တၿမိဳ႕လုံး အသားမစားတဲ့ ၿမိဳ႕ ေလး ႏွင့္ ဘုန္းတန္ခိုးႀကီးေသာ“သာမည ဆရာေတာ္”ဘုရားႀကီး

သာမညဆရာေ တာ္ ဘုရားႀကီးသည္ ကရင္ျပည္နယ္၊ ဘားအံၿမိဳ႕နယ္၊ ဝါဆုေက်ာင္း၊ သာမညေတာင္ေပၚေက်ာင္းတို႔တြင္ သီတင္းသုံး ေနထိုင္လ်က္ရွိၾကေသာ ရဟန္း၊ သာမေဏ၊ သီလရွင္ ေယာဂီ ၅၀၀ ခန႔္တို႔အား ပရိ ယတၱိစာေပမ်ားပို႔ခ်ျခင္း၊ ဝိပႆနာရႈမွတ္က်င့္ႀကံ နည္းမ်ားအား ေဟာေျပာပို႔ခ်ျခင္း၊ အရ ညကင္ ဓူတင္အက်င့္ကို အစဥ္က်င့္သုံးေတာ္မူျခင္း၊ သာမညေတာင္ေပၚသို႔ ေန႔စဥ္ေရာက္ရွိလာ ေသာ ေယာဂီသူေတာ္စဥ္မ်ား၊ ဘုရားဖူးဧည့္ပရိသတ္မ်ားအား တရားဓမၼေဟာၾကားျခင္းအမႈအား ဘဝနတ္ထံပ်ံလြန္ေတာ္မူခ်ိန္အထိ ေဆာင္႐ြက္ေတာ္မူခဲ့သည္။

ေျပာက္က်ား ဝတ္စုံေတြနဲ႔ ဗမာစကားလည္း ေျပာတယ္။ ကရင္စကားလည္း ေျပာတယ္။ ပအိုးဝ္စကားလည္း ေျပာတယ္။ ဘယ္သူေတြဆိုတာကို ျပန္ေျပာျပရင္ က်ည္ဆန္တေတာင့္ပဲ”ဟု ၿခိမ္းေျခာက္ခဲ့သျဖင့္ သာမညဆရာေတာ္ဘုရားႀကီး၏ ႐ုပ္ကလာပ္ေတာ္ကို ေစာင့္ေရွာက္သည့္ ဥပါသကာသည္ ဆရာေတာ္ႀကီး၏႐ုပ္ေလာင္းကို မည္သူ မည္သည့္အဖြဲ႕အစည္းက ယူေဆာင္သြားသည္ဆိုျခင္းကို ထုတ္ေဖာ္မေျပာေခ်။

ျမန္မာႏိုင္ငံ ၏ အႀကီးမားဆုံး သဘာဝေဘးအႏၲရာယ္ျဖစ္ခဲ့သည့္ နာဂစ္မုန္တိုင္းမျဖစ္မီ တလအလို ၂၀၀၈ ခု ဧၿပီ ၂ ရက္ ညသန္း ေခါင္ယံအခ်ိန္တြင္ သာမညဆရာေတာ္ဘုရားႀကီး၏ ႐ုပ္ကလာပ္အား ဘာသာစကားသုံးမ်ိဳး ေျပာဆိုသည့္ လက္နက္ကိုင္အဖြဲ႕က အထက္ပါ အတိုင္းၿခိမ္းေျခာက္၍ အဓမၼယူေဆာင္သြားခဲ့ျခင္းျဖစ္သည္ဟု လက္ရွိ သာမညေတာင္တြင္ သီတင္းသုံးေနသည့္ ဦးပၪၥင္းတပါးက မိန႔္သည္။

“အသား မစားတဲ့ ၿမိဳ႕ေလး”

သာမည ဆရာေတာ္ဘုရားႀကီး သက္ေတာ္ထင္ရွားရွိစဥ္က သာမညေတာင္တြင္ လာေရာက္သည့္ လူထုပရိသတ္ေထာင္ေပါင္းမ်ားစြာတို႔အား သက္သတ္လြတ္ ထမင္းဟင္းမ်ားျဖင့္ ေကြၽးေမြးဧည့္ခံရာမွ ဘားအံ-ျမဝတီ လမ္းမွ သာမညေတာင္သို႔သြားသည့္ လမ္းမုခ္ေပါက္မွစ၍ သာမညေတာင္ေပၚအထိ သြားရာ လမ္းတေလွ်ာက္ရွိ လူေနအိမ္မ်ားသည္ သာမည ဆရာေတာ္ရွိစဥ္မွစ၍ ယခုအထိ သက္သတ္လြတ္ စားသုံးၾကသည္ဟုလည္း ေဒသခံမ်ားက ေျပာသည္။

