ေ႐ႊကုကၠိဳ စီမံကိန္း(သို႔မဟုတ္)နယ္ေျမခ်ဲ႕ထြင္ေရး အတြက္ တ႐ုတ္ႏိုင္ငံတည္ေဆာက္ထားေသာလွ်ိဳ႕ဝွက္ၿမိဳ႕ေတာ္

ဆင္းရဲ ေခတ္ေနာက္က်သည့္ ေက်းလက္ေဒသတြင္ ဖြံ႕ၿဖိဳးေရးလုပ္ငန္းမ်ား လာေရာက္လုပ္ကိုင္ျခင္းမွာ ဝင္ေရာက္လာသည့္ ရင္းႏွီးျမႇဳပ္ ႏွံမႈမ်ားေၾကာင့္ လူေနမႈအဆင့္အတန္း တိုးတက္လာမည္ျဖစ္သျဖင့္ သာမန္အားျဖင့္ ႀကိဳဆိုရမည့္အရာ ျဖစ္ေသာ္လည္း ယခုကိစၥရပ္တြင္ မူ အက်ိဳးေက်းဇူးခံစားရမည့္သူမ်ားမွာ ျမန္မာျပည္သူမ်ား မဟုတ္သည္မွ ာရွင္းလင္းသိသာလွသည္။ စီမံကိန္းဧရိယာအတြင္းမွ ေဒသခံ ျပည္သူမ်ားထို ဖြံ႕ၿဖိဳးေရး လုပ္ငန္းမ်ားေၾကာင့္ ေနရာမွ ဖယ္ရွားေပးခဲ့ရၿပီးျဖစ္သည္။ ယင္းအတြက္ ေလ်ာ္ေၾကးရရွိသည္ဆိုလွ်င္ပင္ မဆို စေလာက္ ပမာဏမွ်သာ ရရွိခဲ့ၾကသည္။

စီမံကိန္းအတြက္ လိုအပ္သည့္ တည္ေဆာက္ေရး ပစၥည္းအားလုံးကို တ႐ုတ္ႏွင့္ ထိုင္းမွ ယူေဆာင္လာၾကသည္။ စီမံကိန္းအတြက္ လိုအပ္ သည့္ ကြၽမ္းက်င္လုပ္သားမ်ားကိုလည္း ျမန္မာႏိုင္ငံမွ လုပ္သားမ်ားကို အသုံးမျပဳဘဲ ေထာင္ႏွင့္ခ်ီေသာ တ႐ုတ္အလုပ္သမားမ်ားကို ေ႐ႊ ကုကၠိဳ စီမံကိန္းလုပ္ငန္းရွိရာသို႔ ေခၚေဆာင္လာၾကသည္။ျမန္မာစီမံကိန္းဟု အေပၚယံဘန္းျပထားေသာ္လည္း အမွန္စင္စစ္ တ႐ုတ္အစိုးရ ၏ နယ္ေျမခ်ဲ႕ထြင္ေရး စီမံကိန္းတစ္ခု ျဖစ္သည္။ စီမံကိန္းအတြက္ လိုအပ္သည့္မ်ားျပားလွေသာ ေငြပမာဏ ၂၃.၃၅ ထရီလီယံက်ပ္ (အေမရိကန္ ၁၅ ဘီလီယံေဒၚလာ) ရရွိခဲ့သည္ကိုၾကည့္လွ်င္ ဤအခ်က္မွာ ျမင္သာပါသည္။

