ထုံး တမ္းစဥ္လာအရ လင္ မယားျဖစ္ၿပီးသား ျဖစ္ လို႔ အမႈမေျမာက္ဘူး လို႔မိုးေအာင္ရင္ဘက္က ေျပာဆိုခ်က္ကို မ ခင္ျမတ္ႏိုး ျပန္လည္ေခ်ပ

ဒီေန႔(ေဖေဖာ္ဝါရီလ ၁၄ရက္) ႐ုံးခ်ိန္းမွာေတာ့ စြပ္စြဲခံရသူ သ႐ုပ္ေဆာင္မိုးေအာင္ရင္ရဲ႕ ေရွ႕ေနက မခင္ျမတ္ႏိုးရဲ႕ တိုင္ၾကားထားမႈဟာ ကာမလိမ္လည္မႈ မေျမာက္တဲ့အေၾကာင္းေျပာဆိုခဲ့တယ္လို႔ သိရပါတယ္။ ဒီ ထြက္ဆိုမႈကိုလည္း မခင္ျမတ္ႏိုးက မေက်နပ္တဲ့အေၾကာင္း ေဖေဖာ္ဝါရီလ ၁၄ ရက္ေန႔ ႐ုံးခ်ိန္းကို တက္ေရာက္ရင္း ေျဖဆိုခဲ့ပါတယ္။

“ကာမလိမ္လည္မႈ မေျမာက္ဘူးဆိုတဲ့ အေပၚလည္း လုံးဝမေက်နပ္ပါဘူး။ တကယ္တမ္းသာဆိုရင္ သူတို႔ေမးတဲ့ေမးခြန္းေပါ့ေနာ္ ထုံးတမ္းစဥ္လာအရ လင္မယားျဖစ္တယ္လို႔ သူတို႔ေျပာတယ္။ အဲဒီလိုမ်ိဳးသာျဖစ္ေနမယ္ဆိုရင္ အတြဲေတြအမ်ားႀကီးပဲလက္မွတ္မထိုးပဲ လင္မယားျဖစ္ေနမွာေပါ့။ စာ႐ြက္စာတမ္းနဲ႔ အတိအက်မွသာ လက္မွတ္ထိုးထားမွသာ အၾကင္လင္မယားေျမာက္တယ္လို႔ ညီမ သိထားတယ္” လို႔ ဆက္လက္ေျပာျပခဲ့ပါတယ္။

မိုးေအာင္ရင္ကို ရည္းစားေဟာင္းက ရန္ကင္းၿမိဳ႕နယ္တရား႐ုံးမွာ ကာမလိမ္လည္မႈနဲ႔ ဦးတိုက္ေလွ်ာက္ထားၿပီး တရားစြဲဆိုထားတာ ျဖစ္ပါတယ္။ကာမလိမ္လည္ရယူမႈ ပုဒ္မ(၄၁၇)နဲ႔ တရားစြဲဆိုခံထားရတဲ့ သ႐ုပ္ေဆာင္ မိုးေအာင္ရင္ကေတာ့ ဒီဇင္ဘာ၁၃ရက္ေန႔က ျပဳလုပ္တဲ့ ႐ုံးခ်ိန္းမွာ သိန္း(၁၀၀)နဲ႔ အာမခံရခဲ့တာျဖစ္ပါတယ္။

သ ႐ုပ္ေဆာင္မိုးေအာင္ရင္ကို ရည္းစားေဟာင္းျဖစ္သူ မခင္ျမတ္ႏိုးက ရန္ကင္းတရား႐ုံးမွာ ကာမလိမ္လည္မႈနဲ႔ တရားစြဲဆိုထားတာျဖစ္ပါတယ္။ ဒီေန႔(ေဖေဖာ္ဝါရီလ ၁၄ ရက္) မွာေတာ့ ႐ုံးခ်ိန္းျပဳလုပ္ခဲ့ပါတယ္။ မခင္ျမတ္ႏိုးကလည္း လိုအပ္တဲ့သက္ေသေတြ တင္ျပခဲ့တယ္လို႔ မီဒီယာ အင္တာဗ်ဴးေတြမွာ ေျဖဆိုခဲ့ပါတယ္။

