဖို႔လိုတယ္ ” ဟု ေဒါက္တာပီတာဘန္အမ္ဘာရက္ခ္က ဆိုသည္။

တ႐ုတ္ႏိုင္ငံ ဟူေပးျပည္နယ္ ဝူဟန္ၿမိဳ႕မွ စတင္ျဖစ္ ပြားခဲ့တဲ့ Corona virusမွာ လင္းႏို႔မ်ားထံမွ စတင္ ကူးစက္ျခင္းျဖစ္ႏိုင္သည္ဟု ပညာရွင္မ်ားကယူဆၾက ေသာ္လည္း အင္ဒိုနီးရွားႏိုင္ငံတြင္မူ လင္းႏို႔မ်ားကို အထူးဟင္းလ်ာအျဖစ္ လက္ရွိအခ်ိန္အထိ စားသုံးေနၾကဆဲျဖစ္ေၾကာင္း South China Morning Post မွေဖာ္ျပခဲ့သည္။လင္းႏို႔ဟင္းလ်ာမွာ အင္ဒိုနီးရွားရွိ အခ်ိဳ႕ေသာေဒသမ်ားတြင္ ထင္ရွား ေရပန္းစားေနဆဲျဖစ္သည္။ လင္းႏို႔ဟင္းလ်ာက ရင္က်ပ္ျခင္းကို ကုသရာတြင္ အကူအညီျဖစ္ေစႏိုင္သည္ဟုလည္း ေဒသခံမ်ားက ယုံၾကည္ၾကသည္။ကို႐ိုနာဗိုင္းရပ္စ္ႏွင့္ပတ္သက္၍ စိုးထိတ္မႈမ်ားရွိေသာ္ လည္း လင္းႏို႔ေရာင္းခ်ရမႈ က်ဆင္းျခင္း မရွိေၾကာင္း လင္းႏို႔ေရာင္းခ်သူမ်ားက ေျပာၾကားသည္။

လင္းႏို႔ေရာင္းခ်သူတစ္ဦးျဖစ္သည့္ စတန္လီ တင္မ္ ဘူလန္က ” ဝယ္လိုအားကိုေတာ့ မထိခိုက္ပါဘူးဗ်။ ဝယ္သူေတြကလည္း ေျပာတယ္ေလ။ အဲ့ဒါက တ႐ုတ္မွာပဲ ျဖစ္တာပါတဲ့။ တိုမိုဟြန္ (ဆီလာေဝစီျပည္နယ္မွ ၿမိဳ႕တစ္ၿမိဳ႕)မွာ မျဖစ္ဘူးတဲ့။ ဒါေၾကာင့္ ဆက္ ေရာင္းေနရတာပါပဲ။ ေရာင္းခ်ရမႈကို မထိခိုက္ပါဘူး။အၿမဲတမ္းအကုန္ေရာင္းရတယ္။ ဒီေန႔လက္ရွိေတာင္ ေရာင္းဖို႔လင္းႏို႔မရွိသေလာက္ နည္းေနၿပီ” ဟု ဆိုသည္။

လင္းႏို႔မ်ားေရာင္းခ်ရမႈမွာ တစ္ေန႔ႏွင့္တစ္ေန႔မတူ ညီဘဲ ပ်မ္းမ်အားျဖင့္ တစ္ေန႔လွ်င္ လင္းႏို႔ေကာင္ေရ ၅၀ မွ ၆၀ ခန႔္ေရာင္းခ်ရေလ့ရွိၿပီး ပါတီမ်ားရွိသည့္အခါမ်ိဳးတြင္ အေကာင္ေရ ၅၀၀ မွ ၆၀၀ အထိ ေရာင္းခ်ရသည္ဟု လင္းႏို႔ေရာင္းခ်သူတစ္ဦးျဖစ္သည့္ ဂ်ယ္ရီက ေျပာၾကားသည္။စားေသာက္ဆိုင္မ်ားတြင္ လင္းႏို႔ဟင္းလ်ာက ဆာေလာင္ေနသည့္ စားသုံးသူမ်ားကို အထူးဆြဲေဆာင္ေနဆဲျဖစ္သည့္ ဟင္းလ်ာတစ္မ်ိဳးျဖစ္ေနသည္။