တ႐ုတ္၏ အေျခခံ အေဆာက္အအုံ ေဆာက္လုပ္ေရးစီမံကိန္းမ်ားတည္ေဆာက္ပုံအတိုင္းပင္ ေပက်င္းရွိ အစိုးရဗ်ဴ႐ိုကေရစီ ယႏၲရား၏ လက္တံတစ္ခုက လုပ္ကိုင္ေနျခင္း ျဖစ္သည္။ ယခုစီမံကိန္းတြင္ ယာထိုင္းအုပ္စု တည္ေဆာက္ေရးလုပ္ငန္း (Yatai Group ) က လုပ္ကိုင္ လ်က္ရွိသည္။ သို႔ေသာ္ ထိုအုပ္စု၏ ေကာ္ပိုရိတ္စီမံအုပ္ခ်ဳပ္ပုံကိုေသာ္လည္းေကာင္း၊ ယခင္ ေဆာင္႐ြက္ခဲ့ဖူးေသာ လုပ္ငန္းရာဇဝင္ကို ေသာ္လည္းေကာင္း လူသိရွင္ၾကားထုတ္ျပန္ထားသည္မွာ အနည္းအက်ဥ္းသာ ရွိသည္။ ျမန္မာႏွင့္ထိုင္းအၾကား အေရးပါဆုံး ကုန္သြယ္ ေရးလမ္းေၾကာင္းမွာ ကရင္ျပည္နယ္တြင္ရွိၿပီး ျမဝတီၿမိဳ႕ႏွင့္ မဲေဆာက္ၿမိဳ႕တို႔ကို ခ်စ္ၾကည္ေရးတံတားျဖင့္ ဆက္သြယ္ထားသည္။

ထိုသို႔ စည္ကားလွေသာ ကုန္သြယ္ေရးအခ်က္အျခာ ေနရာရွိေနေသာ္လည္း မၾကာေသးမီက ေ႐ႊကုကၠိဳဆိုသည့္ စီမံကိန္းသစ္တစ္ခုကို လူမသိသူမသိ တိတ္တဆိတ္ စတင္ခဲ့သည္။ ေ႐ႊကုကၠိဳသည္ ျမဝတီၿမိဳ႕ ေျမာက္ဘက္ ၁၅ ကီလိုမီတာခန႔္တြင္ တည္ရွိသည့္ တံငါ႐ြာေလး တစ္႐ြာသာျဖစ္သည္။သာမန္ကာလွ်ံကာၾကည့္လွ်င္ ခပ္ေခါင္ေခါင္ ေက်းလက္ေဒသ ႐ြာသိမ္႐ြာငယ္ေလး တစ္႐ြာတြင္ျပဳလုပ္သည့္ ေ႐ႊ ကုကၠိဳ စီမံကိန္းမွာ စိတ္ဝင္စားဖြယ္ရာ မရွိပါ။ သို႔ေသာ္ အနီးကပ္ေလ့လာၾကည့္လွ်င္မူ စာရႈသူမ်ား အံ့ အားသင့္သြားမည္ျဖစ္သည္။ ယခု တည္ေနေသာၿမိဳ႕သည္ ေဟာင္ေကာင္ၿမိဳ႕ပမာဏမွ်ရွိသည့္ ၿမိဳ႕အသစ္စက္စက္ ျဖစ္သည္။

တ႐ုတ္အစိုးရက ေထာက္ပံ့သည့္ေငြျဖင့္ ပုဂၢလိက ကုမၸဏီတစ္ခုက လူမသိသူမသိ တည္ေဆာက္ေနျခင္း၊ စိစစ္ႀကီးၾကပ္မႈ မရွိ တည္ ေဆာက္ေနျခင္း ျဖစ္သည္။ေ႐ႊကုကၠိဳတြင္ အေသးစားဖြံ႕ၿဖိဳးေရးလုပ္ငန္းတစ္ခု ေဆာင္႐ြက္ရန္ ျမန္မာရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မရွင္က ယာ ထိုင္းအုပ္စုကို ၂၀၁၈ခုႏွစ္ ႏွစ္လယ္ကခြင့္ျပဳေပးခဲ့သည္။ မူလစီမံကိန္းတြင္ ၂၅ ဧကဟုသာ သတ္မွတ္ ထားေသာ္လည္း ေနာက္ပိုင္းတြင္ သတ္မွတ္ခ်က္ကို မ်ားစြာေက်ာ္လြန္၍ လက္ရွိတြင္ ဧက ၅၀ အထိ ရွိလာသည္။ စီမံကိန္း ေနာက္ဆုံးၿပီးဆုံးခ်ိန္တြင္ ဧက ၃,၀၀၀ နီးပါးရွိ လာမည္ျဖစ္ၿပီး ေလယာဥ္ကြင္း၊ ကာဆီႏို ေလာင္းကစား႐ုံမ်ား၊ တကၠသိုလ္မ်ား၊ ႐ုံးခန္းမ်ား၊ ေနအိမ္တိုက္ခန္းမ်ားႏွင့္ ၿမိဳ႕အဂၤါရပ္ႏွင့္ ကိုက္ညီေစရန္ လိုအပ္သည့္ တည္ေဆာက္မႈမ်ားအားလုံးပါဝင္မည္ျဖစ္သည္။

