Valentine Dayမွာ အင္ဒိုနီးရွားႏိုင္ငံအတြင္းရွိ ဟိုတယ္ေတြကို ဝင္ေရာက္စီးနင္းၿပီး လက္မထပ္ရေသးသည့္ အတူေနစုံတြဲမ်ားကို ရဲတပ္ဖြဲ႕က ဖမ္းဆီး

ကမာၻတစ္ဝန္းမွာ ခ်စ္သူမ်ားေန႔ကို က်င္းပေနေသာ္လည္း မြတ္စလင္အမ်ားစု ေနထိုင္ရာ အင္ဒိုနီးရွားႏိုင္ငံ ျပည္နယ္အခ်ိဳ႕မွာ ႏိုင္ငံရဲ႕ ယဥ္ ေက်းမႈနဲ႔ က်င့္ဝတ္ကို ခ်ိဳးေဖာက္တာအျဖစ္ ခ်စ္သူမ်ားေန႔ကို တားျမစ္တာေတြ ရွိေနပါတယ္။ ဘန္ဒါအက္ျပည္နယ္မွာ စားေသာက္ ဆိုင္ နဲ႔ ဟိုတယ္ေတြကို ခ်စ္သူမ်ားေန႔ကို အားေပးအားေျမႇာက္ မလုပ္ဖို႔ သတိေပးခ်က္ေတြ ထုတ္ျပန္ထားပါတယ္။

မာကာဆားၿမိဳ႕မွာေတာ့ ရဲေတြဟာ ဟိုတယ္ေတြထဲ ဝင္ေရာက္စီးနင္းၿပီး လက္မထပ္ရေသးတဲ့ အတူေနစုံတြဲ ႏွစ္ဒါဇင္နီးပါးကို ဖမ္းဆီး ခဲ့ပါတယ္။အဲဒီလို ဖမ္းဆီးခဲ့ရာမွာ ဂ်ာမန္ႏိုင္ငံသားတစ္ဦးလည္း ပါဝင္ခဲ့ၿပီး သူ႔ဟာ အင္ဒိုနီးရွားအမ်ိဳးသမီးတစ္ဦးနဲ႔ အတူတူေနေနတာ ျဖစ္ေပမယ့္ လင္မယားေတြမဟုတ္တာေၾကာင့္ ဖမ္းဆီးရတာ ျဖစ္ေၾကာင္း ဌာေနရဲဌာနအႀကီးအကဲက ေျပာပါတယ္။

အလားတူပဲ အင္ဒိုနီးရွားႏိုင္ငံ မာကာဆားၿမိဳ႕မွာ ၿပီးခဲ့တဲ့ ခ်စ္သူမ်ားေန႔မွာ ရဲေတြက ဟိုတယ္ေတြကို ဝင္ေရာက္စီးနင္းၿပီး လက္မထပ္ရ ေသးတဲ့ စုံတြဲေတြကို ဝင္ေရာက္ဖမ္းဆီးခဲ့ပါတယ္။ဗယ္လင္တိုင္းေဒး ေခၚ ခ်စ္သူမ်ားေန႔ဟာ မေကာင္းမႈဒုစ႐ိုက္ဆိုၿပီး ခုလို ဟိုတယ္ေတြ မွာ လက္မထပ္ရေသးတဲ့ စုံတြဲေတြကို ဝင္ေရာက္ဖမ္းဆီးတာျဖစ္ေၾကာင္း သတင္းတစ္ရပ္က ေဖာ္ျပပါတယ္။

မြတ္စလင္အမ်ားစု အင္ဒိုနီးရွားႏိုင္ငံမွာ အိမ္ေထာင္ျပင္ပ လိင္ဆက္ဆံတာကို လူျမင္ကြင္းမွာ ႀကိမ္ဒဏ္ေပးတဲ့ ရွာရီယာေလာ ဥပေဒကို အာေခ်းျပည္နယ္မွာ က်င့္သုံးလ်က္ရွိေနပါတယ္။

REF: MIZZIMA

UNICODE

Valentine Dayမှာ အင်ဒိုနီးရှားနိုင်ငံအတွင်းရှိ ဟိုတယ်တွေကို ဝင်ရောက်စီးနင်းပြီး လက်မထပ်ရသေးသည့် အတူနေစုံတွဲများကို ရဲတပ်ဖွဲ့က ဖမ်းဆီး

ကမ္ဘာတစ်ဝန်းမှာ ချစ်သူများနေ့ကို ကျင်းပနေသော်လည်း မွတ်စလင်အများစု နေထိုင်ရာ အင်ဒိုနီးရှားနိုင်ငံ ပြည်နယ်အချို့မှာ နိုင်ငံရဲ့ ယဉ် ကျေးမှုနဲ့ ကျင့်ဝတ်ကို ချိုးဖောက်တာအဖြစ် ချစ်သူများနေ့ကို တားမြစ်တာတွေ ရှိနေပါတယ်။ ဘန်ဒါအက်ပြည်နယ်မှာ စားသောက် ဆိုင် နဲ့ ဟိုတယ်တွေကို ချစ်သူများနေ့ကို အားပေးအားမြှောက် မလုပ်ဖို့ သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

မာကာဆားမြို့မှာတော့ ရဲတွေဟာ ဟိုတယ်တွေထဲ ဝင်ရောက်စီးနင်းပြီး လက်မထပ်ရသေးတဲ့ အတူနေစုံတွဲ နှစ်ဒါဇင်နီးပါးကို ဖမ်းဆီး ခဲ့ပါတယ်။အဲဒီလို ဖမ်းဆီးခဲ့ရာမှာ ဂျာမန်နိုင်ငံသားတစ်ဦးလည်း ပါဝင်ခဲ့ပြီး သူ့ဟာ အင်ဒိုနီးရှားအမျိုးသမီးတစ်ဦးနဲ့ အတူတူနေနေတာ ဖြစ်ပေမယ့် လင်မယားတွေမဟုတ်တာကြောင့် ဖမ်းဆီးရတာ ဖြစ်ကြောင်း ဌာနေရဲဌာနအကြီးအကဲက ပြောပါတယ်။

အလားတူပဲ အင်ဒိုနီးရှားနိုင်ငံ မာကာဆားမြို့မှာ ပြီးခဲ့တဲ့ ချစ်သူများနေ့မှာ ရဲတွေက ဟိုတယ်တွေကို ဝင်ရောက်စီးနင်းပြီး လက်မထပ်ရ သေးတဲ့ စုံတွဲတွေကို ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။ဗယ်လင်တိုင်းဒေး ခေါ် ချစ်သူများနေ့ဟာ မကောင်းမှုဒုစရိုက်ဆိုပြီး ခုလို ဟိုတယ်တွေ မှာ လက်မထပ်ရသေးတဲ့ စုံတွဲတွေကို ဝင်ရောက်ဖမ်းဆီးတာဖြစ်ကြောင်း သတင်းတစ်ရပ်က ဖော်ပြပါတယ်။

မွတ်စလင်အများစု အင်ဒိုနီးရှားနိုင်ငံမှာ အိမ်ထောင်ပြင်ပ လိင်ဆက်ဆံတာကို လူမြင်ကွင်းမှာ ကြိမ်ဒဏ်ပေးတဲ့ ရှာရီယာလော ဥပဒေကို အာချေးပြည်နယ်မှာ ကျင့်သုံးလျက်ရှိနေပါတယ်။

REF:    MIZZIMA

Add a Comment

Your email address will not be published. Required fields are marked *