တပ္မေတာ္က ႏိုင္ငံေတာ္ အၾကည္ညိဳပ်က္ေစမႈျဖင့္ တရားစြဲ ေထာင္ခ်ထားသည့္ ဒါ႐ိုက္တာ မင္းထင္ကိုကိုႀကီး ျပန္လည္လြတ္ေျမာက္လာ

တပ္မေတာ္က တရားစြဲ ေထာင္ခ်ထားသည့္ ဒါ႐ိုက္တာ မင္းထင္ကိုကိုႀကီး အားၿပီးခဲ့တဲ့ ၾသဂုတ္ ၂၉ ရက္ေန႔ က အင္းစိန္တရား႐ုံးကေန ပုဒ္မ ၅၀၅ (က) နဲ႔ ေထာင္ဒဏ္ တစ္ႏွစ္က်ခံဖို႔ အမိန႔္ခ်မွတ္ခဲ့တာျဖစ္ပါတယ္။

တပ္မေတာ္ က ႏိုင္ငံေတာ္ အၾကည္ညိဳပ်က္ေစမႈ ပုဒ္မ ၅၀၅(က) နဲ႔ ေထာင္ဒဏ္ တစ္ႏွစ္ ခ်ခံရတဲ့ ဒါ႐ိုက္တာ မင္းထင္ကိုကိုႀကီး ဒီေန႔ ေဖေဖာ္ဝါရီ ၂၁ ရက္ မနက္ပိုင္း က အင္းစိန္ အက်ဥ္း ေထာင္ကေန လြတ္ရက္ေစ့ၿပီး ျပန္လြတ္ေျမာက္လာ ပါတယ္ ။

ဒါ႐ိုက္တာ မင္းထင္ကိုကိုႀကီးဟာ လူမႈကြန္ရက္မွာ တပ္မေတာ္ကို ေဝဖန္ပုတ္ခတ္တဲ့ စာသားေတြေရးသားလို႔ ဆိုၿပီး ရန္ကုန္တိုင္းစစ္ဌာန ခ်ဳပ္က ဒုတိယ ဗိုလ္မႉးႀကီး လင္းထြန္းက တရားလို ျပဳလုပ္ကာ တရားစြဲဆိုခဲ့တာ ျဖစ္ပါတယ္။

REF: SHWE LIKE

UNICODE

တပ်မတော်က နိုင်ငံတော် အကြည်ညိုပျက်စေမှုဖြင့် တရားစွဲ ထောင်ချထားသည့် ဒါရိုက်တာ မင်းထင်ကိုကိုကြီး ပြန်လည်လွတ်မြောက်လာ

တပ်မတော်က တရားစွဲ ထောင်ချထားသည့် ဒါရိုက်တာ မင်းထင်ကိုကိုကြီး အားပြီးခဲ့တဲ့ သြဂုတ် ၂၉ ရက်နေ့ က  အင်းစိန်တရားရုံးကနေ ပုဒ်မ ၅၀၅ (က) နဲ့ ထောင်ဒဏ် တစ်နှစ်ကျခံဖို့ အမိန့်ချမှတ်ခဲ့တာဖြစ်ပါတယ်။

တပ်မတော် က နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က) နဲ့ ထောင်ဒဏ် တစ်နှစ် ချခံရတဲ့ ဒါရိုက်တာ မင်းထင်ကိုကိုကြီး ဒီနေ့ ဖေဖော်ဝါရီ ၂၁ ရက် မနက်ပိုင်း က အင်းစိန် အကျဉ်း ထောင်ကနေ လွတ်ရက်စေ့ပြီး ပြန်လွတ်မြောက်လာ ပါတယ် ။

ဒါရိုက်တာ မင်းထင်ကိုကိုကြီးဟာ လူမှုကွန်ရက်မှာ တပ်မတော်ကို ဝေဖန်ပုတ်ခတ်တဲ့ စာသားတွေရေးသားလို့ ဆိုပြီး ရန်ကုန်တိုင်းစစ်ဌာန ချုပ်က ဒုတိယ ဗိုလ်မှူးကြီး လင်းထွန်းက တရားလို ပြုလုပ်ကာ တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

REF:     SHWE  LIKE

Add a Comment

Your email address will not be published. Required fields are marked *