စားသုံးသူမ်ားကလည္း လုံးဝစိုးရိမ္ပူပန္မႈ မရွိေပ။” မနာဒိုမွာ ဗိုင္းရပ္စ္ျဖစ္မယ္လို႔ ကြၽန္မကေတာ့ မယုံၾကည္ဘူး။ လင္းႏို႔ေတြကို ဝယ္ယူစားသုံးသူ အေရအတြက္လည္း မထိခိုက္ပါဘူး” ဟု ဗီနာကာဆီဂါ အမည္ရစားသုံးသူ အမ်ိဳးသမီးငယ္က ဆိုသည္။

ထို႔အတြက္ လင္းႏို႔ကိုစားသည့္အတြက္ ကို႐ိုနာဗိုင္းရပ္စ္ကို မေၾကာက္ဘူးလားဟု ေမးျမန္းသည့္အခါတြင္ မေၾကာက္႐ြံ႕ေၾကာင္းႏွင့္ မည္သည့္ေနရာတြင္ ေနမေကာင္းျဖစ္ေစမည္ မျဖစ္ေစမည္တို႔ကို ဘုရားသခင္ကသာ ဆုံးျဖတ္သည္ဟုလည္း သူမက ဆိုသည္။

လင္းႏို႔မ်ားတြင္ ကို႐ိုနာဗိုင္းရပ္စ္ရွိၾကသည္ဟု ေျပာၾကားမႈမ်ား ရွိေသာ္လည္း မိမိတို႔မနာဒိုတြင္ လင္းႏို႔မွျဖစ္ပြားမႈ တစ္စုံတရာကိုမေတြ႕ရေသးေၾကာင္းလည္း လင္းႏို႔စားသုံးသူတစ္ဦးျဖစ္သည့္ ဂ်ဴဖရီမန္တက္ခ္က ဆိုသည္။ လက္ရွိအခ်ိန္အထိလည္း လင္းႏို႔မ်ားကို စားသုံးေနၾကသူအမ်ားအျပားရွိေၾကာင္း လင္းႏို႔ဟင္း လ်ာမွာအလြန္ေကာင္းေၾကာင္း အထူးသျဖင့္ အုန္းႏို႔ျဖင့္ခ်က္ပါက အလြန္အရသာရွိသည္ဟုလည္း ဂ်ဴဖရီမန္တက္ခ္က ေျပာၾကားခဲ့သည္။လင္းႏို႔မ်ားက ကို႐ိုနာဗိုင္းရပ္စ္ကို လက္ခံေကာင္ျဖစ္ ႏိုင္သည္ဆိုသည့္အခ်က္ကိုလည္း ကြၽမ္းက်င္ပညာရွင္ မ်ားက သံသယရွိေနၾကသည္။

REF: L K T

UNICODE

ဆိုးရွားပြင်းထန်သော ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်စေတယ်လို့ ယူဆကြသည့်လင်းနို့များကို အင်ဒိုနီးရှားတွင် အထူးဟင်းလျာအဖြစ် နှစ်သက်စွာစားနေဆဲ

တိရိစ္ဆာန်များမှ ဖြစ်လာသည့်ရောဂါများနှင့်စိတ်ချရသည့် စားသောက်ကုန်များဆိုင်ရာ WHO ဌာနခွဲ၏ အကြီးအကဲဖြစ်သူ ဒေါက်တာပီတာဘန်အမ်ဘာရက်ခ် က” လင်းနို့တွေမှာ ကိုရိုနာနဲ့ အလွန်ဆင်တူလွန်းတဲ့ဗိုင်းရပ်စ်တွေကို မကြာသေးခင်က တွေ့ရှိခဲ့ပါတယ်။ ဒါကြောင့်လည်း ကိုရိုနာရဲ့မူလအစဟာ လင်းနို့တွေက စတင်လာတယ်ဆိုပြီး ကျွန်တော်တို့ ယုံကြည်ခဲ့ကြတာပါ။” ဟုဆိုသည်။

