၀ူဟန္ဗိုင္းရပ္စ္ႏွင့္မတူေသာ ကို႐ိုနာဗိုင္း ရပ္စ္သစ္ ကို ျမန္မာႏိုင္ငံ က ဂူေအာင္းလင္းႏို႔မ်ားတြင္ေတြ႕ရွိ ထား

စမစ္ ဆိုးနီးယန္း တကၠသိုလ္ရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ ပေရာဂ်က္ဟာ ဒီေအဂ်င္စီက လုပ္ေနတဲ့ အားထုတ္မႈ အစိတ္အပိုင္း ျဖစ္ပါတယ္။ျမန္မာႏိုင္ငံအတြင္း လြန္ခဲ့တဲ့ ငါးႏွစ္က စတင္ခဲ့တဲ့ ပေရာဂ်က္ ဟာ ၂၀၁၉ စက္တင္ဘာမွာ အဆုံးသတ္ခဲ့တာပါ။ ပရစ္ဒစ္ အဖြဲ႕ဝင္ အသင္းေတြဟာ က်န္ခဲ့တဲ့ ဆယ္ႏွစ္အတြင္း ကို႐ိုနာ ဗိုင္းရပ္စ္ အမ်ိဳးအစားေပါင္း ၁၆၀ အပါအဝင္ ႏို႔တိုက္သတၱဝါေတြကို ကူးစက္တဲ့ ဗိုင္းရပ္စ္သစ္ ၁၂၀၀ေက်ာ္ကို ရွာေတြ႕ခဲ့တယ္လို႔လည္း မာေရးက ေျပာပါတယ္။

စမစ္ဆိုးနီးယန္းက သား႐ိုင္းတိရစာၦန္ေရးရာ ပညာရွင္ေတြဟာ တိရစာၦန္႐ုံေတြကေန လူကို ေရာဂါကူးစက္မႈ ေလွ်ာ့ခ်ေရး အလားအလာ ေတြကို ကမာၻတဝန္းမွာ က်န္ခဲ့တဲ့ ဆယ္စုႏွစ္အတြင္း ရွာေဖြ ေဖာ္ထုတ္ခဲ့တယ္လို႔ ဝါရွင္တန္ပို႔စ္ သတင္းစာက ေရးပါတယ္။တ ကမာၻလုံး တျခားဘယ္ေနရာမွာမွ မေတြ႕ဖူးေသးတဲ့ ကို႐ိုနာဗိုင္းရပ္စ္သစ္ကို ျမန္မာႏိုင္ငံက ဂူေအာင္းလင္းႏို႔ေတြဆီမွာ ေတြ႕ထားတယ္လို႔ စမစ္ဆိုး နီးယန္း သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေစာင့္ေရွာက္ေရး ဇီဝေဗဒဌာန ကမာၻ႔က်န္းမာေရး အစီအစဥ္မွာ အလုပ္လုပ္ေနတဲ့ ေတာ႐ိုင္း တိရစာၦန္ကု ဆရာဝန္ မာ့ခ္ဗာလစ္တီတိုကို ကိုးကားၿပီး ဝါရွင္တန္ပို႔စ္ သတင္းစာက ေဖေဖာ္ဝါရီ ၉ ရက္မွာ ေရးပါတယ္။

ဗာလစ္တီတိုဟာ တိရစာၦန္ကေန လူကို ကူးစက္ႏိုင္တဲ့ ဗိုင္းရပ္စ္ေတြကို အထူးျပဳ ေလ့လာခဲ့သူ ျဖစ္ပါတယ္။ သူဟာ လင္းႏို႔ေတြဆီက သြားေရနဲ႔ မစင္နမူနာေတြကိုတင္ စစ္တမ္းေကာက္ခဲ့တာ မဟုတ္ဘဲ ဗိုင္းရပ္စ္ ကူးစက္ႏိုင္ေလာက္တဲ့ နည္းလမ္းေတြကို နားလည္ဖို႔ ေဒ သတြင္း လူေတြရဲ႕ အျပဳအမူေတြကိုပါ ေလ့လာခဲ့တာပါ။ျမန္မာႏိုင္ငံအတြင္း ဂူေတြအမ်ားအျပားဟာ ဘာသာေရးအရ ျမင့္ျမတ္တဲ့ ေနရာ ေတြအျဖစ္ သတ္မွတ္ခံထားရၿပီး လူေတြက ဂူထဲ ဖိနပ္ေတြ ေျခအိတ္ေတြ ခြၽတ္ၿပီးဝင္ရတဲ့ဓေလ့ထုံးစံေၾကာင့္ ေျခေထာက္ကေန ကူးစက္ႏိုင္ေျခရွိတယ္လို႔ ဆိုပါတယ္။

