“မိန္းကေလးခ်င္း ႀကိဳက္ေနသူတစ္ေယာက္အျဖစ္ ခ်စ္သူကိုရဲရဲ ဝင့္ဝင့္ခ်ျပ လိုက္တဲ့ ျမန္မာအိုက္ေဒါက ထက္အၪၨလီ”

ထက္အၪၨလီကေတာ့ ကယားေသြးေႏွာတဲ့ တိုင္းရင္းသူေလး တစ္ေယာက္ျဖစ္တဲ့အျပင္ ငယ္စဥ္ကတည္းကမိဘေတြနဲ႔အတူမေနခဲ့ရဘဲ အဘြားျဖစ္သူနဲ႔အတူ ဘဝကို႐ုန္းကန္ခဲ့ရသူျဖစ္တာေၾကာင့္ စိတ္ဓာတ္မာေၾကာၿပီး ဆုံးျဖတ္ခ်က္ခိုင္မာသူတစ္ေယာက္လည္းျဖစ္ပါတယ္။ၿပိဳင္ပြဲႀကီးၿပီး ကတည္းက ေဖ်ာ္ေျဖပြဲေတြဆက္တိုက္သြားေရာက္သီဆိုေနရသူ ထက္အၪၨလီကေတာ့ ဒီေန႔ ခ်စ္သူမ်ားေန႔ေလးမွာ သူခ်စ္ရတဲ့ခ်စ္သူေကာင္မေလးနဲ႔႐ိုက္ကူးထားတဲ့ ပုံေလးေတြကို ပရိသတ္ေတြကိုခ်ျပလိုက္တာပဲ ျဖစ္ပါတယ္။

“ေအးေဆးဘဲ.. ဘာၾကည့္ေနတာလဲ.. အားက်မခံ အခုပဲ Mention ေခၚၿပီး ကိုယ့္အခ်င္းခ်င္းပဲ Ship လိုက္ေတာ့ေလ.. Happy Valentine’s Day” ဆိုတဲ့စာသားေလးနဲ႔အတူ ႐ိုမန႔္တစ္ဆန္ဆန္႐ိုက္ကူးထားတဲ့ပုံေလးေတြနဲ႔အတူ မွ်ေဝေပးခဲ့တာပါ။ပရိသတ္ႀကီးေရ ထက္အၪၨလီကေတာ့ သူ႔ရဲ႕ အခ်စ္ေရးကိုခ်ျပထားျခင္းမရွိေသးဘဲ ဒီေန႔မွာေတာ့ မိန္းကေလးခ်င္းႀကိဳက္တဲ့သူတစ္ေယာက္ျဖစ္ေၾကာင္း ပုံေလးေတြနဲ႔ခ်ျပလိုက္တာလား.. တမင္စေနာက္ေနတာလားဆိုတာေတာ့ စဥ္းစားစရာပါပဲေနာ္။

ယွဥ္ၿပိဳင္မႈျပင္းထန္တဲ့ျမန္မာအိုင္ေဒါၿပိဳင္ပြဲႀကီးရဲ႕ ဆန္ခါတင္(၁၁)ေယာက္ စာရင္းဝင္ၿပီး ပရိသတ္ရဲ႕အခ်စ္ကိုသိမ္းပိုက္ခဲ့သူကေတာ့ ထက္အၪၨလီပဲျဖစ္ပါတယ္။ၿပိဳင္ပြဲစဥ္တစ္ေလွ်ာက္လုံးမွာ တက္ႂကြလန္းဆန္းတဲ့ Performance ေတြနဲ႔ယွဥ္ၿပိဳင္ခဲ့တဲ့အျပင္ ငယ္စဥ္ကတည္းက ကြဲကြာခဲ့တဲ့ဖခင္ျဖစ္သူနဲ႔လည္း ၿပိဳင္ပြဲစဥ္ အတြင္းမွာျပန္လည္ဆုံေတြ႕ခဲ့ၿပီး ပရိသတ္ေတြကိုဝမ္းသာေပ်ာ္႐ႊင္ေစခဲ့သူပါ။