ယင္းၿမိဳ႕ေလး သည္ သာမညဆရာေတာ္ဘုရားႀကီး၏ အရိပ္အာဝါသကို မွီခိုရင္းဖြံ႕ၿဖိဳးလာသည့္ ၿမိဳ႕ေလးျဖစ္သည္။ ”အိမ္ေျခတေသာင္းေက်ာ္ရွိတယ္။ ဘယ္သူမွ နာမည္မေပးဘူး။ အကုန္လုံးက သာမညၿမိဳ႕ေလးလို႔ ေခၚၾကတာ”ဟု သာမညေတာင္ေျခေစ်းအတြင္းရွိ သစ္သီးေရာင္းသူတဦးက ေျပာသည္။ ၁၉၈၀ ေက်ာ္ကာလ၌ သာမညဆရာေတာ္ ဘုရားႀကီး၏ ဂုဏ္သတင္း တစတစ ေက်ာ္ၾကား လာစဥ္က ထိုေတာင္ေျခေနရာသည္ ေျမ႐ိုင္းလမ္းႏွင့္ ေတာနက္ႀကီးတခုသာရွိေသး သည္ဟု ရန္ကုန္ၿမိဳ႕မွ သာမညသို႔ လာေရာက္ဘုရားဖူးသည့္ ဦးေက်ာ္စြာမိုးက ေျပာသည္။

“သာ မညေတာင္တြင္ ပၪၥင္းခံခဲ့သူ ဦးေက်ာ္စြာမိုး”

ဦးေက်ာ္စြာမိုးသည္ ၁၉၈၀ ခုႏွစ္ေက်ာ္ ဝန္းက်င္ခန႔္တြင္ သာမညဆရာေတာ္ ဘုရားႀကီးထံ သြား ေရာက္၍ ဦးပၪၥင္းခံကာ ရဟန္းဘဝျဖင့္ ကိုးလၾကာ သီတင္းသုံးခဲ့သည္ဟုဆိုသည္။ ”အဲဒီတုန္းက ေျမသားလမ္းေတြျဖစ္ေတာ့ သာမညမွာရွိတဲ့ ရဟန္းေတြ၊ ကိုရင္ေတြရဲ႕လုပ္အားနဲ႔ ေျမသားလမ္းျဖစ္ ေအာင္ေဖာက္ရတာ၊ အခုလို အိမ္ေတြ ေစ်းေတြဘာမွမရွိဘူး။ ရဟန္းဘဝက လူဝတ္လဲေတာ့မယ္လို႔ သာမညဆရာေတာ္ကို သြားေလွ်ာက္ေတာ့ ေတာင္ေျခမွာ ေျမကြက္တကြက္ ေငြက်ပ္ဆယ္ဂဏန္း ေလာက္ပဲရွိတာ ဝယ္ေနလို႔ေတာင္ ဆရာေတာ္က မိန႔္ခဲ့ေသးတယ္။

အခု ဆိုၿမိဳ႕လိုျဖစ္သြား တယ္ဆိုေတာ့ ဒီၿမိဳ႕ရဲ႕သက္တမ္းက ႏွစ္သုံးဆယ္ဝန္းက်င္ပဲ ရွိဦးမယ္”ဟု သူ၏အေတြ႕အႀကဳံအား ေျပာျပခဲ့သည္။ ၎သည္ ရဟန္းဘဝမွ လူဝတ္လဲၿပီး ဂ်ပန္ႏိုင္ငံသို႔ အလုပ္သြားေရာက္လုပ္ကိုင္မည့္ အေၾကာင္းအား ဆရာေတာ္ကိုေလွ်ာက္တင္လို သည္ဟုဆိုသည္။ ”အဲဒီအခ်ိန္ ဆရာေတာ္ႀကီးရဲ႕ ေဘးမွာ လူထုပရိသတ္ကလည္း အမ်ားႀကီးဆိုေတာ့ ပရိသတ္ရဲ႕ ေနာက္နားကေန လက္အုပ္ေလး ခ်ီၿပီး ေလွ်ာက္ထားလိုက္တယ္။ တပည့္ေတာ္ ဂ်ပန္ကို သြားရေတာ့မွာျဖစ္လို႔ သက္သတ္လြတ္ေတာ့ စားျဖစ္မွာ မဟုတ္ေတာ့ဘူးဘုရား။

ဟို မွာ အဆင္ေျပပါ့မလားလို႔ စိတ္ထဲကပဲ ေလွ်ာက္တာကို ဆရာေတာ္က လူထုပရိသတ္ကို တရားေဟာရင္းကေန သူမ်ားႏိုင္ငံမွာလည္း သက္သတ္လြတ္စားရင္ျဖစ္တာပါပဲ။ အာလူးကက္သလိပ္ေၾကာ္တို႔၊ ၾကက္သြန္ေၾကာ္တို႔ရွိတာပဲ။ ဘယ္မွာေနေနေကာင္းေအာင္ ေနရင္ေကာင္းမွာပဲလို႔ တရားထဲထည့္ေဟာတာ ၾကက္သီးေတာင္ထတယ္။ ဒါေပမဲ့ ေၾသာ္ . . . တိုက္ဆိုင္တာပဲ ျဖစ္မွာပါလို႔ပဲ ေတြးလိုက္တာ ဂ်ပန္ကို တကယ္ေရာက္ေတာ့ ဆရာေတာ္မိန႔္ တဲ့အတိုင္း အာလူးကတ္သလိပ္ေၾကာ္နဲ႔ ၾကက္သြန္ေၾကာ္ တကယ္ရွိလို႔ အံ့ၾသသြားတာ”ဟု သူ၏ အေတြ႕အႀကဳံအားေျပာျပသည္။

