အိမ္မွာပိုးဟပ္ေတြေနရာအႏွံ႔ ေသာင္းက်န္းလို႔စိတ္ညစ္မေနပါနဲ႔ ပိုးဟပ္ေသေစေသာနည္းနဲ႔ ထြက္ေျပးေစေသာနည္း

အစာစားၿပီးတိုင္း စားႂကြင္းစားက်န္မ်ားေသခ်ာ သိမ္းဆည္းျခင္း – ပိုးဟပ္ေတြဟာ ေရနဲ႔အစားအစာမရွိရင္ အသက္ မရွိင္ႏိုင္တာမို႔ အစားအေသာက္ ေတြကို အျပင္မွာဘာတစ္ခုမွ ခ်န္ မထားဘဲ သိမ္းဆည္းတာမ်ိဳး၊ ဆန္ခါအုပ္၊ အဝတ္အုပ္၊ အဖုံး အုပ္ၿပီးကာကြယ္တာမ်ိဳး၊ အမႈိက္ ပုံးေတြကိုလည္း လုံေအာင္ပိတ္ တာမ်ိဳးလုပ္ရင္ အစားအစာမရွိ ေတာ့တဲ့အတြက္ သူ႔အလိုလို နည္း သြားမွာပါ။

အိမ္သန႔္ရွင္းေရးပုံမွန္လုပ္ ျခင္း နဲ႔ သပ္သပ္ရပ္ရပ္ထားတာ မ်ိဳး၊ အထူးသျဖင့္ မီးဖိုေဆာင္မွာ ရႈပ္ပြေနတာမ်ိဳး မျဖစ္ေစဘဲ သန႔္ ျပန႔္ေန ေအာင္ထားရင္ ပိုးဟပ္ကို ျမင္ရမွာေတာင္ မဟုတ္ပါဘူး။ ပိုးဟပ္ေတြဟာ ေရာဂါပိုးေတြနဲ႔ ဗက္တီးရီးယားေတြကို သယ္ ေဆာင္ျဖန႔္ခ်ိ ႏိုင္သလို လူေတြနဲ႔ အိမ္ေမြးတိရစာၦန္ေတြကိုလည္း ဓာတ္မတည့္တာေတြ ျဖစ္ေစႏိုင္ပါတယ္။

အိမ္မွာရွိတဲ့ ပိုးဟပ္ ေျပးေအာင္လုပ္နည္းေလးေတြ ေဖာ္ျပေပးလိုက္ပါတယ္။ေဘာရက္ေပါင္ဒါမႈန႔္နဲ႔ သၾကား – ေဘာရက္မႈန႔္သုံးဆနဲ႔ သၾကားတစ္ဆေရာၿပီး ပိုးဟပ္ေတြရွိတဲ့ေနရာမွာ ပုံထားလိုက္ရင္ မနက္မိုးလင္းတဲ့အခါ ပိုးဟပ္ေတြေသ ေနတာေတြ႕ရမွာပါ။ အိမ္မွာက ေလးနဲ႔ အိမ္ေမြးတိရစာၦန္ရွိရင္ ေတာ့ ဒီနည္းသုံးဖို႔ မသင့္ေတာ္ပါ ဘူး။

တမာ-တမာဆီ၊ ဒါမွမဟုတ္ အမႈန႔္ကိုသုံးႏိုင္ပါတယ္။ တမာဆီ ကို ေရအနည္းငယ္ေရာၿပီး ပိုးဟပ္ ရွိတဲ့ေနရာကို ဖ်န္းႏိုင္သလို၊ တမာ မႈန႔္ကို ျဖဴးထားတာမ်ိဳးလည္း လုပ္ ႏိုင္ပါတယ္။ ေတာေရွာက္ခါးဆီ – ပိုးဟပ္ေျပး ေစတဲ့ သဘာဝေဆးတစ္မ်ိဳးျဖစ္ ၿပီး ေတာေရွာက္ခါးဆီနဲ႔ ေရအ နည္းငယ္ေရာၿပီး ဖ်န္းလိုက္တာ နဲ႔ ပိုးဟပ္ေတြေျပးမွာေသခ်ာပါ တယ္။

ေတာႏွံပင္ – ေတာႏွံ႐ြက္လတ္ လတ္ဆတ္ဆတ္ကိုခူးၿပီး အိတ္ တစ္ခုထဲထည့္ကာ ပိုးဟပ္ရွိတဲ့ေန ရာမွာ ခ်ထားေပးပါ။ အ႐ြက္ေတြ လဲလဲေပးၿပီး ခ်ထားရင္ ပိုးဟပ္ ေတြ မလာေတာ့ဘူးလို႔ ဆိုပါ တယ္။ဆြမ္းေမႊး႐ြက္ – ပိုးဟပ္ေတြရွိတဲ့ ေနရာေတြမွာ ဆြမ္းေမႊး႐ြက္ခ် ထားရင္လည္း ပိုးဟပ္ေတြေျပး တယ္လို႔ သိရပါတယ္။

ေနာက္တနည္းက ကရားတစ္ခုထဲကို ေရအျပည့္ထည့္ပါ။ စကၠဴခြက္တစ္ ခုထဲမွာ ေကာ္ဖီမႈန႔္ထည့္ၿပီး ေရက ရားထဲမွာထည့္ထားပါ။ ေကာ္ဖီနံ႔ က ပိုးဟပ္ေတြကိုဆြဲေဆာင္ၿပီး ေကာ္ဖီရွိရာကိုလာၾကတဲ့အခါ ေရ ကရားထဲက်ေစတဲ့နည္းနဲ႔ ဖမ္းႏိုင္ ပါတယ္။ အဝတ္ေမႊးရနံ႔ဆီ – ရနံ႔ဆီနဲ႔ ေရအ နည္းငယ္ေရာၿပီး ဖ်န္းရင္လည္း ပိုး ဟပ္ေတြေျပးတယ္လို႔ ဆိုပါတယ္။

