ကမာၻ႔လူဦးေရ ရဲ႕(၆၀)%အ ထိ ဝူဟန္ ကို႐ိုနာဗိုင္း ရပ္စ္ ကူး စက္ႏိုင္ၿပီး လူဦးေရ (၄၅)သန္းအ ထိ ေသဆုံးႏိုင္ဟု ပညာရွင္မ်ားေျပာဆို

ကမာၻ႔က်န္းမာေရးအဖြဲ႕ WHO က ဝူဟန္ဗိုင္းရပ္စ္အေရးနဲ႔ပတ္သက္ၿပီး “သင္တို႔စိတ္ထဲမွာ ဘယ္လိုမွ ထင္မွတ္မထားတဲ့ အဆိုးဝါးဆုံးရန္ သူ “လို႔ သမုတ္ခဲ့ပါတယ္။ ဘယ္ေလာက္အထိ ဆိုးသလဲဆိုရင္ အၾကမ္းဖက္သမားေတြထက္ေတာင္ ပိုေၾကာက္ဖို႔ ေကာင္းေနၿပီမို႔၊ “နံပတ္ (၁)ရန္သူ “လို႔ ေခၚခဲ့ပါတယ္။WHO ေနာက္ဆုံးထုတ္ျပန္တဲ့စာရင္းမွာေတာ့ လူ (၄၄၆၀၀)အထိ ကူးစက္ခံထားရၿပီး၊ လူေပါင္း (၁၁၀၀) ဦးအထိ ေသဆုံးခဲ့ၿပီးၿပီလို႔ သိရပါတယ္။

တခ်ိဳ႕ကေတာ့ အပူခ်ိန္ျမင့္တဲ့ရာသီမွာ ဒီဗိုင္းရပ္စ္ ေပ်ာက္ကြယ္ႏိုင္ေၾကာင္း ေျပာခဲ့ေပမယ့္ ေဒါက္တာ Tedros Adhanom Ghebreyesus ကေတာ့-ဒီေရာဂါဟာ ထင္ထားတာထက္ ပိုၾကာႏိုင္ၿပီး ကာကြယ္ႏိုင္မယ့္ေဆး မေပၚေသးမီ၊ ေနာက္ထပ္ (၁၈)လေလာက္အထိ ၾကာျမင့္ႏိုင္တယ္လို႔ ဆိုပါတယ္။ တကယ္လို႔ ကာကြယ္ေဆး၊ သို႔မဟုတ္ ထိေရာက္တဲ့ကုထုံး ကာလတိုအတြင္းမွာ ေအာင္ျမင္စြာ ေပၚလာခဲ့ရင္ေတာ့ အေသအေပ်ာက္ နည္းႏိုင္ပါတယ္တဲ့။ ။

ကမ ၻာတစ္ဝွမ္းလုံးကို ေျခာက္လွန႔္ေနတဲ့ ဝူဟန္ဗိုင္းရပ္စ္အေရး စိတ္မေအးရေသးခင္မွာ ႏိုက္ဂ်ီးရီးယားမွာ ေနာက္ထပ္ ထူးဆန္းတဲ့ ျပင္းထန္အဖ်ားေရာဂါတစ္မ်ိဳး ေပၚလာၿပီမို႔ အေတာ္ေလး ရတက္မေအးဖြယ္ရာပါဘဲ။ ႏိုက္ဂ်ီးရီးယားမွာေတာ့ ျပင္းထန္အဖ်ားက လူ(၁၀၀)ေက်ာ္ ကူးစက္ခံထားရၿပီး၊ (၁၅)ဦး ေသဆုံးခဲ့ပါၿပီ။

အခုလည္း ကြၽမ္းက်င္ပညာရွင္ေတြရဲ႕ ခန႔္မွန္းတြက္ခ်က္မႈအရ ဝူဟန္ဗိုင္းရပ္စ္ ကူးစက္ခံရသူဟာ တစ္ကမာၻလုံးအတိုင္းအတာနဲ႔ဆို လူဦးေရ(၆၀)%အထိ ကူးစက္ခံရႏိုင္ေခ်ရွိေၾကာင္း၊ ဒီေရာဂါဆိုးေၾကာင့္ ေသဆုံးသူမွာ (၄၅)သန္းအထိ ရွိႏိုင္ေၾကာင္း သတိေပးလိုက္ပါတယ္။

သူတို႔ရဲ႕တြက္ခ်က္မႈအရ လူတစ္ေယာက္ ဝူဟန္ဗိုင္းရပ္စ္ ကူးစက္ခံရၿပီဆိုရင္ အနည္းဆုံး (၂.၅)ေယာက္အထိ ကူးစက္ႏိုင္ေျခရွိတာေၾကာင့္၊ အခုဆိုရင္ တခ်ိဳ႕သတင္းေတြရ ကူးစက္ခံရသူမွာ သိန္းဂဏန္းေလာက္အထိ ရွိလာေနၿပီမို႔၊ ဒါဟာ ေပါ့ေသးေသး ကိစၥမဟုတ္ေတာ့ပါဘူးတဲ့။ေဟာင္ေကာင္တကၠသိုလ္၊ အမ်ားျပည္သူက်န္းမာေရးေဆးဝါးဆိုင္ရာ အဖြဲ႕အစည္းမွ ပါေမာကၡ Gabriel Leung က တ႐ုတ္ကိုမသြားဘဲ ေရာဂါကူးစက္ခံရသူပမာဏဟာ နည္းပါးႏိုင္ေသာ္လည္း၊ ေရာဂါကူးစက္ခံရတဲ့ဦးေရ ပိုမိုမ်ားျပားလာျခင္းက အလြန္စိုးရိမ္စရာ ေကာင္းေနၿပီလို႔ သတိေပးခဲ့တာပါ။