သူ သာမည၌ ရဟန္းဝတ္ခါစတြင္လည္း မည္ကဲ့သို႔ ေနထိုင္ရမည့္အေၾကာင္းအား ဆရာေတာ္ကို ေလွ်ာက္ထားရာ ဆရာေတာ္မွ ”ဒီေတာင္တဝိုက္မွာ ရဟန္း သံဃာေတြ အမ်ားႀကီးလိုက္ၾကည့္ေပါ့။ အဲဒီအထဲက ေကာင္းတာကိုယူေပါ့။ မေကာင္းတာ မယူနဲ႔”ဟုသာ မိန႔္ၾကားခဲ့သည္ဟု ဆိုသည္။ လက္ရွိအခ်ိန္ ၎အေနႏွင့္သာမညဆရာေတာ္ဘုရားႀကီး မရွိေတာ့ေသာ္လည္း အလုပ္အကိုင္သစ္ တိုးခ်ဲ႕မႈျပဳလုပ္တိုင္း သာမညေတာင္သို႔ လာေရာက္ ေအာက္ေျမနင္း၍သာ အလုပ္အကိုင္သစ္ကို တိုးခ်ဲ႕သည္ဟု ဆိုသည္။

ယင္း ၁၉၈၀ ခုႏွစ္ေက်ာ္ သာမညဆရာေတာ္ ဘုရားႀကီးဂုဏ္သတင္းေက်ာ္ေဇာမႈေၾကာင့္ ျပည္တြင္း ခရီးသြားကုမၸဏီမ်ားမွ သာမည ခရီးစဥ္အျဖစ္ အထင္ ကရ ထည့္သြင္းလာခဲ့ရသည္။ ျမန္မာႏိုင္ငံ၏ အနယ္ နယ္အရပ္ရပ္မွ ဗုဒၶဘာသာဝင္အေပါင္းတို႔သည္လည္း သာမညေတာင္သို႔ မျဖစ္မေနသြားေရာက္ကာ ဆရာေတာ္ကို ဖူးေျမာ္သျဖင့္ သာမညေတာင္သည္ ရာသီမေ႐ြး အထူးပင္စည္ကားခဲ့ေသာေနရာ ျဖစ္ခဲ့သည္။ သာမညဆရာေတာ္ဘုရားႀကီးအား လာေရာက္ၾကည္ ညိဳဖူးေျမာ္သူမ်ားထဲတြင္ ျမန္မာျပည္သူမ်ား အပါအဝင္ ထိုင္းႏိုင္ငံသူႏိုင္ငံသား အမ်ားအျပားပါလာေရာက္ ဖူးေျမာ္ၾကသည္အထိ ထင္ရွားေက်ာ္ၾကားခဲ့သည္။ ဆရာေတာ္ဘုရားႀကီးမွလည္း သာမညသို႔ လာေရာက္ သူ လူထုမင္းပရိသတ္အား သက္သတ္လြတ္ထမင္း ဟင္းျဖင့္ ဧည့္ခံေကြၽးေမြးရာတရက္လွ်င္ ဆန္တင္း ေပါင္းရာႏွင့္ခ်ီ၍ ခ်က္ျပဳတ္ေကြၽးေမြးရသည္ဟု ေဒသခံမ်ားက ေျပာသည္။

“က်ပ္သိန္း ၅၀၀၀ ကို ေတာင္းျဖင့္ လာလႉသူ”

ဆရာေ တာ္ဘုရား သက္ေတာ္ထင္ရွားရွိစဥ္က လူမႈအက်ိဳးျပဳလုပ္ငန္းမ်ားျဖစ္သည့္ အိုးအိမ္မဲ့မ်ားအား ေကြၽးေမြးေစာင့္ေရွာက္ျခင္း၊ စာသင္ေက်ာင္းမ်ား ေဆာက္လုပ္လႉဒါန္းျခင္း၊ လမ္းမ်ားျပဳျပင္ျခင္းတို႔ကို အထူးအေရးေပးလုပ္ေဆာင္ခဲ့သည္ဟု ေဒသခံမ်ားက ေျပာသည္။ ”လမ္းခင္းတဲ့ ကတၱရာေတြ ကုန္သြားၿပီဆိုၿပီး ဆရာေတာ္ဆီကို သြားေလွ်ာက္ေတာ့ ဆရာေတာ္က ဖုန္းဆက္တယ္၊ မနက္လည္းေရာက္ေရာ ရွမ္းအမ်ိဳးသမီးတေယာက္က သိန္းငါးေထာင္ေတာင္းေတြနဲ႔ ထည့္ၿပီးလာလႉတယ္။ စဥ္းစားလို႔မရတာက အဲဒီအခ်ိန္ ဘဏ္စနစ္ေတြလည္း မေကာင္းဘူး၊ သာမန္အမို်း သမီးတေယာက္ပုံစံက သိန္းငါးေထာင္ကို တညတည္းနဲ႔ လာလႉတာဆိုေတာ့ ေတာ္ေတာ္အံ့ၾသသြားတာ ခု ေခတ္ သူေဌးေတာင္ ေငြသိန္းငါးေထာင္လိုရင္ခ်က္ ခ်င္းအဆင္သင့္ရွိပါ့မလား။ ဘဏ္ထုတ္ရမွာနဲ႔ ဘာနဲ႔ေလ။ အဲဒီေငြ လာလႉလည္းၿပီးေရာ ထိုင္းဘက္ကို ကတၱရာပုံးေတြ လွမ္းမွာၿပီး လမ္းေတြခင္းတာ” ဟု ေဒသခံမ်ားက ေျပာသည္။

