ေတာ္႐ုံကိစၥအေလးမထားပဲ လူေသဆုံး မွသာ အမႈဖြင့္ေ လ့ရွိသည့္ ျမဝတီၿမိဳ႕ က လႈိင္စင္မဲ့ ကားစီးသူမ်ားႏွင့္ ကားေဈးကြက္

ဂ်ပန္ႏိုင္ငံထုတ္ယာဥ္မ်ားမွာ ထိုင္းႏိုင္ငံမွတစ္ဆင့္ နယ္စပ္မွ ျမဝတီၿမိဳ႕သို႔ လိုင္စင္မဲ့အျဖစ္ ဝင္ေရာက္ေနျခင္းျဖစ္ၿပီး တစ္လလွ်င္ ယာဥ္စီးေရ ေထာင္ေသာင္းႏွင့္ခ်ီ တင္သြင္းေနေၾကာင္း သိရသည္။ “ျမဝတီၿမိဳ႕မွာ လိုင္စင္မဲ့ယာဥ္ပဲ စီးတာမ်ားတယ္။ လိုင္စင္ရွိယာဥ္က သိန္း ၂၀ဝ ေလာက္ရွိတယ္။ လိုင္စင္မဲ့ေမာ္ဒယ္ျမင့္ကားက က်ပ္ ၁၅ သိန္း၊ က်ပ္သိန္း ၂၀ ေလာက္နဲ႔ စီးလို႔ရေနတယ္ေလ။ ဒီမွာက ယာဥ္တိုက္မႈျဖစ္ရင္ ေတာ္႐ုံျဖစ္တာဆို အမႈမဖြင့္ၾကဘူး။

ေလ်ာ္ေၾကးေလာက္နဲ႔ၿပီးသြား ၾကတာမ်ားတယ္။ ရဲစခန္းတိုင္ရင္လည္း လိုင္စင္မဲ့ယာဥ္ေတြဆိုေတာ့ ဇာတ္လမ္းရႈပ္လို႔ေလ။ လူေသရင္ ေတာ့ အမႈဖြင့္ၿပီး ယာဥ္ကိုသိမ္းလိုက္တယ္။ ေမာင္းေျပးသြားရင္လည္း နံပါတ္မွတ္လို႔မရေတာ့ တိုင္လို႔မရဘူး။ အဖြဲ႕အစည္းကယာဥ္ေတြ ဆိုရင္ေတာ့ သူတို႔လိုက္ရွင္းေပးတယ္” ဟု ျမဝတီၿမိဳ႕ေန ျပည္သူတစ္ဦးက ေျပာသည္။ သက္ ဆိုင္ရာ ျပည္နယ္၊ တိုင္းေဒသႀကီး အစိုးရနဲ႔ ေအာက္ေျခ အဆင့္ ေဒသဆိုင္ရာ အာဏာပိုင္ေတြ ဥပေဒ အတိုင္းေဆာင္႐ြက္ေပးပါ။

ဒီလို ဓာတ္ပုံသက္ေသအေထာက္အထားနဲ႔ ျပတာေတာင္ မဖမ္းႏိုင္ဘူး၊ မတားဆီးႏိုင္ဘူးဆိုရင္ေတာ့ ျပည္ထဲေရးမွာ တာဝန္အရွိဆုံးပါ။ ေခတ္အဆက္ဆက္ ျမန္မာ့အုပ္ခ်ဳပ္ေရးအဖြဲ႕အသီးသီးမွ ထိေရာက္စြာ မေဆာင္႐ြက္သည့္ လိုင္စင္မဲ့ ကားေဈးကြက္ ထိုင္း(မဲေဆာက္ၿမိဳ႕)-ျမန္မာ(ျမဝတီၿမိဳ႕) ေသာင္းရင္းျမစ္နံေဘး၌ လိုင္းစင္မဲ့ကားမ်ား ျမန္မာႏိုင္ငံအႏွံ႔သို႔ ဝင္ေရာက္မည့္ ျမင္ကြင္းျဖစ္ပါတယ္။ လိုင္စင္မဲ့ယာဥ္စီး မႈမ်ားျပားသည့္ ထိုင္း–ျမန္မာနယ္စပ္ျဖစ္ေသာ ကရင္ျပည္နယ္ ျမဝတီၿမိဳ႕တြင္ ထိုင္းႏိုင္ငံမွ လိုင္စင္မဲ့ယာဥ္မ်ားေန႔စဥ္ဝင္ေရာက္ေနတာပါ။

ယာဥ္တိုက္မႈျဖစ္ပြားပါက လူေသဆုံးမွသာ အမႈဖြင့္တိုင္ၾကား အေရးယူေလ့ရွိေၾကာင္း ကရင္ျပည္နယ္ ယာဥ္ထိန္းရဲတပ္ဖြဲ႕မွ ရဲအရာရွိတစ္ ဦးက ေျပာသည္။ လူေသဆုံးမႈမရွိသည့္ သာမန္ယာဥ္တိုက္မႈအတြက္ နားလည္မႈျဖင့္သာ ေလ်ာ္ေၾကးေပး၍ ေျပလည္ခဲ့ေၾကာင္း သိရသည္ ။“ျမဝတီၿမိဳ႕လိုေနရာမွာ အဖြဲ႕အစည္းေတြကလည္းရွိေတာ့ လိုင္စင္မဲ့ယာဥ္ေတြစီးေနၾကတာရွိတယ္။ ေတာ္႐ုံယာဥ္တိုက္မႈေလာက္ကေတာ့ သူတို႔ ဘာသာရွင္းၾကတယ္။ လူေသမွသာ အမႈဖြင့္တာမ်ားတယ္”ဟု ကရင္ျပည္နယ္ယာဥ္ထိန္းရဲတပ္ဖြဲ႕မွ ရဲအရာရွိတစ္ဦးက ေျပာသည္။