Source – Htet Inzali,CRD-Cele gabar

UNICODE

“မိန်းကလေးချင်း ကြိုက်နေသူတစ်ယောက်အဖြစ် ချစ်သူကိုရဲရဲ ဝင့်ဝင့်ချပြ လိုက်တဲ့ မြန်မာအိုက်ဒေါက ထက်အဉ္ဇလီ”

ထက်အဉ္ဇလီကတော့ ကယားသွေးနှောတဲ့ တိုင်းရင်းသူလေး တစ်ယောက်ဖြစ်တဲ့အပြင် ငယ်စဉ်ကတည်းကမိဘတွေနဲ့အတူမနေခဲ့ရဘဲ အဘွားဖြစ်သူနဲ့အတူ ဘဝကိုရုန်းကန်ခဲ့ရသူဖြစ်တာကြောင့် စိတ်ဓာတ်မာကြောပြီး ဆုံးဖြတ်ချက်ခိုင်မာသူတစ်ယောက်လည်းဖြစ်ပါတယ်။ပြိုင်ပွဲကြီးပြီး ကတည်းက ဖျော်ဖြေပွဲတွေဆက်တိုက်သွားရောက်သီဆိုနေရသူ ထက်အဉ္ဇလီကတော့ ဒီနေ့ ချစ်သူများနေ့လေးမှာ သူချစ်ရတဲ့ချစ်သူကောင်မလေးနဲ့ရိုက်ကူးထားတဲ့ ပုံလေးတွေကို ပရိသတ်တွေကိုချပြလိုက်တာပဲ ဖြစ်ပါတယ်။

“အေးဆေးဘဲ.. ဘာကြည့်နေတာလဲ.. အားကျမခံ အခုပဲ Mention ခေါ်ပြီး ကိုယ့်အချင်းချင်းပဲ Ship လိုက်တော့လေ.. Happy Valentine’s Day” ဆိုတဲ့စာသားလေးနဲ့အတူ ရိုမန့်တစ်ဆန်ဆန်ရိုက်ကူးထားတဲ့ပုံလေးတွေနဲ့အတူ မျှဝေပေးခဲ့တာပါ။ပရိသတ်ကြီးရေ ထက်အဉ္ဇလီကတော့ သူ့ရဲ့ အချစ်ရေးကိုချပြထားခြင်းမရှိသေးဘဲ ဒီနေ့မှာတော့ မိန်းကလေးချင်းကြိုက်တဲ့သူတစ်ယောက်ဖြစ်ကြောင်း ပုံလေးတွေနဲ့ချပြလိုက်တာလား.. တမင်စနောက်နေတာလားဆိုတာတော့ စဉ်းစားစရာပါပဲနော်။

ယှဉ်ပြိုင်မှုပြင်းထန်တဲ့မြန်မာအိုင်ဒေါပြိုင်ပွဲကြီးရဲ့ ဆန်ခါတင်(၁၁)ယောက် စာရင်းဝင်ပြီး ပရိသတ်ရဲ့အချစ်ကိုသိမ်းပိုက်ခဲ့သူကတော့ ထက်အဉ္ဇလီပဲဖြစ်ပါတယ်။ပြိုင်ပွဲစဉ်တစ်လျှောက်လုံးမှာ တက်ကြွလန်းဆန်းတဲ့ Performance တွေနဲ့ယှဉ်ပြိုင်ခဲ့တဲ့အပြင် ငယ်စဉ်ကတည်းက ကွဲကွာခဲ့တဲ့ဖခင်ဖြစ်သူနဲ့လည်း ပြိုင်ပွဲစဉ် အတွင်းမှာပြန်လည်ဆုံတွေ့ခဲ့ပြီး ပရိသတ်တွေကိုဝမ်းသာပျော်ရွှင်စေခဲ့သူပါ။

Source – Htet Inzali,CRD-Cele gabar

Add a Comment

Your email address will not be published. Required fields are marked *