ဆရာေ တာ္၏ သီလဂုဏ္၊ ပညာဂုဏ္၊ ခမာ၊ ဇာဂရိယ စေသာ ဂုဏ္မ်ားႏွင့္ သာသနာေရး အားေပးေဆာင္႐ြက္ေတာ္မူျခင္းမ်ားကို ေလးစားလ်က္ႏိုင္ငံေတာ္အစိုးရက ၁၉၉၁၊ ႏိုဝင္ဘာ ၂၁ တြင္ အဘိဓဇ အဂၢမဟာ သဒၶမၼေဇာတိကဘြဲ႕တံဆိပ္ေတာ္ကို ဆပ္ကပ္လႉဒါန္းခဲ့သည္ဟု သိရသည္။ သာသနာေတာ္အက်ိဳးအား သယ္ပိုးထမ္းေဆာင္ေတာ္ မူရင္း သက္ေတာ္ ၉၃ ႏွစ္၊ သိကၡာေတာ္ ၇၃ ဝါအရ ၁၃၆၅ ခု၊ နတ္ေတာ္လဆန္း ၆ ရက္၊ ၂၉-၁၁-၂၀၀၃ စေနေန႔ နံနက္ ၉ နာရီတြင္ ဘဝနတ္ထံ ပ်ံလြန္ေတာ္မူခဲ့သည္။

“ရဟန္းသာမေဏအေရအတြက္ ေလ်ာ့က်လာ”

ဆရာေ တာ္သည္ ၂၉-၁၁-၂၀၀၃ တြင္ ဘဝ နတ္ထံပ်ံလြန္ေတာ္မူခဲ့သျဖင့္ လက္ရွိ ၂၉-၁၁-၂၀၁၆ တြင္ ဘဝနတ္ထံ ပ်ံလြန္ေတာ္မူခဲ့သည္မွာ ၁၃ ႏွစ္တင္းတင္းျပည့္ခဲ့ၿပီျဖစ္သည္။ ယင္းကဲ့သို႔ ၁၃ ႏွစ္ ၾကာျမင့္ခဲ့ေသာ္လည္း ဆရာေတာ္ဘုရား ပ်ံလြန္ေတာ္မူၿပီးစအခ်ိန္ ဆရာေတာ္၏႐ုပ္ကလာပ္ေတာ္ ရွိစဥ္က သာမညေတာင္သို႔ ဘုရားဖူးလာေရာက္သူ အမ်ားအျပားရွိေသးသည္ဟု လက္ရွိ သီတင္းသုံးေနေသာ ဦးပၪၥင္းတပါးက မိန႔္သည္။ ”ဆရာေတာ္ရွိတုန္းက ရဟန္း၊ သာမေဏ၊ သီလရွင္၊ ေယာဂီ ငါးရာ ေလာက္ သီတင္းသုံးၾကေပမယ့္ အခုဆို စုစုေပါင္းအပါး သုံးဆယ္ေလာက္ပဲရွိတယ္။ အျခားေျပာင္းၿပီး သီတင္းသုံးသူရွိသလို လူထြက္တဲ့ သူေတြလည္း ထြက္ကုန္ၾကၿပီ။ ကိုရင္ဆိုရင္ အခုတပါးပဲရွိေတာ့တယ္” ဟု မိန႔္ သည္။

”ျပည္တြင္းဘုရာဖူးခရီးစဥ္မွ ကြယ္ေပ်ာက္ခဲ့တဲ့သာမည”

သာမညဆရာေတာ္ဘုရားႀကီး ပ်ံေတာ္မူၿပီး ႐ုပ္ကလာပ္ေတာ္ရွိစဥ္က ျမန္မာျပည္ဘုရားဖူးခရီးစဥ္မ်ား တြင္ သာမညဘုရားဖူးခရီးစဥ္အျဖစ္ ရွိေနေသးေသာ္လည္း ႐ုပ္ကလာပ္ေတာ္ ခိုးယူခံရၿပီးေနာက္ပိုင္းတြင္ ဘုရားဖူးခရီးစဥ္အျဖစ္ တျဖည္းျဖည္းကြယ္ေပ်ာက္လာခဲ့သည့္အျပင္ ရဟန္း၊ သာမေဏ၊ သီလရွင္ ေယာဂီမ်ားလည္း ေလ်ာ့ပါးလာခဲ့သည္ဟု မိန႔္သည္။ ဆရာ ေတာ္ဘုရားႀကီးရွိစဥ္က လူထုဧည့္ပရိသတ္အတြက္ သက္သတ္လြတ္ထမင္းဟင္းေကြၽးရာ ဆန္တင္းေပါင္း တရာေက်ာ္ေန႔စဥ္ခ်က္ျပဳတ္ခဲ့ရၿပီး လက္ရွိအခ်ိန္တြင္ ဆန္ ၃ တင္းခန႔္သာ ခ်က္ျပဳတ္ရၿပီး ဘုရားဖူးလာေရာက္သူမ်ားအား သက္သတ္လြတ္ထမင္းဟင္း ေကြၽး ေမြးေနဆဲပဲျဖစ္သည္ဟု မိန႔္သည္။

