ဝန္ထမ္းမ်ားအတြက္ကားပါမစ္ကိစၥ ေခတၱ ဆိုင္းငံ့ျခင္းျဖစ္ၿပီး သမၼတ႐ုံးက ဆက္လက္ေဆာင္႐ြက္ပါဟု ေျပာလာပါက ခ်က္ခ်င္းေဆာင္႐ြက္မည္ဟု စီးပြား/ကူသန္းဒု-ဝန္ႀကီးေျပာ

ေမာ္ေတာ္ယာဥ္ တင္သြင္းခြင့္ျပဳျခင္းႏွင့္ ပတ္သက္၍ ဝန္ထမ္းမ်ားလက္ရွိအသုံးျပဳေနသည့္ ကားမ်ားသည္ ေဟာင္းႏြမ္းသည့္ ကားမ်ား ျပားလာသည့္အျပင္ ပင္စင္ယူ သည့္အခါတြင္ လည္း ၎တို႔၏ အဆင့္ႏွင့္ေလ်ာ္ညီသည့္ ကားမ်ားစီးႏိုင္ေအာင္ အခြန္သက္သာခြင့္ျဖင့္ ကား တင္သြင္း ခြင့္ျပဳရန္ စီစဥ္ေပးျခင္းျဖစ္ေၾကာင္း စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရး ဝန္ႀကီးဌာန အၿမဲတမ္း အတြင္းဝန္ဦးေအာင္စိုး က မ်ားမၾကာမီအခ်ိန္က ေျပာဆိုထားခဲ့ေၾကာင္း သိရသည္။

ဝန္ထမ္းေတြ အေနျဖင့္ ေမာ္ေတာ္ယာဥ္ အရစ္က်ေရာင္းခ်ေရး အစီအစဥ္နဲ႔ပတ္သက္ၿပီး ပထမအဆင့္အေနနဲ႔ ၫႊန္ၾကားေရးမႉးခ်ဳပ္ႏွင့္ အထက္အဆင့္ ျပည္သူ႔ဝန္ထမ္းႏွင့္ႏိုင္ငံဝန္ထမ္းေတြကို ေဆာင္႐ြက္ေပးသြားမွာျဖစ္ၿပီး ဒုတိယအဆင့္ အေနျဖင့္ ဒုတိယၫႊန္ၾကားေရးမႉး ခ်ဳပ္ ႏွင့္ လုပ္သက္ ၂၅ ႏွစ္ျပည့္ၿပီး ႏိုင္ငံ့ဝန္ထမ္းေကာင္းတံဆိပ္ ရရွိသူဝန္ထမ္းေတြကို ေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္း ေမာ္ေတာ္ ယာဥ္တင္သြင္းခြင့္ႏွင့္ပတ္သက္ၿပီး ထုတ္ျပန္သည့္ ထုတ္ျပန္ခ်က္တြင္ပါရွိသည္။

ကားပါမစ္ကိစၥကို သမၼတ႐ုံးက ဆက္လက္ေဆာင္႐ြက္ပါဟု ေျပာဆိုလာပါက ခ်က္ခ်င္း ေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္း စီးပြားေရး ႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီးကေျပာဆိုလိုက္ေၾကာင္း သိရသည္။လက္ရွိတြင္ သက္ျပည့္ပင္စင္ယူေတာ့မည့္ အၿငိမ္းစား ဝန္ထမ္းမ်ားအတြက္ ေမာ္ေတာ္ယာဥ္တင္သြင္းခြင့္ကို ဆိုင္းငံ့ထားရန္ သမၼတ႐ုံးမွ ႏႈတ္ျဖင့္ ၫႊန္ၾကားထားေၾကာင္း သိရသည္။ ဒါနဲ႔ ပတ္သက္ၿပီး တန္းတူအခြင့္အေရးမေပးဘူးဆိုတဲ့ ဟာမ်ိဳးနဲ႔ ကန႔္ကြက္တာရွိတယ္။