လင္းေဇာ္ကို (D Nae Khit)

UNICODE

ကမ္ဘာ့လူဦးရေ ရဲ့(၆၀)%အ ထိ ဝူဟန် ကိုရိုနာဗိုင်း ရပ်စ် ကူး စက်နိုင်ပြီး လူဦးရေ (၄၅)သန်းအ ထိ သေဆုံးနိုင်ဟု ပညာရှင်များပြောဆို

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ဝူဟန်ဗိုင်းရပ်စ်အရေးနဲ့ပတ်သက်ပြီး “သင်တို့စိတ်ထဲမှာ ဘယ်လိုမှ ထင်မှတ်မထားတဲ့ အဆိုးဝါးဆုံးရန် သူ “လို့ သမုတ်ခဲ့ပါတယ်။ ဘယ်လောက်အထိ ဆိုးသလဲဆိုရင် အကြမ်းဖက်သမားတွေထက်တောင် ပိုကြောက်ဖို့ ကောင်းနေပြီမို့၊ “နံပတ် (၁)ရန်သူ “လို့ ခေါ်ခဲ့ပါတယ်။WHO နောက်ဆုံးထုတ်ပြန်တဲ့စာရင်းမှာတော့ လူ (၄၄၆၀၀)အထိ ကူးစက်ခံထားရပြီး၊ လူပေါင်း (၁၁၀၀) ဦးအထိ သေဆုံးခဲ့ပြီးပြီလို့ သိရပါတယ်။

တချို့ကတော့ အပူချိန်မြင့်တဲ့ရာသီမှာ ဒီဗိုင်းရပ်စ် ပျောက်ကွယ်နိုင်ကြောင်း ပြောခဲ့ပေမယ့် ဒေါက်တာ Tedros Adhanom Ghebreyesus ကတော့-ဒီရောဂါဟာ ထင်ထားတာထက် ပိုကြာနိုင်ပြီး ကာကွယ်နိုင်မယ့်ဆေး မပေါ်သေးမီ၊ နောက်ထပ် (၁၈)လလောက်အထိ ကြာမြင့်နိုင်တယ်လို့ ဆိုပါတယ်။ တကယ်လို့ ကာကွယ်ဆေး၊ သို့မဟုတ် ထိရောက်တဲ့ကုထုံး ကာလတိုအတွင်းမှာ အောင်မြင်စွာ ပေါ်လာခဲ့ရင်တော့ အသေအပျောက် နည်းနိုင်ပါတယ်တဲ့။ ။

ကမ ္ဘာတစ်ဝှမ်းလုံးကို ခြောက်လှန့်နေတဲ့ ဝူဟန်ဗိုင်းရပ်စ်အရေး စိတ်မအေးရသေးခင်မှာ နိုက်ဂျီးရီးယားမှာ နောက်ထပ် ထူးဆန်းတဲ့ ပြင်းထန်အဖျားရောဂါတစ်မျိုး ပေါ်လာပြီမို့ အတော်လေး ရတက်မအေးဖွယ်ရာပါဘဲ။ နိုက်ဂျီးရီးယားမှာတော့ ပြင်းထန်အဖျားက လူ(၁၀၀)ကျော် ကူးစက်ခံထားရပြီး၊ (၁၅)ဦး သေဆုံးခဲ့ပါပြီ။

အခုလည်း ကျွမ်းကျင်ပညာရှင်တွေရဲ့ ခန့်မှန်းတွက်ချက်မှုအရ ဝူဟန်ဗိုင်းရပ်စ် ကူးစက်ခံရသူဟာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ဆို လူဦးရေ(၆၀)%အထိ ကူးစက်ခံရနိုင်ချေရှိကြောင်း၊ ဒီရောဂါဆိုးကြောင့် သေဆုံးသူမှာ (၄၅)သန်းအထိ ရှိနိုင်ကြောင်း သတိပေးလိုက်ပါတယ်။

သူတို့ရဲ့တွက်ချက်မှုအရ လူတစ်ယောက် ဝူဟန်ဗိုင်းရပ်စ် ကူးစက်ခံရပြီဆိုရင် အနည်းဆုံး (၂.၅)ယောက်အထိ ကူးစက်နိုင်ခြေရှိတာကြောင့်၊ အခုဆိုရင် တချို့သတင်းတွေရ ကူးစက်ခံရသူမှာ သိန်းဂဏန်းလောက်အထိ ရှိလာနေပြီမို့၊ ဒါဟာ ပေါ့သေးသေး ကိစ္စမဟုတ်တော့ပါဘူးတဲ့။ဟောင်ကောင်တက္ကသိုလ်၊ အများပြည်သူကျန်းမာရေးဆေးဝါးဆိုင်ရာ အဖွဲ့အစည်းမှ ပါမောက္ခ Gabriel Leung က တရုတ်ကိုမသွားဘဲ ရောဂါကူးစက်ခံရသူပမာဏဟာ နည်းပါးနိုင်သော်လည်း၊ ရောဂါကူးစက်ခံရတဲ့ဦးရေ ပိုမိုများပြားလာခြင်းက အလွန်စိုးရိမ်စရာ ကောင်းနေပြီလို့ သတိပေးခဲ့တာပါ။

လင်းဇော်ကို (D Nae Khit)

Add a Comment

Your email address will not be published. Required fields are marked *