အဆိုတော်မေလသံစဉ်က လတ်တလောမှာလည်း မိမိုက်နေတဲ့ဖက်ရှင်လေးနဲ့ လူငယ်ဆန်ဆန်လေး လှသွေးကြွယ်နေတဲ့ ပုံလေးတွေကို ဝေမျှလာပါတယ် ။ ပုံတိုင်းမှာ မေလ တစ်ယောက် ပို့စ်လေးတွေ မျိုးစုံနဲ့ ချစ်စရာကောင်းလွန်းနေလို့ ဝေမျှပေးလိုက်ပါတယ် ။
မေလသံစဉ်ကတော့ အောင်မြင်မှုတွေ ရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး အနုပညာအလုပ်တွေကို ငယ်စဉ်တည်းက လုပ်ကိုင်နေခဲ့တဲ့ အဆိုတော်တစ်ယောက်ပဲ ဖြစ်ပါတယ်။ ခုချိန်အထိလည်း ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာ ရရှိထားဆဲပါ ။
ကိုယ်ပိုင်သံစဉ်သီချင်းကောင်းလေးတွေကို ဖန်တီးတတ်တဲ့အပြင် ပြန် ဆိုတေးလေးတွေကိုလည်း ပရိသတ်အကြိုက်တွေ့အောင် သီဆိုနိုင်ကာ ဂီတလောကမှာ အသက်ငယ်ငယ်လေးနဲ့ အောင်မြင်နေတာ ဖြစ်ပါတယ် ။