ကန႔္ကြက္တာေတြရွိတဲ့ အတြက္ေၾကာင္မို႔လို႔ ဒီကိစၥကို အေကာင္အထည္ေဖာ္ဖို႔ ၫႊန္ခ်ဳပ္ႀကိးေျပာသလို ဒါကို ေခတၱဆိုင္းငံ့ထားပါတယ္။ တဖက္မွာလည္း ဘယ္ေလာက္အထိ ေပးရမလဲဆိုတဲ့ စာရင္းေတြ ေကာက္ယူေနပါတယ္။ ႏိုင္ငံေတာ္သမၼတ႐ုံးက ဆက္လက္ေဆာင္ ႐ြက္ပါဆိုတာနဲ႔ ကြၽန္ေတာ္တို႔ ခ်က္ခ်င္းေဆာင္႐ြက္သြားမွာျဖစ္ပါတယ္”ဟု ဦးေအာင္ထူး ကေျပာသည္။အဆိုပါ ကိစၥႏွင့္ပတ္သက္၍ ေဆြးေႏြးမႈမ်ားလုပ္ရာတြင္ ကန႔္ကြက္ဆန႔္က်င္မႈေတြမ်ားလာသည့္ အတြက္ ဆိုင္းငံ့ထားျခင္းျဖစ္ေၾကာင္း ၊ ေျပာသည္။

ယင္းကိစၥကို ေခတၱ ဆိုင္းငံ့ထားျခင္းျဖစ္ၿပီး ဖ်က္သိမ္းသည့္ သေဘာမ်ိဳး မဟုတ္ေၾကာင္းလည္း သိရသည္။ ေဆြးေႏြးခ်က္ေတြ ဆန႔္က်င္မႈ ေတြနည္းနည္းမ်ားလာတယ္၊အထူးသျဖင့္ေမာ္ေတာ္ယာဥ္နဲ႔ပတ္သတ္တဲ့စီးပြားေရးလုပ္ငန္းအဖြဲ႕အစည္းေတြကဆန႔္က်င္ကန႔္ကြက္တာေတြရွိလာတယ္၊ေနာက္တစ္ခ်ိဳ႕ေသာႏိုင္ငံမ်ားကလည္း ဒါဟာ တန္းတူအခြင့္အေရးမေပးဘူးဆိုတာ ကန႔္ကြက္တာေတြ ရွိတယ္”ဟု စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီးဦးေအာင္ထူးကေျပာၾကားခဲ့သည္။

REF: THE FIFTH WAVE NEWS

UNICODE

ဝန်ထမ်းများအတွက်ကားပါမစ်ကိစ္စ ခေတ္တ ဆိုင်းငံ့ခြင်းဖြစ်ပြီး သမ္မတရုံးက ဆက်လက်ဆောင်ရွက်ပါဟု ပြောလာပါက ချက်ချင်းဆောင်ရွက်မည်ဟု စီးပွား/ကူသန်းဒု-ဝန်ကြီးပြော

မော်တော်ယာဉ် တင်သွင်းခွင့်ပြုခြင်းနှင့် ပတ်သက်၍ ဝန်ထမ်းများလက်ရှိအသုံးပြုနေသည့် ကားများသည် ဟောင်းနွမ်းသည့် ကားများ ပြားလာသည့်အပြင် ပင်စင်ယူ သည့်အခါတွင် လည်း ၎င်းတို့၏ အဆင့်နှင့်လျော်ညီသည့် ကားများစီးနိုင်အောင် အခွန်သက်သာခွင့်ဖြင့် ကား တင်သွင်း ခွင့်ပြုရန် စီစဉ်ပေးခြင်းဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်ဦးအောင်စိုး က များမကြာမီအချိန်က ပြောဆိုထားခဲ့ကြောင်း သိရသည်။