တစ္စတစ္စ တိုးပြားလာေနေသာ တ႐ုတ္လုပ္သားမ်ားႏွင့္ သူတို႔ႏွင့္အတူပါလာေသာ မိသားစုမ်ားေၾကာင့္ ေဒသခံ ျပည္သူမ်ား အၾကား စိုးရိမ္ပူပန္မႈမ်ား ျဖစ္ေပၚလာေစသည္။ ယခုအခါ ေ႐ႊကုကၠိဳတြင္ ေနထိုင္သူဦးေရမွာ သန္းဝက္ခန႔္အထိပင္ရွိေနၿပီဟု ခန႔္မွန္းထားၾကသည္ ။ ထို ၅၀၀,၀၀၀ မွ်ရွိေသာ လူဦးေရတြင္ အမ်ားစုမွာ တ႐ုတ္လူမ်ိဳးမ်ား ျဖစ္ၾကသည္။ စီမံကိန္းဧရိယာအတြင္း မည္ကဲ့သို႔ ျဖစ္ပ်က္ေန သည္ကို ပိုမိုသိရွိႏိုင္ေစရန္ မီဒီယာႏွင့္ ေဒသခံ ျပည္သူမ်ား လာေရာက္ေလ့လာခြင့္ကို တ႐ုတ္လုံၿခဳံေရးမ်ားက တားဆီးပိတ္ပင္ပင္မႈမ်ား ျပဳလုပ္ေနသည့္ အတြက္ အဆိုပါ ဖြံ႕ၿဖိဳးေရးစီမံကိန္းမ်ားအေၾကာင္း ပြင့္လင္းျမင္သာမႈမ်ား မရွိသည့္အတြက္ စိုးရိမ္ပူပန္မႈမ်ားမွာ ေလ်ာ့ပါးသက္သာသြားသည္ဟူ၍ မရွိေပ။

ေ႐ႊကုကၠိဳ ဖြံ႕ၿဖိဳးေရးစီမံကိန္းေၾကာင့္ အခိုင္အမာ တည္ရွိၿပီးျဖစ္သည့္ ျမဝတီၿမိဳ႕အေပၚ မည္သည့္ ဆိုးက်ိဳးမ်ား သက္ေရာက္ႏိုင္သည္ကို လည္း အေသအခ်ာ ထည့္သြင္းစဥ္းစားထားျခင္း မရွိေပ။ေ႐ႊကုကၠိဳ တြင္ ေဆာင္႐ြက္ေနသည့္ ႀကီးမားလွသည့္ တ႐ုတ္ဖြံ႕ၿဖိဳးေရးစီမံကိန္း ႀကီးမ်ားမွာ ျမန္မာတႏိုင္ငံထဲတြင္သာ ေဆာင္႐ြက္ေနျခင္းမဟုတ္ေပ။ တ႐ုတ္အစိုးရက ေဒသႀကီးအတြင္း ေဆာင္႐ြက္ေနသည့္ နယ္ေျမ ခ်ဲ႕ထြင္ေရး လမ္းေၾကာင္းႀကီး တစ္ရပ္၏ အစိတ္အပိုင္းတစ္ရပ္သာ ျဖစ္သည္။ ယင္းမွာ တ႐ုတ္စီမံကိန္းမ်ားကို အိမ္နီးခ်င္းႏိုင္ ငံမ်ားတြင္ တ႐ုတ္က အဆိုျပဳၿပီး တ႐ုတ္အေထာက္အပံ့ျဖင့္ တည္ေဆာက္ကာ ကုန္သြယ္ေရး မ်က္ႏွာဖုံးတပ္ဆင္ လုပ္ေဆာင္ျခင္းျဖစ္သည္။

