ေရွးေဟာင္းယဥ္ေက်းမႈနယ္ေျမ ပု ဂံဘုရား မွာ ညစ္ညမ္းဗီဒီယို႐ိုက္ကူးခဲ့တဲ့ ႏိုင္ငံျခားသားစုံတြဲ ကို စုံစမ္းေန

ဘယ္တုန္းကလာၿပီးအခုလို႐ိုက္သြားလဲဆိုတာက အတိအက်မသိရေသးဘူး။ က်ဴးလြန္ခဲ့တဲ့သူေတြကို သိရရင္ေတာ့ ဥပေဒအတိုင္းထိထိေရာက္ေရာက္ေဆာင္႐ြက္မွာပါ” လို႔ ေညာင္ဦးၿမိဳ႕ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ မဲဆႏၵနယ္အမွတ္(၂)မွ ဦးျမင့္စိန္က Duwun ကိုေျပာပါတယ္။

ပုဂံေရွးေဟာင္းယဥ္ေက်းမႈ နယ္ေျမမွာ ဘုရားေပါင္း(၃၀၀၀)ေက်ာ္ရွိၿပီး နာမည္ႀကီး တန္ခိုးႀကီးဘုရားေတြမွာဆိုရင္ ေဂါပကအဖြဲ႕ေတြ၊ လုံၿခဳံေရးေတြရွိေပမယ့္ အခုလို လူသြားလူသာနည္းတဲ့ ဘုရားနယ္ေျမေတြမွာေတာ့ လုံၿခဳံေရးအင္အားေတြေတာ့ မရွိဘူးလို႔ ဦးျမင့္ စိန္ကေျပာပါတယ္။

ဒါေၾကာင့္ အခုလိုအျဖစ္မ်ိဳးေနာက္ထပ္ ထပ္မျဖစ္ေအာင္ ေရွးေဟာင္းသုေတသနမွာလည္း တာဝန္ရွိၿပီး ျပည္သူလူထုအေနနဲ႔ကလည္း သတင္းရရွိတယ္ဆိုရင္ ခ်က္ခ်င္းသတင္းပို႔သင့္တယ္လို႔ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးျမင့္စိန္က အႀကံျပဳေျပာဆိုခဲ့ပါတယ္။

အဆိုပါ ႏိုင္ငံျခားသားစုံတြဲ႐ိုက္ကူးခဲ့တဲ့ ညစ္ညမ္း video ဟာဆိုရင္ ယခုရက္ပိုင္း online မွာ ပ်ံ႕ႏွံ႔ေနၿပီး လူမႈကြန္ရက္သုံးစြဲေနသူေတြၾကားမွာလည္း ေဝဖန္ေျပာဆိုမႈေတြျမင့္တက္ေနခဲ့ပါတယ္။

ညစ္ညမ္းဗီဒီယို႐ိုက္ကူးခဲ့တဲ့ ႏိုင္ငံျခားသားစုံတြဲတည္းခိုခဲ့တဲ့ ဟိုတယ္ကို လိုက္လံစုံစမ္းၿပီး က်ဴးလြန္ခဲ့တဲ့သူေတြကို ဥပေဒအတိုင္းေဆာင္႐ြက္သြားမယ္လို႔ တာဝန္ရွိသူေတြကေျပာပါတယ္။

ပုဂံဘုရားအမွတ္(၁၅၅၄)မွာ ညစ္ညမ္းဗီဒီယို႐ိုက္ကူးခဲ့တဲ့ ႏိုင္ငံျခားသားစုံတြဲတည္းခိုခဲ့တဲ့ ဟိုတယ္ကို လိုက္လံစုံစမ္းေနတယ္လို႔ ေရွးေဟာင္းသုေတသန ပုဂံဌာနခြဲမွ သိရပါတယ္။