တခ်ိဳ႕ ေဒသခံေတြကလည္း ေတာေကာင္သား ေဈးကြက္ထဲမွာ လင္းႏို႔ေတြကို စားတာေရာင္းတာ ရွိေနတယ္လို႔ ဗာလစ္တီတိုက ေျပာပါ တယ္။ျမန္မာႏိုင္ငံအတြင္း ပ်ားလင္းႏို႔လို႔ေခၚတဲ့ ဟမ္ဘယ္ဘီး လင္းႏို႔မ်ိဳးစိတ္ထဲက လင္းႏို႔ေကာင္ေရ တေထာင္ေက်ာ္ကေန နမူနာ တ ေသာင္းေက်ာ္ ေကာက္ယူစုေဆာင္း စမ္းသပ္ထားခဲ့တယ္။စမ္းသပ္ခ်က္အရ ကမာၻေပၚ ဘယ္ေနရာမွာမွ မေတြ႕ေသးတဲ့ ကို႐ိုနာဗိုင္းရပ္စ္ ရွိေနတယ္လို႔ စစ္တမ္းက ဆိုပါတယ္။ ဒါေပမယ့္ ဒီကို႐ိုနာ ဗိုင္းရပ္စ္သစ္ဟာ လူသားေတြအတြက္ ဆိုး႐ြားတဲ့ က်န္းမာေရး ျပႆနာေတြ ကို ျဖစ္ေစႏိုင္တဲ့ စြမ္းရည္ရွိမယ္မထင္ဘူးလို႔ စမစ္ဆိုးနီးယန္းတကၠသိုလ္ ကမာၻ႔ က်န္းမာေရး အစီအစဥ္ရဲ႕ ၫႊန္ၾကားေရးမႉး ဆူဇန္မာေရးက ေျပာပါတယ္။

အနာဂတ္မွာ ဘာျဖစ္မယ္ဆိုတာ မသိေသးေပမယ့္ အနည္းဆုံးေတာ့ က်မတို႔မွာ သတင္းအခ်က္အလက္ ရွိထားၿပီးၿပီလို႔ သူက ေျပာပါတယ္။ ႏိုင္ငံတကာမွာ အသစ္ထြက္ေပၚလာတဲ့ ကူးစက္ေရာဂါေတြရဲ႕ ၿခိမ္းေျခာက္မႈကို ေလ့လာတဲ့ အေမရိကန္ ေအဂ်င္စီ PREDICT ဟာ ႏိုင္ငံေပါင္း ၃၀ေက်ာ္မွာ အလုပ္လုပ္ေနတဲ့ အဖြဲ႕အစည္း ငါးခု ပူးေပါင္း ဖြဲ႕စည္းထားတဲ့ ေအဂ်င္စီျဖစ္ေၾကာင္း သိရပါတယ္။

REF: ဒီဗြီဘီ

UNICODE

ဝူဟန်ဗိုင်းရပ်စ်နှင့်မတူသော ကိုရိုနာဗိုင်း ရပ်စ်သစ် ကို မြန်မာနိုင်ငံ က ဂူအောင်းလင်းနို့များတွင်တွေ့ရှိ ထား

စမစ် ဆိုးနီးယန်း တက္ကသိုလ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ပရောဂျက်ဟာ ဒီအေဂျင်စီက လုပ်နေတဲ့ အားထုတ်မှု အစိတ်အပိုင်း ဖြစ်ပါတယ်။မြန်မာနိုင်ငံအတွင်း လွန်ခဲ့တဲ့ ငါးနှစ်က စတင်ခဲ့တဲ့ ပရောဂျက် ဟာ ၂၀၁၉ စက်တင်ဘာမှာ အဆုံးသတ်ခဲ့တာပါ။ ပရစ်ဒစ် အဖွဲ့ဝင် အသင်းတွေဟာ ကျန်ခဲ့တဲ့ ဆယ်နှစ်အတွင်း ကိုရိုနာ ဗိုင်းရပ်စ် အမျိုးအစားပေါင်း ၁၆၀ အပါအဝင် နို့တိုက်သတ္တဝါတွေကို ကူးစက်တဲ့ ဗိုင်းရပ်စ်သစ် ၁၂၀၀ကျော်ကို ရှာတွေ့ခဲ့တယ်လို့လည်း မာရေးက ပြောပါတယ်။