မည္သို႔ပင္ျဖစ္ေစ စီမံကိန္း ပမာဏအလြန္ႀကီးမားျခင္း၊ ေထာင္ေပါင္းမ်ားစြာေသာ တ႐ုတ္ႏိုင္ငံသားမ်ား ေရာက္ရွိလာျခင္းတို႔ေၾကာင့္ အဆိုပါဖြံ႕ၿဖိဳးေရးစီမံကိန္းမ်ားမွာ အမွန္စင္စစ္ ရင္းႏွီးျမႇဳပ္ႏွံမႈကို အေလးေပးသည့္ လုပ္ငန္းမ်ားမွ ဟုတ္ပါရဲ႕လား၊ သို႔မဟုတ္ အိမ္ရွင္ႏိုင္ ငံမ်ားအဖို႔ အခ်ဳပ္အျခာ အာဏာကို ၿခိမ္းေျခာက္ေနသည့္ လုပ္ငန္းမ်ားလားဟု ေမးခြန္းထုတ္စရာမ်ား ေပၚလာခဲ့သည္။ ေ႐ႊကုကၠိဳလ္တြင္ တကယ္ျဖစ္ေနသည္ကိုၾကည့္လွ်င္ ေဒၚလာဘီလီယံေပါင္းမ်ားစြာေသာ ႏိုင္ငံျခားအေထာက္အပံ့ျဖင့္ ေထာင္ေပါင္းမ်ားစြာေသာ တ႐ုတ္ အလုပ္သမားမ်ားက ျမန္မာ့ေျမေပၚ တြင္ စနစ္တက် စိစစ္ျခင္းမခံရဘဲ လြတ္လြတ္လပ္လပ္ လုပ္ကိုင္ေနၾကသည္ကို ေတြ႕ျမင္ေနရသည္။

ထိုအခ်ိန္တြင္ ျမန္မာႏိုင္ငံသားမ်ားမွာမူ ထိုဖြံ႕ၿဖိဳးေရးစီမံကိန္းမ်ားမွ ရသင့္ရထိုက္သည့္ အခြင့္အလမ္းႏွင့္ အက်ိဳးခံစားခြင့္မ်ားမရၾကဘဲ ေနထိုင္ေနၾကရသည္။ ဦးဘတင္ ဆိုသူသည္ ေဒသခံေဆာင္းပါးရွင္တဦး၏ အမည္ဝွက္ျဖစ္သည္။ ဤေဆာင္းပါးတြင္ေဖာ္ျပပါရွိသည့္ အျမင္မ်ားမွာ ေခတ္သစ္ ၏ အာေဘာ္ မဟုတ္ပါ။

REF: KHIT THIT

UNICODE

ရွှေကုက္ကို စီမံကိန်း(သို့မဟုတ်)နယ်မြေချဲ့ထွင်ရေး အတွက် တရုတ်နိုင်ငံတည်ဆောက်ထားသောလျှို့ဝှက်မြို့တော်

ဆင်းရဲ ခေတ်နောက်ကျသည့် ကျေးလက်ဒေသတွင် ဖွံ့ဖြိုးရေးလုပ်ငန်းများ လာရောက်လုပ်ကိုင်ခြင်းမှာ ဝင်ရောက်လာသည့် ရင်းနှီးမြှုပ် နှံမှုများကြောင့် လူနေမှုအဆင့်အတန်း တိုးတက်လာမည်ဖြစ်သဖြင့် သာမန်အားဖြင့် ကြိုဆိုရမည့်အရာ ဖြစ်သော်လည်း ယခုကိစ္စရပ်တွင် မူ အကျိုးကျေးဇူးခံစားရမည့်သူများမှာ မြန်မာပြည်သူများ မဟုတ်သည်မှ ာရှင်းလင်းသိသာလှသည်။ စီမံကိန်းဧရိယာအတွင်းမှ ဒေသခံ ပြည်သူများထို ဖွံ့ဖြိုးရေး လုပ်ငန်းများကြောင့် နေရာမှ ဖယ်ရှားပေးခဲ့ရပြီးဖြစ်သည်။ ယင်းအတွက် လျော်ကြေးရရှိသည်ဆိုလျှင်ပင် မဆို စလောက် ပမာဏမျှသာ ရရှိခဲ့ကြသည်။

