ထိုင္း စစ္တပ္မွ လူသတ္သမား ရဲ႕ပစ္ခတ္မႈကို တစ္ျခားလူေတြ မထိေအာင္ ခႏၶာကိုယ္ နဲ႔ကာေပးခဲ့ တဲ့ သူရဲေကာင္းေလး

မၾကာေ သးခင္ ရက္ပိုင္းက ျဖစ္ပြားခဲ့တဲ့ ထိုင္းနိုင္ငံ ေရွာ့ပင္းေမာလ္ ပစ္ခတ္မႈဟာ တစ္ကမၻာလုံးကို တုန္လႈပ္ေစခဲ့ပါတယ္။ ထိုင္းစစ္တပ္မွာ အရာခံဗိုလ္တစ္ဦးအျဖစ္ ထမ္းေဆာင္ခဲ့တဲ့ အသက္(၃၂)ႏွစ္အရြယ္ Jakrapanth Thomma က ဒီပစ္ခတ္မႈကို က်ဴးလြန္ခဲ့တာပါ။ ဒီအတြက္ ထိုင္းစစ္တပ္မွာလည္း ပုံရိပ္က်ဆင္းခဲ့ရပါတယ္။

ထိုင္းစစ္ဦးစီးခ်ဳပ္ကလည္း ဒီအေၾကာင္းကို လူသိရွင္ၾကား ေတာင္းပန္ခဲ့ၿပီးပါၿပီ။ Thomma ဟာ သူရဲ့အထက္အရာရွိျဖစ္တဲ့ ဗိုလ္မႈးႀကီးတစ္ဦးရဲ့ ၎ရဲ့ေယာကၡမကို ေျမယာငွားရမ္းမႈကိစၥမွာ လိမ္လည္ခဲ့တယ္လို႔ စြပ္စြဲၿပီး၊ အရင္ဆုံး သတ္ပစ္ခဲ့တာလို႔ သိရပါတယ္။

အဲဒီေနာက္ Nakhon Ratchasima မွာတည္ရွိတဲ့ Terminal 21 ေရွာ့ပင္းေမာလ္ကို သြားေရာက္ၿပီး အခုလို ရက္စက္ၾကမ္းတမ္းလြန္းတဲ့ အစုလိုက္အျပဳံလိုက္ လူသတ္မႈႀကီးကို က်ဴးလြန္ခဲ့တာပါ။ သက္ဆိုင္ရာကလည္း Thomma ကို အေသပစ္ခတ္ ဖမ္းဆီးခဲ့ရပါတယ္။

Thomma ရဲ့လက္ခ်က္ေၾကာင့္ လူ(၃၀) ေသဆုံးခဲ့ၿပီး၊ (၅၈)ေယာက္ ဒဏ္ရာျပင္းထန္စြာ ရရွိခဲ့ပါတယ္။ ေသဆုံးသူထဲမွာ ထိုင္းေက်ာင္းသားေလး Ativa လည္း ပါဝင္ပါတယ္။ သူဟာ အသက္(၁၈)ႏွစ္ျဖစ္ၿပီး၊ သူဟာ ေသနတ္သမားလက္ကေန လူ(၈)ေယာက္အထိ ကယ္ဆယ္ခဲ့ပါတယ္။

ဒါေပမယ့္ ေသနတ္ဒဏ္ရာ ျပင္းထန္စြာရရွိၿပီး Ativa ေသဆုံးသြားခဲ့ပါတယ္။ လူသတ္သမားဟာ LG level ကေန ေရခဲေသတၱာထားတဲ့ အခန္းဘက္ကို ဝင္လာခ်ိန္၊ Ativa ျမင္ၿပီး ခ်က္ခ်င္း တံခါးကို ေျပးပိတ္ခဲ့ပါတယ္။ ေသနတ္သမားက Ativa ကို စိမ္ေျပနေၿပ ပစ္ခတ္သြားခဲ့တာပါ။

သူရဲ့ သတၱိရွိတဲ့တုန႔္ျပန္မႈေၾကာင့္ အခန္းထဲမွာရွိေနတဲ့ လူ(၈)ဦး ကံေကာင္းေထာက္မစြာ အသက္ေဘးက လြတ္ခဲ့ပါတယ္။ အဖြားရဲ့စကားအရ ေျမးျဖစ္သူ Ativa ဟာ အဲဒီမွာ သန႔္ရွင္းေရးအျဖစ္ အပိုဝင္ေငြရွာေနသူပါတဲ့။ လူမႈကြန္ရက္မွာေတာ့ Ativa ေကာင္းရာသုဂတိ လားေရာက္ပါေစလို႔ ဆုေတာင္းေနၾကပါတယ္။