“ ဒီေ န႔ သက္ေသခံကိုေတာ့ သူတို႔ေတြ မီဒီယာတစ္ခုမွာ စြပ္စြဲထားတဲ့ဟာရယ္၊ သူတို႔ ျပန္ေတာင္းပန္ထား တယ္ဆိုတာကို အသံဖိုင္ပို႔ထားတဲ့ဟာကို တင္ပါတယ္။ ဒါကို တရား႐ုံးကလည္း လက္ခံခဲ့ပါတယ္။ ဒီေန႔အတြက္ သိပ္ေတာ့ အားမရဘူး။ ကိုယ္ကေတာ့ အမွန္အတိုင္းတင္တယ္။ ဒါေပမယ့္ ကိုယ္ေတြက ဥပေဒအေၾကာင္းအရာ သိပ္မသိေတာ့ လိုအပ္တာေတြေတာ့ ရွိတာေပါ့ေနာ္” လို႔ ဆိုပါတယ္။

သူဟာ ခ်စ္သူေကာင္မေလးနဲ႔ လမ္းခြဲလိုက္ၿပီျဖစ္ေၾကာင္း အြန္လိုင္းမီဒီယာတစ္ခုမွာ အင္တာဗ်ဴးၿပီးေနာက္ပိုင္း ယခုလို တရားစြဲဆိုျခင္း ခံရတာလည္း ျဖစ္ပါတယ္။ သ႐ုပ္ေဆာင္ မိုးေအာင္ရင္ကို တရားစြဲဆိုထားတဲ့ ပုဒ္မ ၄၁၇ဟာ လိမ္လည္မႈပုဒ္မျဖစ္ၿပီး ေထာင္ဒဏ္သုံးႏွစ္ျဖစ္ေစ၊ ေငြဒဏ္ျဖစ္ေစ၊ ဒဏ္ႏွစ္ရပ္လုံးျဖစ္ေစ ခ်မွတ္ရႏိုင္သည္ဟု ရာဇသတ္ႀကီး ဥပေဒမွာ ျပဌာန္းထားေၾကာင္း သိရပါတယ္။

Credit Cele Yatkwat

UNICODE

ထုံး တမ်းစဉ်လာအရ လင် မယားဖြစ်ပြီးသား ဖြစ် လို့ အမှုမမြောက်ဘူး လို့မိုးအောင်ရင်ဘက်က ပြောဆိုချက်ကို မ ခင်မြတ်နိုး ပြန်လည်ချေပ

ဒီနေ့(ဖေဖော်ဝါရီလ ၁၄ရက်) ရုံးချိန်းမှာတော့ စွပ်စွဲခံရသူ သရုပ်ဆောင်မိုးအောင်ရင်ရဲ့ ရှေ့နေက မခင်မြတ်နိုးရဲ့ တိုင်ကြားထားမှုဟာ ကာမလိမ်လည်မှု မမြောက်တဲ့အကြောင်းပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ဒီ ထွက်ဆိုမှုကိုလည်း မခင်မြတ်နိုးက မကျေနပ်တဲ့အကြောင်း ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ရုံးချိန်းကို တက်ရောက်ရင်း ဖြေဆိုခဲ့ပါတယ်။