ဒီျဖစ္စဥ္နဲ႔ ပတ္သက္ၿပီး ပုဂံယဥ္ေက်းမႈနယ္ေျမ ပရဝုဏ္အတြင္းမွာ ညစ္ညစ္း video ႐ိုက္သြားတဲ့ စုံတြဲဟာ မည္သူမည္ဝါဆိုတာသိရမွ အေရးယူေဆာင္႐ြက္လို႔ရမွာျဖစ္လို႔ ဟိုတယ္ေတြမွာ စုံစမ္းမႈေတြျပဳလုပ္ေနၿပီျဖစ္တယ္လို႔ ေရွးေဟာင္းသုေတသန ပုဂံဌာနခြဲမွ ၫႊန္ၾကားေရးမႉး ဦးေအာင္ေက်ာ္ေက်ာ္က ကိုေျပာပါတယ္။

“ ဒီေန႔ကစၿပီး ပုဂံမွာရွိတဲ့ ဟိုတယ္ေတြကို ႏိုင္ငံျခားသားအဝင္အထြက္စာရင္းေတြ စစ္ေဆးေနၿပီ။ အခုက Video ပ်ံ႕လာလို႔သာသိရတယ္ဆိုေပမယ့္ က်ဴးလြန္တဲ့သူေတြက မည္သူမည္ဝါ၊

ဘယ္ႏိုင္ငံကလဲေတာင္မသိရေသးဘူး။ သူတို႔ဘယ္သူဆိုတာသိရမွ ဥပေဒေၾကာင္းနားလည္တဲ့သူေတြနဲ႔ တိုင္ပင္ၿပီး အေရးယူေဆာင္႐ြက္သြားဖို႔လုပ္ရမွာ ျဖစ္တယ္” လို႔ ဦးေအာင္ေက်ာ္ေက်ာ္က ေျပာပါတယ္။

အခုလိုျဖစ္ပြားခဲ့တာနဲ႔ ပတ္သက္လို႔ တိုင္းအစိုးရကလည္း ၫႊန္ၾကားခ်က္ထုတ္ထားၿပီး အျမန္ဆုံးေဖာ္ထုတ္အေရးယူဖို႔ေျပာထားတယ္လို႔လည္းသိရပါတယ္။

“ ဒီကိစၥနဲ႔ ပတ္သက္ၿပီး ပုဂံေရွးေဟာင္းသုေတသနက တာဝန္ရွိသူေတြအေနနဲ႔ ဒီကေန႔အစည္းအေဝးတစ္ခုလုပ္တယ္။ ကြၽန္ေတာ္တို႔သိသေလာက္ဆိုရင္ ဒီစုံတြဲက ေနရာေတာ္ေတာ္မ်ားမ်ားမွာ အခုလိုေတြ႐ိုက္ၿပီး ဝက္ဆိုက္ဒ္မွာ တင္ေနတဲ့သူေတြလည္းျဖစ္တယ္။

REF: SHWE WIKI

UNICODE

ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ပု ဂံဘုရား မှာ ညစ်ညမ်းဗီဒီယိုရိုက်ကူးခဲ့တဲ့ နိုင်ငံခြားသားစုံတွဲ ကို စုံစမ်းနေ

ဘယ်တုန်းကလာပြီးအခုလိုရိုက်သွားလဲဆိုတာက အတိအကျမသိရသေးဘူး။ ကျူးလွန်ခဲ့တဲ့သူတွေကို သိရရင်တော့ ဥပဒေအတိုင်းထိထိရောက်ရောက်ဆောင်ရွက်မှာပါ” လို့ ညောင်ဦးမြို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဦးမြင့်စိန်က Duwun ကိုပြောပါတယ်။

ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေမှာ ဘုရားပေါင်း(၃၀၀၀)ကျော်ရှိပြီး နာမည်ကြီး တန်ခိုးကြီးဘုရားတွေမှာဆိုရင် ဂေါပကအဖွဲ့တွေ၊ လုံခြုံရေးတွေရှိပေမယ့် အခုလို လူသွားလူသာနည်းတဲ့ ဘုရားနယ်မြေတွေမှာတော့ လုံခြုံရေးအင်အားတွေတော့ မရှိဘူးလို့ ဦးမြင့် စိန်ကပြောပါတယ်။