သာမည ဆရာေတာ္ဘုရားႀကီး ဘဝနတ္ထံပ်ံလြန္ေတာ္မူၿပီး၁၃ ႏွစ္ ျပည့္ခ်ိန္တြင္ သာမညေတာင္သို႔ ျပည္တြင္းခရီးသြားလုပ္ငန္းမ်ား မရွိေတာ့သကဲ့သို႔ သာမညေတာင္တြင္ သီတင္းသုံးသည့္ ရဟန္းသာမေဏ သီလရွင္ေယာဂီမ်ားလည္း နည္းပါးသြားခဲ့သည္။ သို႔ေသာ္လည္း ဆရာေတာ္၏ ဘုန္းတန္ခိုးအာႏုေဘာ္ႏွင့္ သာမညေတာင္၏ အရိပ္အာဝါသေၾကာင့္ သာမညၿမိဳ႕ကေလးသည္ ႏွစ္ ၃၀ ခန႔္အတြင္း အေျခခ်ေနထိုင္သူမ်ားျဖင့္ စည္ကားေနသည္ကို ေတြ႕ျမင္ေနရသည္။

ကိုခက္

UNICODE

တမြို့လုံး အသားမစားတဲ့ မြို့ လေး နှင့် ဘုန်းတန်ခိုးကြီးသော“သာမည ဆရာတော်”ဘုရားကြီး

သာမညဆရာေ တာ် ဘုရားကြီးသည် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဝါဆုကျောင်း၊ သာမညတောင်ပေါ်ကျောင်းတို့တွင် သီတင်းသုံး နေထိုင်လျက်ရှိကြသော ရဟန်း၊ သာမဏေ၊ သီလရှင် ယောဂီ ၅၀၀ ခန့်တို့အား ပရိ ယတ္တိစာပေများပို့ချခြင်း၊ ဝိပဿနာရှုမှတ်ကျင့်ကြံ နည်းများအား ဟောပြောပို့ချခြင်း၊ အရ ညကင် ဓူတင်အကျင့်ကို အစဉ်ကျင့်သုံးတော်မူခြင်း၊ သာမညတောင်ပေါ်သို့ နေ့စဉ်ရောက်ရှိလာ သော ယောဂီသူတော်စဉ်များ၊ ဘုရားဖူးဧည့်ပရိသတ်များအား တရားဓမ္မဟောကြားခြင်းအမှုအား ဘဝနတ်ထံပျံလွန်တော်မူချိန်အထိ ဆောင်ရွက်တော်မူခဲ့သည်။

ပြောက်ကျား ဝတ်စုံတွေနဲ့ ဗမာစကားလည်း ပြောတယ်။ ကရင်စကားလည်း ပြောတယ်။ ပအိုးဝ်စကားလည်း ပြောတယ်။ ဘယ်သူတွေဆိုတာကို ပြန်ပြောပြရင် ကျည်ဆန်တတောင့်ပဲ”ဟု ခြိမ်းခြောက်ခဲ့သဖြင့် သာမညဆရာတော်ဘုရားကြီး၏ ရုပ်ကလာပ်တော်ကို စောင့်ရှောက်သည့် ဥပါသကာသည် ဆရာတော်ကြီး၏ရုပ်လောင်းကို မည်သူ မည်သည့်အဖွဲ့အစည်းက ယူဆောင်သွားသည်ဆိုခြင်းကို ထုတ်ဖော်မပြောချေ။

မြန်မာနိုင်ငံ ၏ အကြီးမားဆုံး သဘာဝဘေးအန္တရာယ်ဖြစ်ခဲ့သည့် နာဂစ်မုန်တိုင်းမဖြစ်မီ တလအလို ၂၀၀၈ ခု ဧပြီ ၂ ရက် ညသန်း ခေါင်ယံအချိန်တွင် သာမညဆရာတော်ဘုရားကြီး၏ ရုပ်ကလာပ်အား ဘာသာစကားသုံးမျိုး ပြောဆိုသည့် လက်နက်ကိုင်အဖွဲ့က အထက်ပါ အတိုင်းခြိမ်းခြောက်၍ အဓမ္မယူဆောင်သွားခဲ့ခြင်းဖြစ်သည်ဟု လက်ရှိ သာမညတောင်တွင် သီတင်းသုံးနေသည့် ဦးပဥ္စင်းတပါးက မိန့်သည်။

“အသား မစားတဲ့ ၿမိဳ႕ေလး”

သာမည ဆရာတော်ဘုရားကြီး သက်တော်ထင်ရှားရှိစဉ်က သာမညတောင်တွင် လာရောက်သည့် လူထုပရိသတ်ထောင်ပေါင်းများစွာတို့အား သက်သတ်လွတ် ထမင်းဟင်းများဖြင့် ကျွေးမွေးဧည့်ခံရာမှ ဘားအံ-မြဝတီ လမ်းမှ သာမညတောင်သို့သွားသည့် လမ်းမုခ်ပေါက်မှစ၍ သာမညတောင်ပေါ်အထိ သွားရာ လမ်းတလျှောက်ရှိ လူနေအိမ်များသည် သာမည ဆရာတော်ရှိစဉ်မှစ၍ ယခုအထိ သက်သတ်လွတ် စားသုံးကြသည်ဟုလည်း ဒေသခံများက ပြောသည်။

ယင်းမြို့လေး သည် သာမညဆရာတော်ဘုရားကြီး၏ အရိပ်အာဝါသကို မှီခိုရင်းဖွံ့ဖြိုးလာသည့် မြို့လေးဖြစ်သည်။ ”အိမ်ခြေတသောင်းကျော်ရှိတယ်။ ဘယ်သူမှ နာမည်မပေးဘူး။ အကုန်လုံးက သာမညမြို့လေးလို့ ခေါ်ကြတာ”ဟု သာမညတောင်ခြေစျေးအတွင်းရှိ သစ်သီးရောင်းသူတဦးက ပြောသည်။ ၁၉၈၀ ကျော်ကာလ၌ သာမညဆရာတော် ဘုရားကြီး၏ ဂုဏ်သတင်း တစတစ ကျော်ကြား လာစဉ်က ထိုတောင်ခြေနေရာသည် မြေရိုင်းလမ်းနှင့် တောနက်ကြီးတခုသာရှိသေး သည်ဟု ရန်ကုန်မြို့မှ သာမညသို့ လာရောက်ဘုရားဖူးသည့် ဦးကျော်စွာမိုးက ပြောသည်။

“သာ မညတောင်တွင် ပဥ္စင်းခံခဲ့သူ ဦးကျော်စွာမိုး”

ဦးကျော်စွာမိုးသည် ၁၉၈၀ ခုနှစ်ကျော် ဝန်းကျင်ခန့်တွင် သာမညဆရာတော် ဘုရားကြီးထံ သွား ရောက်၍ ဦးပဥ္စင်းခံကာ ရဟန်းဘဝဖြင့် ကိုးလကြာ သီတင်းသုံးခဲ့သည်ဟုဆိုသည်။ ”အဲဒီတုန်းက မြေသားလမ်းတွေဖြစ်တော့ သာမညမှာရှိတဲ့ ရဟန်းတွေ၊ ကိုရင်တွေရဲ့လုပ်အားနဲ့ မြေသားလမ်းဖြစ် အောင်ဖောက်ရတာ၊ အခုလို အိမ်တွေ စျေးတွေဘာမှမရှိဘူး။ ရဟန်းဘဝက လူဝတ်လဲတော့မယ်လို့ သာမညဆရာတော်ကို သွားလျှောက်တော့ တောင်ခြေမှာ မြေကွက်တကွက် ငွေကျပ်ဆယ်ဂဏန်း လောက်ပဲရှိတာ ဝယ်နေလို့တောင် ဆရာတော်က မိန့်ခဲ့သေးတယ်။

အခု ဆိုမြို့လိုဖြစ်သွား တယ်ဆိုတော့ ဒီမြို့ရဲ့သက်တမ်းက နှစ်သုံးဆယ်ဝန်းကျင်ပဲ ရှိဦးမယ်”ဟု သူ၏အတွေ့အကြုံအား ပြောပြခဲ့သည်။ ၎င်းသည် ရဟန်းဘဝမှ လူဝတ်လဲပြီး ဂျပန်နိုင်ငံသို့ အလုပ်သွားရောက်လုပ်ကိုင်မည့် အကြောင်းအား ဆရာတော်ကိုလျှောက်တင်လို သည်ဟုဆိုသည်။ ”အဲဒီအချိန် ဆရာတော်ကြီးရဲ့ ဘေးမှာ လူထုပရိသတ်ကလည်း အများကြီးဆိုတော့ ပရိသတ်ရဲ့ နောက်နားကနေ လက်အုပ်လေး ချီပြီး လျှောက်ထားလိုက်တယ်။ တပည့်တော် ဂျပန်ကို သွားရတော့မှာဖြစ်လို့ သက်သတ်လွတ်တော့ စားဖြစ်မှာ မဟုတ်တော့ဘူးဘုရား။

ဟို မှာ အဆင်ပြေပါ့မလားလို့ စိတ်ထဲကပဲ လျှောက်တာကို ဆရာတော်က လူထုပရိသတ်ကို တရားဟောရင်းကနေ သူများနိုင်ငံမှာလည်း သက်သတ်လွတ်စားရင်ဖြစ်တာပါပဲ။ အာလူးကက်သလိပ်ကြော်တို့၊ ကြက်သွန်ကြော်တို့ရှိတာပဲ။ ဘယ်မှာနေနေကောင်းအောင် နေရင်ကောင်းမှာပဲလို့ တရားထဲထည့်ဟောတာ ကြက်သီးတောင်ထတယ်။ ဒါပေမဲ့ သြော် . . . တိုက်ဆိုင်တာပဲ ဖြစ်မှာပါလို့ပဲ တွေးလိုက်တာ ဂျပန်ကို တကယ်ရောက်တော့ ဆရာတော်မိန့် တဲ့အတိုင်း အာလူးကတ်သလိပ်ကြော်နဲ့ ကြက်သွန်ကြော် တကယ်ရှိလို့ အံ့သြသွားတာ”ဟု သူ၏ အတွေ့အကြုံအားပြောပြသည်။

