ခန္ဓာကိုယ်ကမလိုအပ်တဲ့အဆီပိုတွေကို ခေတ်မှီနည်းပညာနဲ့ဖယ်ရှားလိုက်ပြီလို့ ရွှေပိုးအိမ်ဖွင့်ဟလာ

Posted on

လှပြီးသားသူဖြစ်ပေမယ့် လှသထက်လှအောင်ပြောင်းလဲတတ်တဲ့ ရွှေပိုးအိမ်ဟာ ဒီကနေ့မှာလည်း သူမရဲ့ ကြီးကြီးမားမားပြောင်းလဲမှုကိုပြသလာပါတယ်။ ရွှေပိုးအိမ်က “Grand Plastic Surgery Center မှာ ဗိုက်ကို liposuction အောင်မြင်စွာလုပ်ပြီးပါကြောင်း. . Before after လေးကို Vlog နဲ့ ပြမယ်နော်” ဆိုပြီး သူမရဲ့ ဗိုက်ကို အဆီထုတ်ခဲ့တဲ့အကြောင်းကို ပရိသတ်တွေဆီ ပြောပြလာပါတယ်။

မင်းသမီးချောလေး ရွှေပိုးအိမ်ကတော့ လတ်တလောမှာဆိုရင် သီချင်းတွေမှာလည်း ပါဝင်သရုပ်ဆောင်နေပြီး အနုပညာအလုပ်တွေကို ဖြည်း ဖြည်းမှန်မှန်လုပ်ဆောင်နေတာဖြစ်ပါတယ်။ရွှေပိုးအိမ်ကို ချစ်ခင်အား ပေးကြတဲ့ ပရိသတ်တွေလည်းရှိလို့ သူမကတော့ အနုပညာလောကမှာ နေရာတစ်နေရာရရှိနေတာပဲဖြစ်ပါတယ်နော်။ရွှေပိုးအိမ်ရဲ့ အားသာချက်တစ်ခုကတော့ အမြဲတမ်းပြုံးနေတတ်တာပါ။

ချစ်စရာကောင်းစွာနေတတ်တာကြောင့် ပရိသတ်တွေက ပိုလို့တောင်ချစ်ကြတာဖြစ်ပါတယ်။ရွှေပိုးအိမ်ကတော့ ခန္ဓာကိုယ်ဝမ်းဗိုက်ကအဆီတွေကို ခေတ်မှီနည်းပညာတွေအသုံးပြုပြီး အဆီထုတ်ပစ်ခဲ့တာပဲဖြစ်ပါတယ်။ ရွှေပိုးအိမ်ရဲ့ ခန္ဓာကိုယ်လေး ဘယ်လောက်တောင်ပြောင်းလဲပြီး လှပသွားမလဲဆိုတာ သိချင်နေကြပြီထင်ပါတယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *