ခ်စ္သူထားခဲ့စဥ္တုန္းကရင္ခုန္ခဲ့ဘူးၿပီး ခ်စ္သူ နဲ႔အတူတူရွိတဲ့ေန႔ တိုင္းက Valentine’s day ပဲဆိုတဲ့ မတ္မတ္သင္ဇာ

လက္ရွိမွာေတာ့ သင္ဇာဝင့္ေက်ာ္ဟာ အခ်စ္ေရးထက္ မိသားစုကို ပိုၿပီးေတာ့ အခ်ိန္ေပးသြားမယ္လို႔ ဆို ပါတယ္။ ၁၅၀၀ အခ်စ္ထက္ ၅၂၈ ေမတၱာကလည္း ခ်စ္လို႔ရတယ္လို႔ သူကေျပာပါတယ္။“ ခ်စ္သူတစ္ ေယာက္က ကိုယ္ေပးရတာနဲ႔တန္လား တန္လို႔ရွိရင္ တစ္ဘဝလုံးေပးလိုက္မယ္။ ကိုယ္က ေပးရတာမတန္ဘူး၊ ျဖဴစင္တဲ့အခ်စ္ေတြ၊ ဂ႐ုစိုက္မႈေတြ အကုန္လုံး သူ႔ဆီက ျပန္ရတာ အစစ္အမွန္မဟုတ္ဘူးဆိုရင္ ဒါမတန္ဘူးေလ။ မတန္ရင္ေတာ့ ကိုယ့္မိသားစု၊ ကိုယ့္အလုပ္၊ ကိုယ့္ ပရိသတ္ေတြနဲ႔ မလဲႏိုင္ဘူး။ အခ်စ္ဆိုတာက ၅၂၈ ေမတၱာနဲ႔လည္း ခ်စ္လို႔ရတာပဲေလ။ ဒါေၾကာင့္ ဒီအခ်စ္ဆိုတာႀကီးက သင္ဇာ့အတြက္အရမ္းအေရးမႀကီးပါဘူး” ဆိုၿပီးေတာ့ ဆက္လက္ ေျပာျပခဲ့ပါတယ္။

သင္ဇာဝင့္ေက်ာ္ဟာ သူမရဲ႕ အခ်စ္ေရးနဲ႔ ပတ္သက္ၿပီး ပရိသတ္ကို ပြင့္ပြင့္လင္းလင္း ေျပာျပတတ္သူတစ္ေယာက္ပါ။ လက္ရွိမွာေတာ့ ခ်စ္သူမရွိေသး ပါဘူး။ သင္ဇာဝင့္ေက်ာ္ဟာ ခႏၶာကိုယ္အလွ အပနဲ႔ ပတ္သက္ၿပီး ပရိသတ္ေတြ ၾကားေရပန္းစားေနသူ တစ္ဦးလည္း ျဖစ္ပါတယ္။ သူ႔ကိုေတာ့ တီဗီေၾကာ္ျငာေတြ၊ ဗီဒီယို ဇာတ္ကားေတြကေနတဆင့္ ပရိသတ္ေတြက စတင္သိရွိ အားေပးလာခဲ့ၾကတာျဖစ္ပါတယ္။ သူမရဲ႕ အႏုပညာသက္တမ္းကလည္း ၁၀ စုႏွစ္တစ္ခုကို ေက်ာ္လြန္လာခဲ့ပါၿပီ။ မၾကာခင္မွာေတာ့ သင္ဇာဝင့္ေက်ာ္ပါဝင္သ႐ုပ္ေဆာင္ထားတဲ့ျမျမ ႐ုပ္ရွင္ဇာတ္ကားကလည္း ပရိသတ္အေရွ႕ကို ေရာက္ရွိလာေတာ့မွာပါ။

