ဂျန်းတောလေးဟာ အသက်မပြည့်သေးဘဲ လောကဓံနဲ့ ရင်ဆိုင်နေရတာမို့ ပရိသတ်တွေ ကလည်း ဂရုဏာသက်နေကြတာပါ။ ဂျမ်းတောတို့မိသားစုလေးလည်း စီးပွားရေးတွေ အဆင်ပြေပြီး ခက်ခဲတဲ့ ဘဝတွေကနေ ရုန်းထွက်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
သရက်ကင်လေးကို ရောင်းပြီး မိသားစု စားဝတ်နေရေးအတွက် ခက်ခက်ခဲခဲရှာဖွေ ရုန်းကန်နေတဲ့ အသက် (၁၀) နှစ် အရွယ် သာ ရှိသေးတဲ့ ဂျမ်းတောကတော့ စကားကိုအမြန်ပြောရင်းကနေ လူမှုကွန်ယက်ပေါ်မှာ နာမည်ကြီးလာခဲ့တာပဲ ဖြစ်ပါတယ်။
ဂျမ်းတောလေးက မွေးချင်းမောင်နှမ (၁၀)ယောက်လုံးကို သရက်ကင် ရောင်းရင်းရှာဖွေ ကျွေးနေတာဖြစ်ပါတယ်။ ဂျမ်းတောလေးရဲ့ အမေဖြစ်သူကလည်း ကျောက်ကပ်ရောဂါ နဲ့ မကြာသေးခင်ရက်ပိုင်းလေးကပဲ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။