” ဒါပေမယ့် ဗိုင်းရပ်စ်က လင်းနို့ကနေ လူတွေဆီကို တိုက်ရိုက်ကြီး ကူးစက်သွားတာတော့လည်း မဟုတ် ဘူး။ ဘာကြောင့်လည်းဆိုတော့ သာမန်အားဖြင့်လင်းနို့တွေနဲ့ထိတွေ့မှု့က အများကြီး မရှိကြဘူးလေ။ ဒီတော့ ကြားထဲမှာ တိရိစ္ဆာန်တစ်ကောင်တော့ ရှိနေနိုင်ပါတယ်။ ဒီအတွက် ဗိုင်းရပ်စ်က လင်းနို့ဆီကနေ အဲ့ဒိတိရိစ္ဆာန်ဆီကို ပထမဆုံး ကူးမယ်။ အဲ့ဒိ တိရိစ္ဆာန်ကတစ်ဆင့် လူတွေဆီကို ပြန်ကူးမယ်။ ဖြစ် နိုင်ခြေရှိတဲ့အရင်းအမြစ်ကိုတော့ စိတ်ရှင်းရှင်းထားပြီး ကြည့်ဖို့လိုတယ်။ ဘာဖြစ်လာနိုင်တယ်ဆိုတာကိုလည်း ပွင့်ပွင့်လင်းလင်းစဉ်းစားဆင်ခြင်ဖို့လိုတယ် ” ဟု ဒေါက်တာပီတာဘန်အမ်ဘာရက်ခ်က ဆိုသည်။

တရုတ်နိုင်ငံ ဟူပေးပြည်နယ် ဝူဟန်မြို့မှ စတင်ဖြစ် ပွားခဲ့တဲ့ Corona virusမှာ လင်းနို့များထံမှ စတင် ကူးစက်ခြင်းဖြစ်နိုင်သည်ဟု ပညာရှင်များကယူဆကြ သော်လည်း အင်ဒိုနီးရှားနိုင်ငံတွင်မူ လင်းနို့များကို အထူးဟင်းလျာအဖြစ် လက်ရှိအချိန်အထိ စားသုံးနေကြဆဲဖြစ်ကြောင်း South China Morning Post မှဖော်ပြခဲ့သည်။လင်းနို့ဟင်းလျာမှာ အင်ဒိုနီးရှားရှိ အချို့သောဒေသများတွင် ထင်ရှား ရေပန်းစားနေဆဲဖြစ်သည်။ လင်းနို့ဟင်းလျာက ရင်ကျပ်ခြင်းကို ကုသရာတွင် အကူအညီဖြစ်စေနိုင်သည်ဟုလည်း ဒေသခံများက ယုံကြည်ကြသည်။ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်၍ စိုးထိတ်မှုများရှိသော် လည်း လင်းနို့ရောင်းချရမှု ကျဆင်းခြင်း မရှိကြောင်း လင်းနို့ရောင်းချသူများက ပြောကြားသည်။

လင်းနို့ရောင်းချသူတစ်ဦးဖြစ်သည့် စတန်လီ တင်မ် ဘူလန်က ” ဝယ်လိုအားကိုတော့ မထိခိုက်ပါဘူးဗျ။ ဝယ်သူတွေကလည်း ပြောတယ်လေ။ အဲ့ဒါက တရုတ်မှာပဲ ဖြစ်တာပါတဲ့။ တိုမိုဟွန် (ဆီလာဝေစီပြည်နယ်မှ မြို့တစ်မြို့)မှာ မဖြစ်ဘူးတဲ့။ ဒါကြောင့် ဆက် ရောင်းနေရတာပါပဲ။ ရောင်းချရမှုကို မထိခိုက်ပါဘူး။အမြဲတမ်းအကုန်ရောင်းရတယ်။ ဒီနေ့လက်ရှိတောင် ရောင်းဖို့လင်းနို့မရှိသလောက် နည်းနေပြီ” ဟု ဆိုသည်။

