တ႐ုတ္ႏိုင္ငံမွျပန္လာၿပီး ကို႐ိုနာသံသယရွိသူအရာရွိတစ္ဦး အမ်ားသုံးေရခ်ိဳးကန္သို႔သြားခဲ့၍ ေျမာက္ကိုရီးယား ကြပ္မ်က္

ေတာင္ကိုရီးယားႏွင့္ေျမာက္ကိုရီးယားအၾကားရွိ စစ္ မဲ့ဇုန္ ( DMZ )တြင္လည္း လုံၿခဳံေရး တင္းက်ပ္စြာ ခ်ထားသည္ဟု ဆိုသည္။တ႐ုတ္ ႏိုင္ငံသို႔သြားေရာက္အလုပ္လုပ္ကိုင္သည့္ေျမာက္ကိုရီးယားအလုပ္သမားေသာင္းခ်ီရွိၿပီး မည္မွ်ျပန္ဝင္လာၿပီးျဖစ္သည္ကိုလည္း မည္သူမွ် အတည္မျပဳႏိုင္ေပ။

သို႔ေသာ္ကို႐ိုနာဗိုင္းရပ္စ္ႏွင့္ပတ္သက္၍ေစာင့္ၾကည့္ ကာလကို မူလက ၁၄ ရက္သတ္မွတ္ထားရာမွ WHO ၏ ၫႊန္ၾကားမႈႏွင့္အတူ ရက္ ၃၀ အထိတိုးျမင့္လိုက္သည္ဟု ေျမာက္ကိုရီးယားက ႏိုင္ငံပိုင္ မီဒီယာမ်ားမွ ေၾကညာထားသည္။ ႏိုင္ငံတြင္းသို႔ေရာက္ရွိေနသည့္ ႏိုင္ငံျခား သားမ်ားအ ေနျဖင့္လည္း ၫြန္ၾကားခ်က္မ်ားကို လိုက္နာရန္ ေမွ်ာ္ လင့္ထားသည္ဟု ေၾကညာခ်က္တြင္ ပါရွိသည္။

ထိုအေတာအတြင္း ေျမာက္ကိုရီးယားမွ ကုန္သြယ္ေရးဆိုင္ရာ အရာရွိတစ္ဦးသည္ တ႐ုတ္ႏိုင္ငံသို႔သြားေရာက္ခဲ့သည့္အတြက္ ၎ကို သီးသန႔္ခြဲျခားေနထိုင္ေနေစသည့္ကာလအတြင္း ေျမာက္ကိုရီးယားရွိ အမ်ားသုံးေရခ်ိဳးကန္သို႔ သြားေရာက္ခဲ့သည့္အတြက္ ေျမာက္ကို ရီးယားအာဏာပိုင္မ်ားက ခ်က္ျခင္းဖမ္းဆီးၿပီး ပစ္ခတ္ ကာ ကြပ္မ်က္လိုက္ေၾကာင္း သိရသည္။

အဆိုပါကုန္သြယ္ေရးအရာရွိမွာ အမ်ားျပည္သူသုံးေရခ်ိဳးကန္သို႔သြားေရာက္ျခင္းျဖင့္ ကို႐ိုနာဗိုင္းရပ္စ္ကို အမ်ားျပည္သူၾကားသို႔ ျပန႔္ပြားေစမည့္ အႏၲရာယ္ကိုဖန္တီးခဲ့သည့္အတြက္ ခ်က္ျခင္းဖမ္းဆီးကာပစ္သတ္လိုက္သည္ဟု ေတာင္ကိုရီးယားသတင္းစာ Ding a llbo ၏ ေဖာ္ျပမႈအား ႏိုင္ငံတကာမီဒီယာမ်ားက တစ္ဆင့္ျပန္လည္ေဖာ္ျပသည္။

ေတာင္ကိုရီးယားမီဒီယာ၏ ေဖာ္ျပမႈအရ အဆိုပါကုန္သြယ္ေရး အရာရွိမွာ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံထားရသူျဖစ္သည္ဟုလည္း ဆိုသည္။ ေျမာက္ကိုရီးယားကမူ အဆိုပါသတင္းအျပင္ ကို႐ိုနာဗိုင္းရပ္စ္ျဖစ္ပြားမႈႏွင့္ပတ္သက္၍ မည္သည့္သတင္းကိုမွ အတည္ျပဳထုတ္ျပန္ျခင္း မရွိေပ။