သူ သာမည၌ ရဟန်းဝတ်ခါစတွင်လည်း မည်ကဲ့သို့ နေထိုင်ရမည့်အကြောင်းအား ဆရာတော်ကို လျှောက်ထားရာ ဆရာတော်မှ ”ဒီတောင်တဝိုက်မှာ ရဟန်း သံဃာတွေ အများကြီးလိုက်ကြည့်ပေါ့။ အဲဒီအထဲက ကောင်းတာကိုယူပေါ့။ မကောင်းတာ မယူနဲ့”ဟုသာ မိန့်ကြားခဲ့သည်ဟု ဆိုသည်။ လက်ရှိအချိန် ၎င်းအနေနှင့်သာမညဆရာတော်ဘုရားကြီး မရှိတော့သော်လည်း အလုပ်အကိုင်သစ် တိုးချဲ့မှုပြုလုပ်တိုင်း သာမညတောင်သို့ လာရောက် အောက်မြေနင်း၍သာ အလုပ်အကိုင်သစ်ကို တိုးချဲ့သည်ဟု ဆိုသည်။

ယင်း ၁၉၈၀ ခုနှစ်ကျော် သာမညဆရာတော် ဘုရားကြီးဂုဏ်သတင်းကျော်ဇောမှုကြောင့် ပြည်တွင်း ခရီးသွားကုမ္ပဏီများမှ သာမည ခရီးစဉ်အဖြစ် အထင် ကရ ထည့်သွင်းလာခဲ့ရသည်။ မြန်မာနိုင်ငံ၏ အနယ် နယ်အရပ်ရပ်မှ ဗုဒ္ဓဘာသာဝင်အပေါင်းတို့သည်လည်း သာမညတောင်သို့ မဖြစ်မနေသွားရောက်ကာ ဆရာတော်ကို ဖူးမြော်သဖြင့် သာမညတောင်သည် ရာသီမရွေး အထူးပင်စည်ကားခဲ့သောနေရာ ဖြစ်ခဲ့သည်။ သာမညဆရာတော်ဘုရားကြီးအား လာရောက်ကြည် ညိုဖူးမြော်သူများထဲတွင် မြန်မာပြည်သူများ အပါအဝင် ထိုင်းနိုင်ငံသူနိုင်ငံသား အများအပြားပါလာရောက် ဖူးမြော်ကြသည်အထိ ထင်ရှားကျော်ကြားခဲ့သည်။ ဆရာတော်ဘုရားကြီးမှလည်း သာမညသို့ လာရောက် သူ လူထုမင်းပရိသတ်အား သက်သတ်လွတ်ထမင်း ဟင်းဖြင့် ဧည့်ခံကျွေးမွေးရာတရက်လျှင် ဆန်တင်း ပေါင်းရာနှင့်ချီ၍ ချက်ပြုတ်ကျွေးမွေးရသည်ဟု ဒေသခံများက ပြောသည်။

“ကျပ်သိန်း ၅၀၀၀ ကို တောင်းဖြင့် လာလှူသူ”

ဆရာေ တာ်ဘုရား သက်တော်ထင်ရှားရှိစဉ်က လူမှုအကျိုးပြုလုပ်ငန်းများဖြစ်သည့် အိုးအိမ်မဲ့များအား ကျွေးမွေးစောင့်ရှောက်ခြင်း၊ စာသင်ကျောင်းများ ဆောက်လုပ်လှူဒါန်းခြင်း၊ လမ်းများပြုပြင်ခြင်းတို့ကို အထူးအရေးပေးလုပ်ဆောင်ခဲ့သည်ဟု ဒေသခံများက ပြောသည်။ ”လမ်းခင်းတဲ့ ကတ္တရာတွေ ကုန်သွားပြီဆိုပြီး ဆရာတော်ဆီကို သွားလျှောက်တော့ ဆရာတော်က ဖုန်းဆက်တယ်၊ မနက်လည်းရောက်ရော ရှမ်းအမျိုးသမီးတယောက်က သိန်းငါးထောင်တောင်းတွေနဲ့ ထည့်ပြီးလာလှူတယ်။ စဉ်းစားလို့မရတာက အဲဒီအချိန် ဘဏ်စနစ်တွေလည်း မကောင်းဘူး၊ သာမန်အမိုျး သမီးတယောက်ပုံစံက သိန်းငါးထောင်ကို တညတည်းနဲ့ လာလှူတာဆိုတော့ တော်တော်အံ့သြသွားတာ ခု ခေတ် သူဌေးတောင် ငွေသိန်းငါးထောင်လိုရင်ချက် ချင်းအဆင်သင့်ရှိပါ့မလား။ ဘဏ်ထုတ်ရမှာနဲ့ ဘာနဲ့လေ။ အဲဒီငွေ လာလှူလည်းပြီးရော ထိုင်းဘက်ကို ကတ္တရာပုံးတွေ လှမ်းမှာပြီး လမ်းတွေခင်းတာ” ဟု ဒေသခံများက ပြောသည်။