REF: SEVEN DAY

UNICODE

အိမ်မှာပိုးဟပ်တွေနေရာအနှံ့ သောင်းကျန်းလို့စိတ်ညစ်မနေပါနဲ့ ပိုးဟပ်သေစေသောနည်းနဲ့ ထွက်ပြေးစေသောနည်း

အစာစားပြီးတိုင်း စားကြွင်းစားကျန်များသေချာ သိမ်းဆည်းခြင်း – ပိုးဟပ်တွေဟာ ရေနဲ့အစားအစာမရှိရင် အသက် မရှိင်နိုင်တာမို့ အစားအသောက် တွေကို အပြင်မှာဘာတစ်ခုမှ ချန် မထားဘဲ သိမ်းဆည်းတာမျိုး၊ ဆန်ခါအုပ်၊ အဝတ်အုပ်၊ အဖုံး အုပ်ပြီးကာကွယ်တာမျိုး၊ အမှိုက် ပုံးတွေကိုလည်း လုံအောင်ပိတ် တာမျိုးလုပ်ရင် အစားအစာမရှိ တော့တဲ့အတွက် သူ့အလိုလို နည်း သွားမှာပါ။

အိမ်သန့်ရှင်းရေးပုံမှန်လုပ် ခြင်း နဲ့ သပ်သပ်ရပ်ရပ်ထားတာ မျိုး၊ အထူးသဖြင့် မီးဖိုဆောင်မှာ ရှုပ်ပွနေတာမျိုး မဖြစ်စေဘဲ သန့် ပြန့်နေ အောင်ထားရင် ပိုးဟပ်ကို မြင်ရမှာတောင် မဟုတ်ပါဘူး။ ပိုးဟပ်တွေဟာ ရောဂါပိုးတွေနဲ့ ဗက်တီးရီးယားတွေကို သယ် ဆောင်ဖြန့်ချိ နိုင်သလို လူတွေနဲ့ အိမ်မွေးတိရစ္ဆာန်တွေကိုလည်း ဓာတ်မတည့်တာတွေ ဖြစ်စေနိုင်ပါတယ်။

အိမ်မှာရှိတဲ့ ပိုးဟပ် ပြေးအောင်လုပ်နည်းလေးတွေ ဖော်ပြပေးလိုက်ပါတယ်။ဘောရက်ပေါင်ဒါမှုန့်နဲ့ သကြား – ဘောရက်မှုန့်သုံးဆနဲ့ သကြားတစ်ဆရောပြီး ပိုးဟပ်တွေရှိတဲ့နေရာမှာ ပုံထားလိုက်ရင် မနက်မိုးလင်းတဲ့အခါ ပိုးဟပ်တွေသေ နေတာတွေ့ရမှာပါ။ အိမ်မှာက လေးနဲ့ အိမ်မွေးတိရစ္ဆာန်ရှိရင် တော့ ဒီနည်းသုံးဖို့ မသင့်တော်ပါ ဘူး။

တမာ-တမာဆီ၊ ဒါမှမဟုတ် အမှုန့်ကိုသုံးနိုင်ပါတယ်။ တမာဆီ ကို ရေအနည်းငယ်ရောပြီး ပိုးဟပ် ရှိတဲ့နေရာကို ဖျန်းနိုင်သလို၊ တမာ မှုန့်ကို ဖြူးထားတာမျိုးလည်း လုပ် နိုင်ပါတယ်။ တောရှောက်ခါးဆီ – ပိုးဟပ်ပြေး စေတဲ့ သဘာဝဆေးတစ်မျိုးဖြစ် ပြီး တောရှောက်ခါးဆီနဲ့ ရေအ နည်းငယ်ရောပြီး ဖျန်းလိုက်တာ နဲ့ ပိုးဟပ်တွေပြေးမှာသေချာပါ တယ်။

တောနှံပင် – တောနှံရွက်လတ် လတ်ဆတ်ဆတ်ကိုခူးပြီး အိတ် တစ်ခုထဲထည့်ကာ ပိုးဟပ်ရှိတဲ့နေ ရာမှာ ချထားပေးပါ။ အရွက်တွေ လဲလဲပေးပြီး ချထားရင် ပိုးဟပ် တွေ မလာတော့ဘူးလို့ ဆိုပါ တယ်။ဆွမ်းမွှေးရွက် – ပိုးဟပ်တွေရှိတဲ့ နေရာတွေမှာ ဆွမ်းမွှေးရွက်ချ ထားရင်လည်း ပိုးဟပ်တွေပြေး တယ်လို့ သိရပါတယ်။

နောက်တနည်းက ကရားတစ်ခုထဲကို ရေအပြည့်ထည့်ပါ။ စက္ကူခွက်တစ် ခုထဲမှာ ကော်ဖီမှုန့်ထည့်ပြီး ရေက ရားထဲမှာထည့်ထားပါ။ ကော်ဖီနံ့ က ပိုးဟပ်တွေကိုဆွဲဆောင်ပြီး ကော်ဖီရှိရာကိုလာကြတဲ့အခါ ရေ ကရားထဲကျစေတဲ့နည်းနဲ့ ဖမ်းနိုင် ပါတယ်။ အဝတ်မွှေးရနံ့ဆီ – ရနံ့ဆီနဲ့ ရေအ နည်းငယ်ရောပြီး ဖျန်းရင်လည်း ပိုး ဟပ်တွေပြေးတယ်လို့ ဆိုပါတယ်။

REF: SEVEN DAY

Add a Comment

Your email address will not be published. Required fields are marked *