မွတ္ ပုံတင္မထားပဲ အသုံးျပဳေနတဲ့ ဖုန္းSIM Card ေတြ ဇြန္လ ကုန္ အၿပီးပိတ္သိမ္းမည္ဟု ဆက္သြယ္ေရးဝန္ႀကီးဌာနက ေၾကျငာခ်က္ထုတ္

ႏိုင္ငံေတာ္အစိုးရ ဆက္သြယ္ေရးဌာနဟာ ၂၀၁၄ ခုႏွစ္ကတည္းက စနစ္တက် မွတ္ပုံတင္ႏိုင္ေရးကိစၥ မိုဘိုင္းေအာ္ပေရတာေတြကို အႀကိမ္ႀကိမ္ ၫႊန္ၾကားခဲ့ေပမယ့္ မွတ္ပုံမတင္တဲ့ဖုန္းကတ္ေတြ ရွိေနေသးတာေၾကာင့္ ၂၀၁၆ ခုႏွစ္ ဩဂုတ္ကေန ၂၀၁၇ ခုႏွစ္ ဇြန္လအထိ (၁၁)လ အခ်ိန္ေပးၿပီး မွတ္ပုံတင္ႏိုင္ေရး ထပ္မံေဆာင္႐ြက္ခဲ့တယ္လို႔ ဆက္သြယ္ေရးရဲ႕ ေၾကညာခ်က္မွာ ပါရွိပါတယ္။ ဒီအေတာအတြင္း မွတ္ပုံမတင္ခဲ့တဲ့ SIM Card ေပါင္း (၆.၅) သန္းေလာက္ကို အၿပီးပိတ္သိမ္းခဲ့ရတယ္လို႔ ဆက္သြယ္ေရးက ေၾကညာပါတယ္။

ေဖေဖာ္ဝါရီ ၁၈ ရက္နဲ႔ ၁၉ ရက္က ေနျပည္ေတာ္မွာျပဳလုပ္တဲ့ စတုတၳအႀကိမ္ေျမာက္ e-Government ညီလာခံနဲ႔ ကြန္ပ်ဴတာနည္းပညာ ျပပြဲ အဖြင့္မိန႔္ခြန္းမွာ SIM Card မွတ္ပုံတင္ၿပီးသုံးစြဲဖို႔ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က တိုက္တြန္းခဲ့ပါေသး တယ္။မွတ္ ပုံမတင္တဲ့ မိုဘိုင္းဖုန္း ဆင္းမ္ကတ္(SIM Card)ေတြကို ဧၿပီလကုန္မွာ ေခၚဆိုမႈရပ္ဆိုင္းၿပီး ဇြန္လကုန္မွာ အၿပီးပိတ္သိမ္းမယ္ လို႔ ဆက္သြယ္ေရးၫႊန္ၾကားမႈဦးစီးဌာနက သတင္းထုတ္ျပန္လိုက္ပါတယ္။

မွတ္ပုံမတင္တဲ့ SIM Card ေတြအျပင္ မွတ္ပုံတင္တစ္ခုကို SIM Card ႏွစ္ခုထက္ပိုၿပီး မွတ္ပုံတင္ထားတဲ့ ကတ္ေတြပါ ပါဝင္မွာျဖစ္ၿပီး ဧၿပီလကုန္ ေခၚဆိုမႈပိတ္တဲ့အခါမွာ မွတ္ပုံတင္ႏိုင္ဖို႔အတြက္ Call Center တစ္ခုကို ေခၚလို႔ရဖို႔ပဲ ခ်န္ထားခဲ့မွာျဖစ္ပါတယ္။ မွတ္ပုံမတင္ ထားတဲ့ ဖုန္းကတ္ေတြနဲ႔ ရာဇဝတ္မႈက်ဴးလြန္တာေတြကို ေလွ်ာ့ခ်ႏိုင္ဖို႔၊ မိုဘိုင္းဖုန္းနဲ႔လုပ္ရတဲ့ ေငြေပးေငြယူ ကိစၥေတြကို လုံၿခဳံစိတ္ခ်စြာ လုပ္ႏိုင္ဖို႔နဲ႔ မိမိသုံးစြဲတဲ့ဖုန္းကို တာဝန္ခံႏိုင္ေစဖို႔ စတဲ့အခ်က္ေတြေၾကာင့္ အခုလို ေၾကညာခ်က္ထုတ္တာတယ္လို႔ ဆိုပါတယ္။

၂၀၁၉ ခုႏွစ္ ဧၿပီလကစၿပီး ႏိုင္ငံသားစိစစ္ေရးကတ္ ဒါမွမဟုတ္ အသိအမွတ္ျပဳကတ္ျပားတစ္ခုကို SIM Card (၂) ခုသာ မွတ္ပုံတင္ေရာင္း ဖို႔ ၫႊန္ၾကားထားေပမယ့္ ၂၀၂၀ ဇန္နဝါရီလကုန္အထိ ႏွစ္ခုထက္ပိုေရာင္းထားၾကတဲ့ SIM Card အေရအတြက္မွာ MPT ကတ္ ၁၃ သန္းနီး ပါး၊ MyTel နဲ႔ Ooredoo ကတ္က ေလးသန္းခြဲေက်ာ္စီ၊ Telenor ကတ္ကေတာ့ ေျခာက္သန္းေက်ာ္ျဖစ္ၿပီး စုစုေပါင္း ဆင္းမ္ကတ္ ၂၈ သန္းေက်ာ္တယ္လို႔ ဆက္သြယ္ေရးရဲ႕ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