စီမံကိန်းအတွက် လိုအပ်သည့် တည်ဆောက်ရေး ပစ္စည်းအားလုံးကို တရုတ်နှင့် ထိုင်းမှ ယူဆောင်လာကြသည်။ စီမံကိန်းအတွက် လိုအပ် သည့် ကျွမ်းကျင်လုပ်သားများကိုလည်း မြန်မာနိုင်ငံမှ လုပ်သားများကို အသုံးမပြုဘဲ ထောင်နှင့်ချီသော တရုတ်အလုပ်သမားများကို ရွှေ ကုက္ကို စီမံကိန်းလုပ်ငန်းရှိရာသို့ ခေါ်ဆောင်လာကြသည်။မြန်မာစီမံကိန်းဟု အပေါ်ယံဘန်းပြထားသော်လည်း အမှန်စင်စစ် တရုတ်အစိုးရ ၏ နယ်မြေချဲ့ထွင်ရေး စီမံကိန်းတစ်ခု ဖြစ်သည်။ စီမံကိန်းအတွက် လိုအပ်သည့်များပြားလှသော ငွေပမာဏ ၂၃.၃၅ ထရီလီယံကျပ် (အမေရိကန် ၁၅ ဘီလီယံဒေါ်လာ) ရရှိခဲ့သည်ကိုကြည့်လျှင် ဤအချက်မှာ မြင်သာပါသည်။

တရုတ်၏ အခြေခံ အဆောက်အအုံ ဆောက်လုပ်ရေးစီမံကိန်းများတည်ဆောက်ပုံအတိုင်းပင် ပေကျင်းရှိ အစိုးရဗျူရိုကရေစီ ယန္တရား၏ လက်တံတစ်ခုက လုပ်ကိုင်နေခြင်း ဖြစ်သည်။ ယခုစီမံကိန်းတွင် ယာထိုင်းအုပ်စု တည်ဆောက်ရေးလုပ်ငန်း (Yatai Group ) က လုပ်ကိုင် လျက်ရှိသည်။ သို့သော် ထိုအုပ်စု၏ ကော်ပိုရိတ်စီမံအုပ်ချုပ်ပုံကိုသော်လည်းကောင်း၊ ယခင် ဆောင်ရွက်ခဲ့ဖူးသော လုပ်ငန်းရာဇဝင်ကို သော်လည်းကောင်း လူသိရှင်ကြားထုတ်ပြန်ထားသည်မှာ အနည်းအကျဉ်းသာ ရှိသည်။ မြန်မာနှင့်ထိုင်းအကြား အရေးပါဆုံး ကုန်သွယ် ရေးလမ်းကြောင်းမှာ ကရင်ပြည်နယ်တွင်ရှိပြီး မြဝတီမြို့နှင့် မဲဆောက်မြို့တို့ကို ချစ်ကြည်ရေးတံတားဖြင့် ဆက်သွယ်ထားသည်။