ဆရာေ တာ်၏ သီလဂုဏ်၊ ပညာဂုဏ်၊ ခမာ၊ ဇာဂရိယ စသော ဂုဏ်များနှင့် သာသနာရေး အားပေးဆောင်ရွက်တော်မူခြင်းများကို လေးစားလျက်နိုင်ငံတော်အစိုးရက ၁၉၉၁၊ နိုဝင်ဘာ ၂၁ တွင် အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဘွဲ့တံဆိပ်တော်ကို ဆပ်ကပ်လှူဒါန်းခဲ့သည်ဟု သိရသည်။ သာသနာတော်အကျိုးအား သယ်ပိုးထမ်းဆောင်တော် မူရင်း သက်တော် ၉၃ နှစ်၊ သိက္ခာတော် ၇၃ ဝါအရ ၁၃၆၅ ခု၊ နတ်တော်လဆန်း ၆ ရက်၊ ၂၉-၁၁-၂၀၀၃ စနေနေ့ နံနက် ၉ နာရီတွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့သည်။

“ရဟန်းသာမဏေအရေအတွက် လျော့ကျလာ”

ဆရာေ တာ်သည် ၂၉-၁၁-၂၀၀၃ တွင် ဘဝ နတ်ထံပျံလွန်တော်မူခဲ့သဖြင့် လက်ရှိ ၂၉-၁၁-၂၀၁၆ တွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့သည်မှာ ၁၃ နှစ်တင်းတင်းပြည့်ခဲ့ပြီဖြစ်သည်။ ယင်းကဲ့သို့ ၁၃ နှစ် ကြာမြင့်ခဲ့သော်လည်း ဆရာတော်ဘုရား ပျံလွန်တော်မူပြီးစအချိန် ဆရာတော်၏ရုပ်ကလာပ်တော် ရှိစဉ်က သာမညတောင်သို့ ဘုရားဖူးလာရောက်သူ အများအပြားရှိသေးသည်ဟု လက်ရှိ သီတင်းသုံးနေသော ဦးပဥ္စင်းတပါးက မိန့်သည်။ ”ဆရာတော်ရှိတုန်းက ရဟန်း၊ သာမဏေ၊ သီလရှင်၊ ယောဂီ ငါးရာ လောက် သီတင်းသုံးကြပေမယ့် အခုဆို စုစုပေါင်းအပါး သုံးဆယ်လောက်ပဲရှိတယ်။ အခြားပြောင်းပြီး သီတင်းသုံးသူရှိသလို လူထွက်တဲ့ သူတွေလည်း ထွက်ကုန်ကြပြီ။ ကိုရင်ဆိုရင် အခုတပါးပဲရှိတော့တယ်” ဟု မိန့် သည်။

”ပြည်တွင်းဘုရာဖူးခရီးစဉ်မှ ကွယ်ပျောက်ခဲ့တဲ့သာမည”

သာမညဆရာတော်ဘုရားကြီး ပျံတော်မူပြီး ရုပ်ကလာပ်တော်ရှိစဉ်က မြန်မာပြည်ဘုရားဖူးခရီးစဉ်များ တွင် သာမညဘုရားဖူးခရီးစဉ်အဖြစ် ရှိနေသေးသော်လည်း ရုပ်ကလာပ်တော် ခိုးယူခံရပြီးနောက်ပိုင်းတွင် ဘုရားဖူးခရီးစဉ်အဖြစ် တဖြည်းဖြည်းကွယ်ပျောက်လာခဲ့သည့်အပြင် ရဟန်း၊ သာမဏေ၊ သီလရှင် ယောဂီများလည်း လျော့ပါးလာခဲ့သည်ဟု မိန့်သည်။ ဆရာ တော်ဘုရားကြီးရှိစဉ်က လူထုဧည့်ပရိသတ်အတွက် သက်သတ်လွတ်ထမင်းဟင်းကျွေးရာ ဆန်တင်းပေါင်း တရာကျော်နေ့စဉ်ချက်ပြုတ်ခဲ့ရပြီး လက်ရှိအချိန်တွင် ဆန် ၃ တင်းခန့်သာ ချက်ပြုတ်ရပြီး ဘုရားဖူးလာရောက်သူများအား သက်သတ်လွတ်ထမင်းဟင်း ကျွေး မွေးနေဆဲပဲဖြစ်သည်ဟု မိန့်သည်။

သာမည ဆရာတော်ဘုရားကြီး ဘဝနတ်ထံပျံလွန်တော်မူပြီး၁၃ နှစ် ပြည့်ချိန်တွင် သာမညတောင်သို့ ပြည်တွင်းခရီးသွားလုပ်ငန်းများ မရှိတော့သကဲ့သို့ သာမညတောင်တွင် သီတင်းသုံးသည့် ရဟန်းသာမဏေ သီလရှင်ယောဂီများလည်း နည်းပါးသွားခဲ့သည်။ သို့သော်လည်း ဆရာတော်၏ ဘုန်းတန်ခိုးအာနုဘော်နှင့် သာမညတောင်၏ အရိပ်အာဝါသကြောင့် သာမညမြို့ကလေးသည် နှစ် ၃၀ ခန့်အတွင်း အခြေချနေထိုင်သူများဖြင့် စည်ကားနေသည်ကို တွေ့မြင်နေရသည်။

ကိုခက်

Add a Comment

Your email address will not be published. Required fields are marked *