ငယ္ငယ္တုန္းက ခ်စ္သူမ်ားေန႔ ဆိုရင္ခုန္ခဲ့ဖူးတာမ်ိဳးရွိတယ္။သင္ဇာဝင့္ေက်ာ္ကေတာ့ Valentine’s day ဆိုတာကို ငယ္ငယ္တုန္းကေတာ့ ရင္ခုန္ခဲ့ဖူးတယ္လို႔ ဆိုပါတယ္။ ခ်စ္သူနဲ႔အတူေပ်ာ္ရတဲ့ေန႔ေတြတိုင္းက Valentine’s day ပဲလို႔ သူကဆိုပါတယ္။ သင္ဇာဝင့္ေက်ာ္ကေတာ့ ခ်စ္သူမ်ားေန႔ နဲ႔ပတ္သက္ၿပီး သူမစိတ္ထဲက ခံစားခ်က္ကို ပြင့္ပြင့္လင္းလင္း ေျပာျပလာပါတယ္။ ငယ္ငယ္တုန္းက ခ်စ္သူထားတဲ့အခ်ိန္ေတြတုန္းက Valentine’s day ကို ရင္ခုန္ခဲ့ဖူးတယ္လို႔ မီဒီယာ အင္တာဗ်ဴးေတြမွာ ေျဖဆိုခဲ့ပါတယ္။

“ငယ္ငယ္တုန္းကေတာ့ ႐ူးတာေပါ့ေနာ္ ခ်စ္သူရွိတဲ့ အခ်ိန္ ပန္းစည္းေတြေပး၊ ေခ်ာကလက္ေတြလဲေပါ့။ အခုက်ေတာ့ ဘာမွ မဟုတ္ေတာ့ဘူး။ ကိုယ့္အလုပ္၊ ကိုယ့္မိဘ၊ ကိုယ့္ပရိသတ္ေတြ၊ ကိုယ့္သူငယ္ခ်င္းေတြ ဒါေတြကပဲ အေရးႀကီးတာ။ တကယ္လို႔ ခ်စ္သူရွိခဲ့တယ္ဆိုရင္ေတာင္မွ ခ်စ္သူနဲ႔ အတူတူေန ရတဲ့ အခ်ိန္တိုင္းက Valentine’s day ပဲေလ။ Valentine’s day မွာမွ မေပ်ာ္မ႐ႊင္ရဘူးဆိုရင္ ဘာမွ အဓိပၸာယ္မရွိဘူး။ Valentine’s day မို႔လို႔ ထူးကဲၿပီး စိတ္ခံစားမႈလည္း သိပ္မရွိပါဘူး” ဆိုၿပီးေတာ့ ေဖေဖာ္ဝါရီလ ၁၃ ရက္ေန႔ မနက္ပိုင္း က House Of Beauty Hair Makeup ဆိုင္သစ္ဖြင့္ပြဲကို တက္ေရာက္ရင္း ေျဖဆိုခဲ့တာပါ။

သူမ ႀကဳံေတြ႕ခဲ့ရတဲ့ အခ်စ္ေရးေတြကလည္း ကံမေကာင္းတာမ်ားတယ္လို႔ သင္ဇာဝင့္ ေက်ာ္က ေျပာပါတယ္။ ကိုယ္တိုင္ကလည္း စိတ္ႀကီးတတ္သူျဖစ္လို႔ လမ္းခြဲခဲ့တာမ်ားတယ္လို႔ဆိုပါတယ္။“ ကိုယ့္ဆီေရာက္လာတဲ့ ခ်စ္သူေတြကေတာ့ ေကာင္းတာ မ်ားပါတယ္။ ကိုယ္ကသာ ဆိုးခဲ့သလိုျဖစ္တာေပါ့ေနာ္။ သင္ဇာက စိတ္ႀကီးတယ္၊ ေဒါသႀကီးတယ္ အဲဒီအတြက္ ကိုယ့္ကို အရမ္းသည္းခံႏိုင္တဲ့လူမွ အဆင္ေျပမွာ။ စိတ္အခန႔္မသင့္လို႔ ရန္ျဖစ္တယ္ ဆိုရင္လည္း သင္ဇာ့ဘက္က ျပတ္သြားတာမ်ားတယ္။ အဓိက ကေတာ့ ကိုယ့္စိတ္ေၾကာင့္ပဲလား မသိဘူး။ ကိုယ္ကေတာ့ ကိုယ့္ကိုယ္ကိုယ္ ကံေကာင္းတဲ့အထဲမွာ ပါတယ္လို႔ မထင္မိဘူး” လို႔ သူကဆိုပါတယ္။