ထိုသို့ စည်ကားလှသော ကုန်သွယ်ရေးအချက်အခြာ နေရာရှိနေသော်လည်း မကြာသေးမီက ရွှေကုက္ကိုဆိုသည့် စီမံကိန်းသစ်တစ်ခုကို လူမသိသူမသိ တိတ်တဆိတ် စတင်ခဲ့သည်။ ရွှေကုက္ကိုသည် မြဝတီမြို့ မြောက်ဘက် ၁၅ ကီလိုမီတာခန့်တွင် တည်ရှိသည့် တံငါရွာလေး တစ်ရွာသာဖြစ်သည်။သာမန်ကာလျှံကာကြည့်လျှင် ခပ်ခေါင်ခေါင် ကျေးလက်ဒေသ ရွာသိမ်ရွာငယ်လေး တစ်ရွာတွင်ပြုလုပ်သည့် ရွှေ ကုက္ကို စီမံကိန်းမှာ စိတ်ဝင်စားဖွယ်ရာ မရှိပါ။ သို့သော် အနီးကပ်လေ့လာကြည့်လျှင်မူ စာရှုသူများ အံ့ အားသင့်သွားမည်ဖြစ်သည်။ ယခု တည်နေသောမြို့သည် ဟောင်ကောင်မြို့ပမာဏမျှရှိသည့် မြို့အသစ်စက်စက် ဖြစ်သည်။

တရုတ်အစိုးရက ထောက်ပံ့သည့်ငွေဖြင့် ပုဂ္ဂလိက ကုမ္ပဏီတစ်ခုက လူမသိသူမသိ တည်ဆောက်နေခြင်း၊ စိစစ်ကြီးကြပ်မှု မရှိ တည် ဆောက်နေခြင်း ဖြစ်သည်။ရွှေကုက္ကိုတွင် အသေးစားဖွံ့ဖြိုးရေးလုပ်ငန်းတစ်ခု ဆောင်ရွက်ရန် မြန်မာရင်းနှီးမြှုပ်နှံမှုကော်မရှင်က ယာ ထိုင်းအုပ်စုကို ၂၀၁၈ခုနှစ် နှစ်လယ်ကခွင့်ပြုပေးခဲ့သည်။ မူလစီမံကိန်းတွင် ၂၅ ဧကဟုသာ သတ်မှတ် ထားသော်လည်း နောက်ပိုင်းတွင် သတ်မှတ်ချက်ကို များစွာကျော်လွန်၍ လက်ရှိတွင် ဧက ၅၀ အထိ ရှိလာသည်။ စီမံကိန်း နောက်ဆုံးပြီးဆုံးချိန်တွင် ဧက ၃,၀၀၀ နီးပါးရှိ လာမည်ဖြစ်ပြီး လေယာဉ်ကွင်း၊ ကာဆီနို လောင်းကစားရုံများ၊ တက္ကသိုလ်များ၊ ရုံးခန်းများ၊ နေအိမ်တိုက်ခန်းများနှင့် မြို့အင်္ဂါရပ်နှင့် ကိုက်ညီစေရန် လိုအပ်သည့် တည်ဆောက်မှုများအားလုံးပါဝင်မည်ဖြစ်သည်။

တစ်စတစ်စ တိုးပွားလာနေသော တရုတ်လုပ်သားများနှင့် သူတို့နှင့်အတူပါလာသော မိသားစုများကြောင့် ဒေသခံ ပြည်သူများ အကြား စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လာစေသည်။ ယခုအခါ ရွှေကုက္ကိုတွင် နေထိုင်သူဦးရေမှာ သန်းဝက်ခန့်အထိပင်ရှိနေပြီဟု ခန့်မှန်းထားကြသည် ။ ထို ၅၀၀,၀၀၀ မျှရှိသော လူဦးရေတွင် အများစုမှာ တရုတ်လူမျိုးများ ဖြစ်ကြသည်။ စီမံကိန်းဧရိယာအတွင်း မည်ကဲ့သို့ ဖြစ်ပျက်နေ သည်ကို ပိုမိုသိရှိနိုင်စေရန် မီဒီယာနှင့် ဒေသခံ ပြည်သူများ လာရောက်လေ့လာခွင့်ကို တရုတ်လုံခြုံရေးများက တားဆီးပိတ်ပင်ပင်မှုများ ပြုလုပ်နေသည့် အတွက် အဆိုပါ ဖွံ့ဖြိုးရေးစီမံကိန်းများအကြောင်း ပွင့်လင်းမြင်သာမှုများ မရှိသည့်အတွက် စိုးရိမ်ပူပန်မှုများမှာ လျော့ပါးသက်သာသွားသည်ဟူ၍ မရှိပေ။