ဒါကြောင့် အခုလိုအဖြစ်မျိုးနောက်ထပ် ထပ်မဖြစ်အောင် ရှေးဟောင်းသုတေသနမှာလည်း တာဝန်ရှိပြီး ပြည်သူလူထုအနေနဲ့ကလည်း သတင်းရရှိတယ်ဆိုရင် ချက်ချင်းသတင်းပို့သင့်တယ်လို့ လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စိန်က အကြံပြုပြောဆိုခဲ့ပါတယ်။

အဆိုပါ နိုင်ငံခြားသားစုံတွဲရိုက်ကူးခဲ့တဲ့ ညစ်ညမ်း video ဟာဆိုရင် ယခုရက်ပိုင်း online မှာ ပျံ့နှံ့နေပြီး လူမှုကွန်ရက်သုံးစွဲနေသူတွေကြားမှာလည်း ဝေဖန်ပြောဆိုမှုတွေမြင့်တက်နေခဲ့ပါတယ်။

ညစ်ညမ်းဗီဒီယိုရိုက်ကူးခဲ့တဲ့ နိုင်ငံခြားသားစုံတွဲတည်းခိုခဲ့တဲ့ ဟိုတယ်ကို လိုက်လံစုံစမ်းပြီး ကျူးလွန်ခဲ့တဲ့သူတွေကို ဥပဒေအတိုင်းဆောင်ရွက်သွားမယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။

ပုဂံဘုရားအမှတ်(၁၅၅၄)မှာ ညစ်ညမ်းဗီဒီယိုရိုက်ကူးခဲ့တဲ့ နိုင်ငံခြားသားစုံတွဲတည်းခိုခဲ့တဲ့ ဟိုတယ်ကို လိုက်လံစုံစမ်းနေတယ်လို့ ရှေးဟောင်းသုတေသန ပုဂံဌာနခွဲမှ သိရပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပုဂံယဉ်ကျေးမှုနယ်မြေ ပရဝုဏ်အတွင်းမှာ ညစ်ညစ်း video ရိုက်သွားတဲ့ စုံတွဲဟာ မည်သူမည်ဝါဆိုတာသိရမှ အရေးယူဆောင်ရွက်လို့ရမှာဖြစ်လို့ ဟိုတယ်တွေမှာ စုံစမ်းမှုတွေပြုလုပ်နေပြီဖြစ်တယ်လို့ ရှေးဟောင်းသုတေသန ပုဂံဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ကျော်က ကိုပြောပါတယ်။

“ ဒီနေ့ကစပြီး ပုဂံမှာရှိတဲ့ ဟိုတယ်တွေကို နိုင်ငံခြားသားအဝင်အထွက်စာရင်းတွေ စစ်ဆေးနေပြီ။ အခုက Video ပျံ့လာလို့သာသိရတယ်ဆိုပေမယ့် ကျူးလွန်တဲ့သူတွေက မည်သူမည်ဝါ၊

ဘယ်နိုင်ငံကလဲတောင်မသိရသေးဘူး။ သူတို့ဘယ်သူဆိုတာသိရမှ ဥပဒေကြောင်းနားလည်တဲ့သူတွေနဲ့ တိုင်ပင်ပြီး အရေးယူဆောင်ရွက်သွားဖို့လုပ်ရမှာ ဖြစ်တယ်” လို့ ဦးအောင်ကျော်ကျော်က ပြောပါတယ်။

အခုလိုဖြစ်ပွားခဲ့တာနဲ့ ပတ်သက်လို့ တိုင်းအစိုးရကလည်း ညွှန်ကြားချက်ထုတ်ထားပြီး အမြန်ဆုံးဖော်ထုတ်အရေးယူဖို့ပြောထားတယ်လို့လည်းသိရပါတယ်။

“ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပုဂံရှေးဟောင်းသုတေသနက တာဝန်ရှိသူတွေအနေနဲ့ ဒီကနေ့အစည်းအဝေးတစ်ခုလုပ်တယ်။ ကျွန်တော်တို့သိသလောက်ဆိုရင် ဒီစုံတွဲက နေရာတော်တော်များများမှာ အခုလိုတွေရိုက်ပြီး ဝက်ဆိုက်ဒ်မှာ တင်နေတဲ့သူတွေလည်းဖြစ်တယ်။

REF:      SHWE  WIKI

Add a Comment

Your email address will not be published. Required fields are marked *