လင္းေဇာ္ကို (D Nae Khit)

UNICODE

ထိုင်း စစ်တပ်မှ လူသတ်သမား ရဲ့ပစ်ခတ်မှုကို တစ်ခြားလူတွေ မထိအောင် ခန္ဓာကိုယ် နဲ့ကာပေးခဲ့ တဲ့ သူရဲကောင်းလေး

မကြာေ သးခင် ရက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ ထိုင်းနိုင်ငံ ရှော့ပင်းမောလ် ပစ်ခတ်မှုဟာ တစ်ကမ္ဘာလုံးကို တုန်လှုပ်စေခဲ့ပါတယ်။ ထိုင်းစစ်တပ်မှာ အရာခံဗိုလ်တစ်ဦးအဖြစ် ထမ်းဆောင်ခဲ့တဲ့ အသက်(၃၂)နှစ်အရွယ် Jakrapanth Thomma က ဒီပစ်ခတ်မှုကို ကျူးလွန်ခဲ့တာပါ။ ဒီအတွက် ထိုင်းစစ်တပ်မှာလည်း ပုံရိပ်ကျဆင်းခဲ့ရပါတယ်။

ထိုင်းစစ်ဦးစီးချုပ်ကလည်း ဒီအကြောင်းကို လူသိရှင်ကြား တောင်းပန်ခဲ့ပြီးပါပြီ။ Thomma ဟာ သူရဲ့အထက်အရာရှိဖြစ်တဲ့ ဗိုလ်မှုးကြီးတစ်ဦးရဲ့ ၎င်းရဲ့ယောက္ခမကို မြေယာငှားရမ်းမှုကိစ္စမှာ လိမ်လည်ခဲ့တယ်လို့ စွပ်စွဲပြီး၊ အရင်ဆုံး သတ်ပစ်ခဲ့တာလို့ သိရပါတယ်။

အဲဒီနောက် Nakhon Ratchasima မှာတည်ရှိတဲ့ Terminal 21 ရှော့ပင်းမောလ်ကို သွားရောက်ပြီး အခုလို ရက်စက်ကြမ်းတမ်းလွန်းတဲ့ အစုလိုက်အပြုံလိုက် လူသတ်မှုကြီးကို ကျူးလွန်ခဲ့တာပါ။ သက်ဆိုင်ရာကလည်း Thomma ကို အသေပစ်ခတ် ဖမ်းဆီးခဲ့ရပါတယ်။

Thomma ရဲ့လက်ချက်ကြောင့် လူ(၃၀) သေဆုံးခဲ့ပြီး၊ (၅၈)ယောက် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပါတယ်။ သေဆုံးသူထဲမှာ ထိုင်းကျောင်းသားလေး Ativa လည်း ပါဝင်ပါတယ်။ သူဟာ အသက်(၁၈)နှစ်ဖြစ်ပြီး၊ သူဟာ သေနတ်သမားလက်ကနေ လူ(၈)ယောက်အထိ ကယ်ဆယ်ခဲ့ပါတယ်။

ဒါပေမယ့် သေနတ်ဒဏ်ရာ ပြင်းထန်စွာရရှိပြီး Ativa သေဆုံးသွားခဲ့ပါတယ်။ လူသတ်သမားဟာ LG level ကနေ ရေခဲသေတ္တာထားတဲ့ အခန်းဘက်ကို ဝင်လာချိန်၊ Ativa မြင်ပြီး ချက်ချင်း တံခါးကို ပြေးပိတ်ခဲ့ပါတယ်။ သေနတ်သမားက Ativa ကို စိမ်ပြေနပြေ ပစ်ခတ်သွားခဲ့တာပါ။

သူရဲ့ သတ္တိရှိတဲ့တုန့်ပြန်မှုကြောင့် အခန်းထဲမှာရှိနေတဲ့ လူ(၈)ဦး ကံကောင်းထောက်မစွာ အသက်ဘေးက လွတ်ခဲ့ပါတယ်။ အဖွားရဲ့စကားအရ မြေးဖြစ်သူ Ativa ဟာ အဲဒီမှာ သန့်ရှင်းရေးအဖြစ် အပိုဝင်ငွေရှာနေသူပါတဲ့။ လူမှုကွန်ရက်မှာတော့ Ativa ကောင်းရာသုဂတိ လားရောက်ပါစေလို့ ဆုတောင်းနေကြပါတယ်။

လင်းဇော်ကို (D Nae Khit)

Add a Comment

Your email address will not be published. Required fields are marked *