ရန္ကုန္ၿမိဳ႕တြင္ စတင္တည္ေဆာက္ေနၿပီျဖစ္တဲ့ ျမန္မာႏိုင္ငံရဲ႕ပထမဆုံး ေျမေအာက္ လူကူးစၾကၤန္လမ္း

စတင္တည္ေဆာက္ေနၿပီျဖစ္တဲ့ ျမန္မာႏိုင္ငံရဲ႕ပထမဆုံး ေျမေအာက္ လူကူးစၾကၤန္လမ္း အေၾကာင္းကို ေဖာ္ျပလိုက္ပါတယ္။အဆိုပါ ရန္ကုန္ၿမိဳ႕ရဲ႕ ပထမဦးဆုံးေသာ ေျမေအာက္လူကူးစၾကၤန္လမ္း (Underpass) ကို ျပည္လမ္းေပၚ မွာစတင္ တည္ေဆာက္ေနပါၿပီ။ စင္ကာပူ ကုမၺဏီ Surbana Jurong က Technical Partner အျဖစ္ ေဆာင္႐ြက္ၿပီး ေ႐ႊေတာင္ ကုမၺဏီက တာဝန္ယူမွာျဖစ္ပါတယ္။

ျပည္လမ္းမွာအခုစတင္ တည္ေဆာက္ေနတဲ့ ျမန္မာႏိုင္ငံရဲ႕ ပထမဆုံး ေျမေအာက္လူကူးစၾကၤန္လမ္း က အရွည္ (၃၀) မီတာ ၊ အက်ယ္ (၃) မီတာ ၊ အျမင့္ (၃) မီတာ ရွိတယ္ ။ Hi-Pile ၊ Precast Tunnel Box and Deck အမ်ိဳးအစားျဖစ္တယ္ လို႔ သိရပါတယ္ ။

ဆက္လက္ၿပီး ေျမေအာက္လမ္း စတင္ေဖာက္လုပ္ေနစဥ္ မီးႀကိဳးမ်ား ေ႐ႊ႕ရမည္ျဖစ္၍ လွည္းတန္းလမ္းမ၊ ေဇယ်ာ၊ အေဝယ်ာ၊ ေခမာလွည္းတန္း (၁,၂.,၃.၄.၅.၆) လမ္း ၊ဗဟိုလမ္း ၊မဟာေဘာဂလမ္း (၁.၂.၃)လမ္း၊ ဝင္းေသာ္တာလမ္းတို႔ ေခတၱဓာတ္အားျပတ္ပါမည္ေၾကာင္း ရန္ကုန္လွ်ပ္စစ္ ဓါတ္အားျဖန႔္ျဖဴးေရး ေကာ္ပိုေရးရွင္း YESCက ေၾကျငာထားပါတယ္။

Thin Sandar Aye

REF: SHWE LIKE

UNICODE

ရန်ကုန်မြို့တွင် စတင်တည်ဆောက်နေပြီဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ပထမဆုံး မြေအောက် လူကူးစင်္ကြန်လမ်း

စတင်တည်ဆောက်နေပြီဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ပထမဆုံး မြေအောက် လူကူးစင်္ကြန်လမ်း အကြောင်းကို ဖော်ပြလိုက်ပါတယ်။အဆိုပါ ရန်ကုန်မြို့ရဲ့ ပထမဦးဆုံးသော မြေအောက်လူကူးစင်္ကြန်လမ်း (Underpass) ကို ပြည်လမ်းပေါ် မှာစတင် တည်ဆောက်နေပါပြီ။ စင်ကာပူ ကုမ္ဗဏီ Surbana Jurong က Technical Partner အဖြစ် ဆောင်ရွက်ပြီး ရွှေတောင် ကုမ္ဗဏီက တာဝန်ယူမှာဖြစ်ပါတယ်။

ပြည်လမ်းမှာအခုစတင် တည်ဆောက်နေတဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး မြေအောက်လူကူးစင်္ကြန်လမ်း က အရှည် (၃၀) မီတာ ၊ အကျယ် (၃) မီတာ ၊ အမြင့် (၃) မီတာ ရှိတယ် ။ Hi-Pile ၊ Precast Tunnel Box and Deck အမျိုးအစားဖြစ်တယ် လို့ သိရပါတယ် ။

ဆက်လက်ပြီး မြေအောက်လမ်း စတင်ဖောက်လုပ်နေစဉ် မီးကြိုးများ ရွှေ့ရမည်ဖြစ်၍ လှည်းတန်းလမ်းမ၊ ဇေယျာ၊ အဝေယျာ၊ ခေမာလှည်းတန်း (၁,၂.,၃.၄.၅.၆) လမ်း ၊ဗဟိုလမ်း ၊မဟာဘောဂလမ်း (၁.၂.၃)လမ်း၊ ဝင်းသော်တာလမ်းတို့ ခေတ္တဓာတ်အားပြတ်ပါမည်ကြောင်း ရန်ကုန်လျှပ်စစ် ဓါတ်အားဖြန့်ဖြူးရေး ကော်ပိုရေးရှင်း YESCက ကြေငြာထားပါတယ်။

Thin Sandar Aye

REF:    SHWE  LIKE

Add a Comment

Your email address will not be published. Required fields are marked *