Credit-Blacker

UNICODE

ဂျပန်နိုင်ငံထုတ်ယာဉ်များမှာ ထိုင်းနိုင်ငံမှတစ်ဆင့် နယ်စပ်မှ မြဝတီမြို့သို့ လိုင်စင်မဲ့အဖြစ် ဝင်ရောက်နေခြင်းဖြစ်ပြီး တစ်လလျှင် ယာဉ်စီးရေ ထောင်သောင်းနှင့်ချီ တင်သွင်းနေကြောင်း သိရသည်။ “မြဝတီမြို့မှာ လိုင်စင်မဲ့ယာဉ်ပဲ စီးတာများတယ်။ လိုင်စင်ရှိယာဉ်က သိန်း ၂၀ဝ လောက်ရှိတယ်။ လိုင်စင်မဲ့မော်ဒယ်မြင့်ကားက ကျပ် ၁၅ သိန်း၊ ကျပ်သိန်း ၂၀ လောက်နဲ့ စီးလို့ရနေတယ်လေ။ ဒီမှာက ယာဉ်တိုက်မှုဖြစ်ရင် တော်ရုံဖြစ်တာဆို အမှုမဖွင့်ကြဘူး။

လျော်ကြေးလောက်နဲ့ပြီးသွား ကြတာများတယ်။ ရဲစခန်းတိုင်ရင်လည်း လိုင်စင်မဲ့ယာဉ်တွေဆိုတော့ ဇာတ်လမ်းရှုပ်လို့လေ။ လူသေရင် တော့ အမှုဖွင့်ပြီး ယာဉ်ကိုသိမ်းလိုက်တယ်။ မောင်းပြေးသွားရင်လည်း နံပါတ်မှတ်လို့မရတော့ တိုင်လို့မရဘူး။ အဖွဲ့အစည်းကယာဉ်တွေ ဆိုရင်တော့ သူတို့လိုက်ရှင်းပေးတယ်” ဟု မြဝတီမြို့နေ ပြည်သူတစ်ဦးက ပြောသည်။ သက် ဆိုင်ရာ ပြည်နယ်၊ တိုင်းဒေသကြီး အစိုးရနဲ့ အောက်ခြေ အဆင့် ဒေသဆိုင်ရာ အာဏာပိုင်တွေ ဥပဒေ အတိုင်းဆောင်ရွက်ပေးပါ။

ဒီလို ဓာတ်ပုံသက်သေအထောက်အထားနဲ့ ပြတာတောင် မဖမ်းနိုင်ဘူး၊ မတားဆီးနိုင်ဘူးဆိုရင်တော့ ပြည်ထဲရေးမှာ တာဝန်အရှိဆုံးပါ။ ခေတ်အဆက်ဆက် မြန်မာ့အုပ်ချုပ်ရေးအဖွဲ့အသီးသီးမှ ထိရောက်စွာ မဆောင်ရွက်သည့် လိုင်စင်မဲ့ ကားဈေးကွက် ထိုင်း(မဲဆောက်မြို့)-မြန်မာ(မြဝတီမြို့) သောင်းရင်းမြစ်နံဘေး၌ လိုင်းစင်မဲ့ကားများ မြန်မာနိုင်ငံအနှံ့သို့ ဝင်ရောက်မည့် မြင်ကွင်းဖြစ်ပါတယ်။ လိုင်စင်မဲ့ယာဉ်စီး မှုများပြားသည့် ထိုင်း–မြန်မာနယ်စပ်ဖြစ်သော ကရင်ပြည်နယ် မြဝတီမြို့တွင် ထိုင်းနိုင်ငံမှ လိုင်စင်မဲ့ယာဉ်များနေ့စဉ်ဝင်ရောက်နေတာပါ။

ယာဉ်တိုက်မှုဖြစ်ပွားပါက လူသေဆုံးမှသာ အမှုဖွင့်တိုင်ကြား အရေးယူလေ့ရှိကြောင်း ကရင်ပြည်နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရဲအရာရှိတစ် ဦးက ပြောသည်။ လူသေဆုံးမှုမရှိသည့် သာမန်ယာဉ်တိုက်မှုအတွက် နားလည်မှုဖြင့်သာ လျော်ကြေးပေး၍ ပြေလည်ခဲ့ကြောင်း သိရသည် ။“မြဝတီမြို့လိုနေရာမှာ အဖွဲ့အစည်းတွေကလည်းရှိတော့ လိုင်စင်မဲ့ယာဉ်တွေစီးနေကြတာရှိတယ်။ တော်ရုံယာဉ်တိုက်မှုလောက်ကတော့ သူတို့ ဘာသာရှင်းကြတယ်။ လူသေမှသာ အမှုဖွင့်တာများတယ်”ဟု ကရင်ပြည်နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။

Credit-Blacker

Add a Comment

Your email address will not be published. Required fields are marked *