လင်းနို့များရောင်းချရမှုမှာ တစ်နေ့နှင့်တစ်နေ့မတူ ညီဘဲ ပျမ်းမျအားဖြင့် တစ်နေ့လျှင် လင်းနို့ကောင်ရေ ၅၀ မှ ၆၀ ခန့်ရောင်းချရလေ့ရှိပြီး ပါတီများရှိသည့်အခါမျိုးတွင် အကောင်ရေ ၅၀၀ မှ ၆၀၀ အထိ ရောင်းချရသည်ဟု လင်းနို့ရောင်းချသူတစ်ဦးဖြစ်သည့် ဂျယ်ရီက ပြောကြားသည်။စားသောက်ဆိုင်များတွင် လင်းနို့ဟင်းလျာက ဆာလောင်နေသည့် စားသုံးသူများကို အထူးဆွဲဆောင်နေဆဲဖြစ်သည့် ဟင်းလျာတစ်မျိုးဖြစ်နေသည်။

စားသုံးသူများကလည်း လုံးဝစိုးရိမ်ပူပန်မှု မရှိပေ။” မနာဒိုမှာ ဗိုင်းရပ်စ်ဖြစ်မယ်လို့ ကျွန်မကတော့ မယုံကြည်ဘူး။ လင်းနို့တွေကို ဝယ်ယူစားသုံးသူ အရေအတွက်လည်း မထိခိုက်ပါဘူး” ဟု ဗီနာကာဆီဂါ အမည်ရစားသုံးသူ အမျိုးသမီးငယ်က ဆိုသည်။

ထို့အတွက် လင်းနို့ကိုစားသည့်အတွက် ကိုရိုနာဗိုင်းရပ်စ်ကို မကြောက်ဘူးလားဟု မေးမြန်းသည့်အခါတွင် မကြောက်ရွံ့ကြောင်းနှင့် မည်သည့်နေရာတွင် နေမကောင်းဖြစ်စေမည် မဖြစ်စေမည်တို့ကို ဘုရားသခင်ကသာ ဆုံးဖြတ်သည်ဟုလည်း သူမက ဆိုသည်။

လင်းနို့များတွင် ကိုရိုနာဗိုင်းရပ်စ်ရှိကြသည်ဟု ပြောကြားမှုများ ရှိသော်လည်း မိမိတို့မနာဒိုတွင် လင်းနို့မှဖြစ်ပွားမှု တစ်စုံတရာကိုမတွေ့ရသေးကြောင်းလည်း လင်းနို့စားသုံးသူတစ်ဦးဖြစ်သည့် ဂျူဖရီမန်တက်ခ်က ဆိုသည်။ လက်ရှိအချိန်အထိလည်း လင်းနို့များကို စားသုံးနေကြသူအများအပြားရှိကြောင်း လင်းနို့ဟင်း လျာမှာအလွန်ကောင်းကြောင်း အထူးသဖြင့် အုန်းနို့ဖြင့်ချက်ပါက အလွန်အရသာရှိသည်ဟုလည်း ဂျူဖရီမန်တက်ခ်က ပြောကြားခဲ့သည်။လင်းနို့များက ကိုရိုနာဗိုင်းရပ်စ်ကို လက်ခံကောင်ဖြစ် နိုင်သည်ဆိုသည့်အချက်ကိုလည်း ကျွမ်းကျင်ပညာရှင် များက သံသယရှိနေကြသည်။

REF:     L K T

Add a Comment

Your email address will not be published. Required fields are marked *