“ကာမလိမ်လည်မှု မမြောက်ဘူးဆိုတဲ့ အပေါ်လည်း လုံးဝမကျေနပ်ပါဘူး။ တကယ်တမ်းသာဆိုရင် သူတို့မေးတဲ့မေးခွန်းပေါ့နော် ထုံးတမ်းစဉ်လာအရ လင်မယားဖြစ်တယ်လို့ သူတို့ပြောတယ်။ အဲဒီလိုမျိုးသာဖြစ်နေမယ်ဆိုရင် အတွဲတွေအများကြီးပဲလက်မှတ်မထိုးပဲ လင်မယားဖြစ်နေမှာပေါ့။ စာရွက်စာတမ်းနဲ့ အတိအကျမှသာ လက်မှတ်ထိုးထားမှသာ အကြင်လင်မယားမြောက်တယ်လို့ ညီမ သိထားတယ်” လို့ ဆက်လက်ပြောပြခဲ့ပါတယ်။

မိုးအောင်ရင်ကို ရည်းစားဟောင်းက ရန်ကင်းမြို့နယ်တရားရုံးမှာ ကာမလိမ်လည်မှုနဲ့ ဦးတိုက်လျှောက်ထားပြီး တရားစွဲဆိုထားတာ ဖြစ်ပါတယ်။ကာမလိမ်လည်ရယူမှု ပုဒ်မ(၄၁၇)နဲ့ တရားစွဲဆိုခံထားရတဲ့ သရုပ်ဆောင် မိုးအောင်ရင်ကတော့ ဒီဇင်ဘာ၁၃ရက်နေ့က ပြုလုပ်တဲ့ ရုံးချိန်းမှာ သိန်း(၁၀၀)နဲ့ အာမခံရခဲ့တာဖြစ်ပါတယ်။

သ ရုပ်ဆောင်မိုးအောင်ရင်ကို ရည်းစားဟောင်းဖြစ်သူ မခင်မြတ်နိုးက ရန်ကင်းတရားရုံးမှာ ကာမလိမ်လည်မှုနဲ့ တရားစွဲဆိုထားတာဖြစ်ပါတယ်။ ဒီနေ့(ဖေဖော်ဝါရီလ ၁၄ ရက်) မှာတော့ ရုံးချိန်းပြုလုပ်ခဲ့ပါတယ်။ မခင်မြတ်နိုးကလည်း လိုအပ်တဲ့သက်သေတွေ တင်ပြခဲ့တယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

“ ဒီေ န့ သက်သေခံကိုတော့ သူတို့တွေ မီဒီယာတစ်ခုမှာ စွပ်စွဲထားတဲ့ဟာရယ်၊ သူတို့ ပြန်တောင်းပန်ထား တယ်ဆိုတာကို အသံဖိုင်ပို့ထားတဲ့ဟာကို တင်ပါတယ်။ ဒါကို တရားရုံးကလည်း လက်ခံခဲ့ပါတယ်။ ဒီနေ့အတွက် သိပ်တော့ အားမရဘူး။ ကိုယ်ကတော့ အမှန်အတိုင်းတင်တယ်။ ဒါပေမယ့် ကိုယ်တွေက ဥပဒေအကြောင်းအရာ သိပ်မသိတော့ လိုအပ်တာတွေတော့ ရှိတာပေါ့နော်” လို့ ဆိုပါတယ်။

သူဟာ ချစ်သူကောင်မလေးနဲ့ လမ်းခွဲလိုက်ပြီဖြစ်ကြောင်း အွန်လိုင်းမီဒီယာတစ်ခုမှာ အင်တာဗျူးပြီးနောက်ပိုင်း ယခုလို တရားစွဲဆိုခြင်း ခံရတာလည်း ဖြစ်ပါတယ်။ သရုပ်ဆောင် မိုးအောင်ရင်ကို တရားစွဲဆိုထားတဲ့ ပုဒ်မ ၄၁၇ဟာ လိမ်လည်မှုပုဒ်မဖြစ်ပြီး ထောင်ဒဏ်သုံးနှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရနိုင်သည်ဟု ရာဇသတ်ကြီး ဥပဒေမှာ ပြဌာန်းထားကြောင်း သိရပါတယ်။

Credit Cele Yatkwat

Add a Comment

Your email address will not be published. Required fields are marked *