ေတာင္ကိုရီးယားမီဒီယာ Ding a llbo ကမူ ၎တို႔ရရွိသည့္သတင္းအခ်က္အလက္မ်ားအေပၚအေျခခံ၍ ေဖာ္ျပခဲ့ရာတြင္ အဆိုပါကုန္ သြယ္ေရးအရာရွိမွာ တ႐ုတ္ႏိုင္ငံသို႔သြားေရာက္ခဲ့သလို တ႐ုတ္ႏိုင္ငံသားမ်ားႏွင့္ ထိေတြ႕ဆက္ဆံခဲ့သူလည္းျဖစ္၍ သီးသန႔္ခြဲျခားထားကာ ေစာင့္ၾကည့္ျခင္းခံေနရသူဟု ေဖာ္ျပခဲ့သည္။

ေျမာက္ကိုရီးယားမွာ ၎တို႔ႏွင့္တစ္ခုတည္းေသာ အခိုင္အမာသံတမန္ဆက္ဆံေရးရွိသည့္ တ႐ုတ္ႏိုင္ ငံႏွင့္လည္း ၂ ႏိုင္ငံအၾကားထိစပ္ ေနသည့္ နယ္စပ္မ်ားကိုတင္းက်ပ္စြာ ပိတ္ပင္ထားေၾကာင္း သိရသည္။ ေလယာဥ္ခရီးစဥ္မ်ားကိုလည္း ေလ်ာ့ခ်လိုက္ကာ ရထားလမ္း ႏွင့္ကားလမ္းမ်ားတြင္လည္း လုံၿခဳံေရးမ်ား က တင္းက်ပ္စြာေစာင့္ၾကည့္စစ္ေဆးေနသည္ ဟု သိရသည္။

ထို႔အတူ ႏိုင္ငံျခားသားမ်ားဝင္ေရာက္မႈကိုလည္း ပိတ္ပင္ထားသည္။ ေျမာက္ကိုရီးယားႏိုင္ငံ ၿပဳံယမ္းတြင္ အေျခစိုက္သည့္ WHO ကိုယ္ စားလွယ္မ်ားကမူ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံလူနာမ်ားကို မေတြ႕ေသးဟုဆိုထားေသာ္ လည္း ေတာင္ကိုရီးယားမီဒီယာကမူ ေျမာက္ကိုရီး ယားတြင္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံထားရသည့္လူနာအမ်ားအျပားရွိဖြယ္ရွိေနၿပီး ေသဆုံးသူမ်ားပင္ ရွိေနႏိုင္သည္ဟု ေဖာ္ျပထားသည္။

Ref : Daily Mail

UNICODE

တရုတ်နိုင်ငံမှပြန်လာပြီး ကိုရိုနာသံသယရှိသူအရာရှိတစ်ဦး အများသုံးရေချိုးကန်သို့သွားခဲ့၍ မြောက်ကိုရီးယား ကွပ်မျက်

တောင်ကိုရီးယားနှင့်မြောက်ကိုရီးယားအကြားရှိ စစ် မဲ့ဇုန် ( DMZ )တွင်လည်း လုံခြုံရေး တင်းကျပ်စွာ ချထားသည်ဟု ဆိုသည်။တရုတ် နိုင်ငံသို့သွားရောက်အလုပ်လုပ်ကိုင်သည့်မြောက်ကိုရီးယားအလုပ်သမားသောင်းချီရှိပြီး မည်မျှပြန်ဝင်လာပြီးဖြစ်သည်ကိုလည်း မည်သူမျှ အတည်မပြုနိုင်ပေ။

သို့သော်ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်၍စောင့်ကြည့် ကာလကို မူလက ၁၄ ရက်သတ်မှတ်ထားရာမှ WHO ၏ ညွှန်ကြားမှုနှင့်အတူ ရက် ၃၀ အထိတိုးမြင့်လိုက်သည်ဟု မြောက်ကိုရီးယားက နိုင်ငံပိုင် မီဒီယာများမှ ကြေညာထားသည်။ နိုင်ငံတွင်းသို့ရောက်ရှိနေသည့် နိုင်ငံခြား သားများအ နေဖြင့်လည်း ညွန်ကြားချက်များကို လိုက်နာရန် မျှော် လင့်ထားသည်ဟု ကြေညာချက်တွင် ပါရှိသည်။