စမစ်ဆိုးနီးယန်းက သားရိုင်းတိရစ္ဆာန်ရေးရာ ပညာရှင်တွေဟာ တိရစ္ဆာန်ရုံတွေကနေ လူကို ရောဂါကူးစက်မှု လျှော့ချရေး အလားအလာ တွေကို ကမ္ဘာတဝန်းမှာ ကျန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်း ရှာဖွေ ဖော်ထုတ်ခဲ့တယ်လို့ ဝါရှင်တန်ပို့စ် သတင်းစာက ရေးပါတယ်။တ ကမ္ဘာလုံး တခြားဘယ်နေရာမှာမှ မတွေ့ဖူးသေးတဲ့ ကိုရိုနာဗိုင်းရပ်စ်သစ်ကို မြန်မာနိုင်ငံက ဂူအောင်းလင်းနို့တွေဆီမှာ တွေ့ထားတယ်လို့ စမစ်ဆိုး နီးယန်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး ဇီဝဗေဒဌာန ကမ္ဘာ့ကျန်းမာရေး အစီအစဉ်မှာ အလုပ်လုပ်နေတဲ့ တောရိုင်း တိရစ္ဆာန်ကု ဆရာဝန် မာ့ခ်ဗာလစ်တီတိုကို ကိုးကားပြီး ဝါရှင်တန်ပို့စ် သတင်းစာက ဖေဖော်ဝါရီ ၉ ရက်မှာ ရေးပါတယ်။

ဗာလစ်တီတိုဟာ တိရစ္ဆာန်ကနေ လူကို ကူးစက်နိုင်တဲ့ ဗိုင်းရပ်စ်တွေကို အထူးပြု လေ့လာခဲ့သူ ဖြစ်ပါတယ်။ သူဟာ လင်းနို့တွေဆီက သွားရေနဲ့ မစင်နမူနာတွေကိုတင် စစ်တမ်းကောက်ခဲ့တာ မဟုတ်ဘဲ ဗိုင်းရပ်စ် ကူးစက်နိုင်လောက်တဲ့ နည်းလမ်းတွေကို နားလည်ဖို့ ဒေ သတွင်း လူတွေရဲ့ အပြုအမူတွေကိုပါ လေ့လာခဲ့တာပါ။မြန်မာနိုင်ငံအတွင်း ဂူတွေအများအပြားဟာ ဘာသာရေးအရ မြင့်မြတ်တဲ့ နေရာ တွေအဖြစ် သတ်မှတ်ခံထားရပြီး လူတွေက ဂူထဲ ဖိနပ်တွေ ခြေအိတ်တွေ ချွတ်ပြီးဝင်ရတဲ့ဓလေ့ထုံးစံကြောင့် ခြေထောက်ကနေ ကူးစက်နိုင်ခြေရှိတယ်လို့ ဆိုပါတယ်။

တချို့ ဒေသခံတွေကလည်း တောကောင်သား ဈေးကွက်ထဲမှာ လင်းနို့တွေကို စားတာရောင်းတာ ရှိနေတယ်လို့ ဗာလစ်တီတိုက ပြောပါ တယ်။မြန်မာနိုင်ငံအတွင်း ပျားလင်းနို့လို့ခေါ်တဲ့ ဟမ်ဘယ်ဘီး လင်းနို့မျိုးစိတ်ထဲက လင်းနို့ကောင်ရေ တထောင်ကျော်ကနေ နမူနာ တ သောင်းကျော် ကောက်ယူစုဆောင်း စမ်းသပ်ထားခဲ့တယ်။စမ်းသပ်ချက်အရ ကမ္ဘာပေါ် ဘယ်နေရာမှာမှ မတွေ့သေးတဲ့ ကိုရိုနာဗိုင်းရပ်စ် ရှိနေတယ်လို့ စစ်တမ်းက ဆိုပါတယ်။ ဒါပေမယ့် ဒီကိုရိုနာ ဗိုင်းရပ်စ်သစ်ဟာ လူသားတွေအတွက် ဆိုးရွားတဲ့ ကျန်းမာရေး ပြဿနာတွေ ကို ဖြစ်စေနိုင်တဲ့ စွမ်းရည်ရှိမယ်မထင်ဘူးလို့ စမစ်ဆိုးနီးယန်းတက္ကသိုလ် ကမ္ဘာ့ ကျန်းမာရေး အစီအစဉ်ရဲ့ ညွှန်ကြားရေးမှူး ဆူဇန်မာရေးက ပြောပါတယ်။

အနာဂတ်မှာ ဘာဖြစ်မယ်ဆိုတာ မသိသေးပေမယ့် အနည်းဆုံးတော့ ကျမတို့မှာ သတင်းအချက်အလက် ရှိထားပြီးပြီလို့ သူက ပြောပါတယ်။ နိုင်ငံတကာမှာ အသစ်ထွက်ပေါ်လာတဲ့ ကူးစက်ရောဂါတွေရဲ့ ခြိမ်းခြောက်မှုကို လေ့လာတဲ့ အမေရိကန် အေဂျင်စီ PREDICT ဟာ နိုင်ငံပေါင်း ၃၀ကျော်မှာ အလုပ်လုပ်နေတဲ့ အဖွဲ့အစည်း ငါးခု ပူးပေါင်း ဖွဲ့စည်းထားတဲ့ အေဂျင်စီဖြစ်ကြောင်း သိရပါတယ်။

REF:     ဒီဗွီဘီ

Add a Comment

Your email address will not be published. Required fields are marked *