ဝန်ထမ်းတွေ အနေဖြင့် မော်တော်ယာဉ် အရစ်ကျရောင်းချရေး အစီအစဉ်နဲ့ပတ်သက်ပြီး ပထမအဆင့်အနေနဲ့ ညွှန်ကြားရေးမှူးချုပ်နှင့် အထက်အဆင့် ပြည်သူ့ဝန်ထမ်းနှင့်နိုင်ငံဝန်ထမ်းတွေကို ဆောင်ရွက်ပေးသွားမှာဖြစ်ပြီး ဒုတိယအဆင့် အနေဖြင့် ဒုတိယညွှန်ကြားရေးမှူး ချုပ် နှင့် လုပ်သက် ၂၅ နှစ်ပြည့်ပြီး နိုင်ငံ့ဝန်ထမ်းကောင်းတံဆိပ် ရရှိသူဝန်ထမ်းတွေကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မော်တော် ယာဉ်တင်သွင်းခွင့်နှင့်ပတ်သက်ပြီး ထုတ်ပြန်သည့် ထုတ်ပြန်ချက်တွင်ပါရှိသည်။

ကားပါမစ်ကိစ္စကို သမ္မတရုံးက ဆက်လက်ဆောင်ရွက်ပါဟု ပြောဆိုလာပါက ချက်ချင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးကပြောဆိုလိုက်ကြောင်း သိရသည်။လက်ရှိတွင် သက်ပြည့်ပင်စင်ယူတော့မည့် အငြိမ်းစား ဝန်ထမ်းများအတွက် မော်တော်ယာဉ်တင်သွင်းခွင့်ကို ဆိုင်းငံ့ထားရန် သမ္မတရုံးမှ နှုတ်ဖြင့် ညွှန်ကြားထားကြောင်း သိရသည်။ ဒါနဲ့ ပတ်သက်ပြီး တန်းတူအခွင့်အရေးမပေးဘူးဆိုတဲ့ ဟာမျိုးနဲ့ ကန့်ကွက်တာရှိတယ်။

ကန့်ကွက်တာတွေရှိတဲ့ အတွက်ကြောင်မို့လို့ ဒီကိစ္စကို အကောင်အထည်ဖော်ဖို့ ညွှန်ချုပ်ကြိးပြောသလို ဒါကို ခေတ္တဆိုင်းငံ့ထားပါတယ်။ တဖက်မှာလည်း ဘယ်လောက်အထိ ပေးရမလဲဆိုတဲ့ စာရင်းတွေ ကောက်ယူနေပါတယ်။ နိုင်ငံတော်သမ္မတရုံးက ဆက်လက်ဆောင် ရွက်ပါဆိုတာနဲ့ ကျွန်တော်တို့ ချက်ချင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု ဦးအောင်ထူး ကပြောသည်။အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးမှုများလုပ်ရာတွင် ကန့်ကွက်ဆန့်ကျင်မှုတွေများလာသည့် အတွက် ဆိုင်းငံ့ထားခြင်းဖြစ်ကြောင်း ၊ ပြောသည်။

ယင်းကိစ္စကို ခေတ္တ ဆိုင်းငံ့ထားခြင်းဖြစ်ပြီး ဖျက်သိမ်းသည့် သဘောမျိုး မဟုတ်ကြောင်းလည်း သိရသည်။ ဆွေးနွေးချက်တွေ ဆန့်ကျင်မှု တွေနည်းနည်းများလာတယ်၊အထူးသဖြင့်မော်တော်ယာဉ်နဲ့ပတ်သတ်တဲ့စီးပွားရေးလုပ်ငန်းအဖွဲ့အစည်းတွေကဆန့်ကျင်ကန့်ကွက်တာတွေရှိလာတယ်၊နောက်တစ်ချို့သောနိုင်ငံများကလည်း ဒါဟာ တန်းတူအခွင့်အရေးမပေးဘူးဆိုတာ ကန့်ကွက်တာတွေ ရှိတယ်”ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးအောင်ထူးကပြောကြားခဲ့သည်။

REF:     THE  FIFTH  WAVE  NEWS

Add a Comment

Your email address will not be published. Required fields are marked *