ထိုအတောအတွင်း မြောက်ကိုရီးယားမှ ကုန်သွယ်ရေးဆိုင်ရာ အရာရှိတစ်ဦးသည် တရုတ်နိုင်ငံသို့သွားရောက်ခဲ့သည့်အတွက် ၎င်းကို သီးသန့်ခွဲခြားနေထိုင်နေစေသည့်ကာလအတွင်း မြောက်ကိုရီးယားရှိ အများသုံးရေချိုးကန်သို့ သွားရောက်ခဲ့သည့်အတွက် မြောက်ကို ရီးယားအာဏာပိုင်များက ချက်ခြင်းဖမ်းဆီးပြီး ပစ်ခတ် ကာ ကွပ်မျက်လိုက်ကြောင်း သိရသည်။

အဆိုပါကုန်သွယ်ရေးအရာရှိမှာ အများပြည်သူသုံးရေချိုးကန်သို့သွားရောက်ခြင်းဖြင့် ကိုရိုနာဗိုင်းရပ်စ်ကို အများပြည်သူကြားသို့ ပြန့်ပွားစေမည့် အန္တရာယ်ကိုဖန်တီးခဲ့သည့်အတွက် ချက်ခြင်းဖမ်းဆီးကာပစ်သတ်လိုက်သည်ဟု တောင်ကိုရီးယားသတင်းစာ Ding a llbo ၏ ဖော်ပြမှုအား နိုင်ငံတကာမီဒီယာများက တစ်ဆင့်ပြန်လည်ဖော်ပြသည်။

တောင်ကိုရီးယားမီဒီယာ၏ ဖော်ပြမှုအရ အဆိုပါကုန်သွယ်ရေး အရာရှိမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူဖြစ်သည်ဟုလည်း ဆိုသည်။ မြောက်ကိုရီးယားကမူ အဆိုပါသတင်းအပြင် ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုနှင့်ပတ်သက်၍ မည်သည့်သတင်းကိုမှ အတည်ပြုထုတ်ပြန်ခြင်း မရှိပေ။

တောင်ကိုရီးယားမီဒီယာ Ding a llbo ကမူ ၎င်းတို့ရရှိသည့်သတင်းအချက်အလက်များအပေါ်အခြေခံ၍ ဖော်ပြခဲ့ရာတွင် အဆိုပါကုန် သွယ်ရေးအရာရှိမှာ တရုတ်နိုင်ငံသို့သွားရောက်ခဲ့သလို တရုတ်နိုင်ငံသားများနှင့် ထိတွေ့ဆက်ဆံခဲ့သူလည်းဖြစ်၍ သီးသန့်ခွဲခြားထားကာ စောင့်ကြည့်ခြင်းခံနေရသူဟု ဖော်ပြခဲ့သည်။

မြောက်ကိုရီးယားမှာ ၎င်းတို့နှင့်တစ်ခုတည်းသော အခိုင်အမာသံတမန်ဆက်ဆံရေးရှိသည့် တရုတ်နိုင် ငံနှင့်လည်း ၂ နိုင်ငံအကြားထိစပ် နေသည့် နယ်စပ်များကိုတင်းကျပ်စွာ ပိတ်ပင်ထားကြောင်း သိရသည်။ လေယာဉ်ခရီးစဉ်များကိုလည်း လျော့ချလိုက်ကာ ရထားလမ်း နှင့်ကားလမ်းများတွင်လည်း လုံခြုံရေးများ က တင်းကျပ်စွာစောင့်ကြည့်စစ်ဆေးနေသည် ဟု သိရသည်။

ထို့အတူ နိုင်ငံခြားသားများဝင်ရောက်မှုကိုလည်း ပိတ်ပင်ထားသည်။ မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းတွင် အခြေစိုက်သည့် WHO ကိုယ် စားလှယ်များကမူ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံလူနာများကို မတွေ့သေးဟုဆိုထားသော် လည်း တောင်ကိုရီးယားမီဒီယာကမူ မြောက်ကိုရီး ယားတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသည့်လူနာအများအပြားရှိဖွယ်ရှိနေပြီး သေဆုံးသူများပင် ရှိနေနိုင်သည်ဟု ဖော်ပြထားသည်။

Ref : Daily Mail

Add a Comment

Your email address will not be published. Required fields are marked *