crd : burmeseasia

UNICODE

ချစ်သူထားခဲ့စဉ်တုန်းကရင်ခုန်ခဲ့ဘူးပြီး ချစ်သူ နဲ့အတူတူရှိတဲ့နေ့ တိုင်းက Valentine’s day ပဲဆိုတဲ့ မတ်မတ်သင်ဇာ

လက်ရှိမှာတော့ သင်ဇာဝင့်ကျော်ဟာ အချစ်ရေးထက် မိသားစုကို ပိုပြီးတော့ အချိန်ပေးသွားမယ်လို့ ဆို ပါတယ်။ ၁၅၀၀ အချစ်ထက် ၅၂၈ မေတ္တာကလည်း ချစ်လို့ရတယ်လို့ သူကပြောပါတယ်။“ ချစ်သူတစ် ယောက်က ကိုယ်ပေးရတာနဲ့တန်လား တန်လို့ရှိရင် တစ်ဘဝလုံးပေးလိုက်မယ်။ ကိုယ်က ပေးရတာမတန်ဘူး၊ ဖြူစင်တဲ့အချစ်တွေ၊ ဂရုစိုက်မှုတွေ အကုန်လုံး သူ့ဆီက ပြန်ရတာ အစစ်အမှန်မဟုတ်ဘူးဆိုရင် ဒါမတန်ဘူးလေ။ မတန်ရင်တော့ ကိုယ့်မိသားစု၊ ကိုယ့်အလုပ်၊ ကိုယ့် ပရိသတ်တွေနဲ့ မလဲနိုင်ဘူး။ အချစ်ဆိုတာက ၅၂၈ မေတ္တာနဲ့လည်း ချစ်လို့ရတာပဲလေ။ ဒါကြောင့် ဒီအချစ်ဆိုတာကြီးက သင်ဇာ့အတွက်အရမ်းအရေးမကြီးပါဘူး” ဆိုပြီးတော့ ဆက်လက် ပြောပြခဲ့ပါတယ်။

သင်ဇာဝင့်ကျော်ဟာ သူမရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး ပရိသတ်ကို ပွင့်ပွင့်လင်းလင်း ပြောပြတတ်သူတစ်ယောက်ပါ။ လက်ရှိမှာတော့ ချစ်သူမရှိသေး ပါဘူး။ သင်ဇာဝင့်ကျော်ဟာ ခန္ဓာကိုယ်အလှ အပနဲ့ ပတ်သက်ပြီး ပရိသတ်တွေ ကြားရေပန်းစားနေသူ တစ်ဦးလည်း ဖြစ်ပါတယ်။ သူ့ကိုတော့ တီဗီကြော်ငြာတွေ၊ ဗီဒီယို ဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေက စတင်သိရှိ အားပေးလာခဲ့ကြတာဖြစ်ပါတယ်။ သူမရဲ့ အနုပညာသက်တမ်းကလည်း ၁၀ စုနှစ်တစ်ခုကို ကျော်လွန်လာခဲ့ပါပြီ။ မကြာခင်မှာတော့ သင်ဇာဝင့်ကျော်ပါဝင်သရုပ်ဆောင်ထားတဲ့မြမြ ရုပ်ရှင်ဇာတ်ကားကလည်း ပရိသတ်အရှေ့ကို ရောက်ရှိလာတော့မှာပါ။