ရွှေကုက္ကို ဖွံ့ဖြိုးရေးစီမံကိန်းကြောင့် အခိုင်အမာ တည်ရှိပြီးဖြစ်သည့် မြဝတီမြို့အပေါ် မည်သည့် ဆိုးကျိုးများ သက်ရောက်နိုင်သည်ကို လည်း အသေအချာ ထည့်သွင်းစဉ်းစားထားခြင်း မရှိပေ။ရွှေကုက္ကို တွင် ဆောင်ရွက်နေသည့် ကြီးမားလှသည့် တရုတ်ဖွံ့ဖြိုးရေးစီမံကိန်း ကြီးများမှာ မြန်မာတနိုင်ငံထဲတွင်သာ ဆောင်ရွက်နေခြင်းမဟုတ်ပေ။ တရုတ်အစိုးရက ဒေသကြီးအတွင်း ဆောင်ရွက်နေသည့် နယ်မြေ ချဲ့ထွင်ရေး လမ်းကြောင်းကြီး တစ်ရပ်၏ အစိတ်အပိုင်းတစ်ရပ်သာ ဖြစ်သည်။ ယင်းမှာ တရုတ်စီမံကိန်းများကို အိမ်နီးချင်းနိုင် ငံများတွင် တရုတ်က အဆိုပြုပြီး တရုတ်အထောက်အပံ့ဖြင့် တည်ဆောက်ကာ ကုန်သွယ်ရေး မျက်နှာဖုံးတပ်ဆင် လုပ်ဆောင်ခြင်းဖြစ်သည်။

မည်သို့ပင်ဖြစ်စေ စီမံကိန်း ပမာဏအလွန်ကြီးမားခြင်း၊ ထောင်ပေါင်းများစွာသော တရုတ်နိုင်ငံသားများ ရောက်ရှိလာခြင်းတို့ကြောင့် အဆိုပါဖွံ့ဖြိုးရေးစီမံကိန်းများမှာ အမှန်စင်စစ် ရင်းနှီးမြှုပ်နှံမှုကို အလေးပေးသည့် လုပ်ငန်းများမှ ဟုတ်ပါရဲ့လား၊ သို့မဟုတ် အိမ်ရှင်နိုင် ငံများအဖို့ အချုပ်အခြာ အာဏာကို ခြိမ်းခြောက်နေသည့် လုပ်ငန်းများလားဟု မေးခွန်းထုတ်စရာများ ပေါ်လာခဲ့သည်။ ရွှေကုက္ကိုလ်တွင် တကယ်ဖြစ်နေသည်ကိုကြည့်လျှင် ဒေါ်လာဘီလီယံပေါင်းများစွာသော နိုင်ငံခြားအထောက်အပံ့ဖြင့် ထောင်ပေါင်းများစွာသော တရုတ် အလုပ်သမားများက မြန်မာ့မြေပေါ် တွင် စနစ်တကျ စိစစ်ခြင်းမခံရဘဲ လွတ်လွတ်လပ်လပ် လုပ်ကိုင်နေကြသည်ကို တွေ့မြင်နေရသည်။

ထိုအချိန်တွင် မြန်မာနိုင်ငံသားများမှာမူ ထိုဖွံ့ဖြိုးရေးစီမံကိန်းများမှ ရသင့်ရထိုက်သည့် အခွင့်အလမ်းနှင့် အကျိုးခံစားခွင့်များမရကြဘဲ နေထိုင်နေကြရသည်။ ဦးဘတင် ဆိုသူသည် ဒေသခံဆောင်းပါးရှင်တဦး၏ အမည်ဝှက်ဖြစ်သည်။ ဤဆောင်းပါးတွင်ဖော်ပြပါရှိသည့် အမြင်များမှာ ခေတ်သစ် ၏ အာဘော် မဟုတ်ပါ။

REF:     KHIT  THIT

Add a Comment

Your email address will not be published. Required fields are marked *