ငယ်ငယ်တုန်းက ချစ်သူများနေ့ ဆိုရင်ခုန်ခဲ့ဖူးတာမျိုးရှိတယ်။သင်ဇာဝင့်ကျော်ကတော့ Valentine’s day ဆိုတာကို ငယ်ငယ်တုန်းကတော့ ရင်ခုန်ခဲ့ဖူးတယ်လို့ ဆိုပါတယ်။ ချစ်သူနဲ့အတူပျော်ရတဲ့နေ့တွေတိုင်းက Valentine’s day ပဲလို့ သူကဆိုပါတယ်။ သင်ဇာဝင့်ကျော်ကတော့ ချစ်သူများနေ့ နဲ့ပတ်သက်ပြီး သူမစိတ်ထဲက ခံစားချက်ကို ပွင့်ပွင့်လင်းလင်း ပြောပြလာပါတယ်။ ငယ်ငယ်တုန်းက ချစ်သူထားတဲ့အချိန်တွေတုန်းက Valentine’s day ကို ရင်ခုန်ခဲ့ဖူးတယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

“ငယ်ငယ်တုန်းကတော့ ရူးတာပေါ့နော် ချစ်သူရှိတဲ့ အချိန် ပန်းစည်းတွေပေး၊ ချောကလက်တွေလဲပေါ့။ အခုကျတော့ ဘာမှ မဟုတ်တော့ဘူး။ ကိုယ့်အလုပ်၊ ကိုယ့်မိဘ၊ ကိုယ့်ပရိသတ်တွေ၊ ကိုယ့်သူငယ်ချင်းတွေ ဒါတွေကပဲ အရေးကြီးတာ။ တကယ်လို့ ချစ်သူရှိခဲ့တယ်ဆိုရင်တောင်မှ ချစ်သူနဲ့ အတူတူနေ ရတဲ့ အချိန်တိုင်းက Valentine’s day ပဲလေ။ Valentine’s day မှာမှ မပျော်မရွှင်ရဘူးဆိုရင် ဘာမှ အဓိပ္ပာယ်မရှိဘူး။ Valentine’s day မို့လို့ ထူးကဲပြီး စိတ်ခံစားမှုလည်း သိပ်မရှိပါဘူး” ဆိုပြီးတော့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ မနက်ပိုင်း က House Of Beauty Hair Makeup ဆိုင်သစ်ဖွင့်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

သူမ ကြုံတွေ့ခဲ့ရတဲ့ အချစ်ရေးတွေကလည်း ကံမကောင်းတာများတယ်လို့ သင်ဇာဝင့် ကျော်က ပြောပါတယ်။ ကိုယ်တိုင်ကလည်း စိတ်ကြီးတတ်သူဖြစ်လို့ လမ်းခွဲခဲ့တာများတယ်လို့ဆိုပါတယ်။“ ကိုယ့်ဆီရောက်လာတဲ့ ချစ်သူတွေကတော့ ကောင်းတာ များပါတယ်။ ကိုယ်ကသာ ဆိုးခဲ့သလိုဖြစ်တာပေါ့နော်။ သင်ဇာက စိတ်ကြီးတယ်၊ ဒေါသကြီးတယ် အဲဒီအတွက် ကိုယ့်ကို အရမ်းသည်းခံနိုင်တဲ့လူမှ အဆင်ပြေမှာ။ စိတ်အခန့်မသင့်လို့ ရန်ဖြစ်တယ် ဆိုရင်လည်း သင်ဇာ့ဘက်က ပြတ်သွားတာများတယ်။ အဓိက ကတော့ ကိုယ့်စိတ်ကြောင့်ပဲလား မသိဘူး။ ကိုယ်ကတော့ ကိုယ့်ကိုယ်ကိုယ် ကံကောင်းတဲ့အထဲမှာ ပါတယ်လို့ မထင်မိဘူး” လို့ သူကဆိုပါတယ်။

crd : burmeseasia

Add a Comment

Your email address will not be published. Required fields are marked *