ဖုန္းဆင္းမ္ကတ္သုံးစြဲသူေတြ မိမိတို႔ကတ္ေတြ ပိတ္သိမ္းမခံရဖို႔အတြက္ မိမိနာမည္နဲ႔ မွန္/မမွန္ တိုက္ဆိုင္စစ္ေဆးဖို႔နဲ႔ ဇြန္လကုန္ ေနာက္ဆုံးထား မွတ္ပုံတင္ဖို႔ ဆက္သြယ္ေရးဦးစီးဌာနက သတိေပးထားတာပါ။

Credit RFA Burmese

UNICODE

မှတ် ပုံတင်မထားပဲ အသုံးပြုနေတဲ့ ဖုန်းSIM Card တွေ ဇွန်လ ကုန် အပြီးပိတ်သိမ်းမည်ဟု ဆက်သွယ်ရေးဝန်ကြီးဌာနက ကြေငြာချက်ထုတ်

နိုင်ငံတော်အစိုးရ ဆက်သွယ်ရေးဌာနဟာ ၂၀၁၄ ခုနှစ်ကတည်းက စနစ်တကျ မှတ်ပုံတင်နိုင်ရေးကိစ္စ မိုဘိုင်းအော်ပရေတာတွေကို အကြိမ်ကြိမ် ညွှန်ကြားခဲ့ပေမယ့် မှတ်ပုံမတင်တဲ့ဖုန်းကတ်တွေ ရှိနေသေးတာကြောင့် ၂၀၁၆ ခုနှစ် ဩဂုတ်ကနေ ၂၀၁၇ ခုနှစ် ဇွန်လအထိ (၁၁)လ အချိန်ပေးပြီး မှတ်ပုံတင်နိုင်ရေး ထပ်မံဆောင်ရွက်ခဲ့တယ်လို့ ဆက်သွယ်ရေးရဲ့ ကြေညာချက်မှာ ပါရှိပါတယ်။ ဒီအတောအတွင်း မှတ်ပုံမတင်ခဲ့တဲ့ SIM Card ပေါင်း (၆.၅) သန်းလောက်ကို အပြီးပိတ်သိမ်းခဲ့ရတယ်လို့ ဆက်သွယ်ရေးက ကြေညာပါတယ်။

ဖေဖော်ဝါရီ ၁၈ ရက်နဲ့ ၁၉ ရက်က နေပြည်တော်မှာပြုလုပ်တဲ့ စတုတ္ထအကြိမ်မြောက် e-Government ညီလာခံနဲ့ ကွန်ပျူတာနည်းပညာ ပြပွဲ အဖွင့်မိန့်ခွန်းမှာ SIM Card မှတ်ပုံတင်ပြီးသုံးစွဲဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့ပါသေး တယ်။မှတ် ပုံမတင်တဲ့ မိုဘိုင်းဖုန်း ဆင်းမ်ကတ်(SIM Card)တွေကို ဧပြီလကုန်မှာ ခေါ်ဆိုမှုရပ်ဆိုင်းပြီး ဇွန်လကုန်မှာ အပြီးပိတ်သိမ်းမယ် လို့ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။

မှတ်ပုံမတင်တဲ့ SIM Card တွေအပြင် မှတ်ပုံတင်တစ်ခုကို SIM Card နှစ်ခုထက်ပိုပြီး မှတ်ပုံတင်ထားတဲ့ ကတ်တွေပါ ပါဝင်မှာဖြစ်ပြီး ဧပြီလကုန် ခေါ်ဆိုမှုပိတ်တဲ့အခါမှာ မှတ်ပုံတင်နိုင်ဖို့အတွက် Call Center တစ်ခုကို ခေါ်လို့ရဖို့ပဲ ချန်ထားခဲ့မှာဖြစ်ပါတယ်။ မှတ်ပုံမတင် ထားတဲ့ ဖုန်းကတ်တွေနဲ့ ရာဇဝတ်မှုကျူးလွန်တာတွေကို လျှော့ချနိုင်ဖို့၊ မိုဘိုင်းဖုန်းနဲ့လုပ်ရတဲ့ ငွေပေးငွေယူ ကိစ္စတွေကို လုံခြုံစိတ်ချစွာ လုပ်နိုင်ဖို့နဲ့ မိမိသုံးစွဲတဲ့ဖုန်းကို တာဝန်ခံနိုင်စေဖို့ စတဲ့အချက်တွေကြောင့် အခုလို ကြေညာချက်ထုတ်တာတယ်လို့ ဆိုပါတယ်။

၂၀၁၉ ခုနှစ် ဧပြီလကစပြီး နိုင်ငံသားစိစစ်ရေးကတ် ဒါမှမဟုတ် အသိအမှတ်ပြုကတ်ပြားတစ်ခုကို SIM Card (၂) ခုသာ မှတ်ပုံတင်ရောင်း ဖို့ ညွှန်ကြားထားပေမယ့် ၂၀၂၀ ဇန်နဝါရီလကုန်အထိ နှစ်ခုထက်ပိုရောင်းထားကြတဲ့ SIM Card အရေအတွက်မှာ MPT ကတ် ၁၃ သန်းနီး ပါး၊ MyTel နဲ့ Ooredoo ကတ်က လေးသန်းခွဲကျော်စီ၊ Telenor ကတ်ကတော့ ခြောက်သန်းကျော်ဖြစ်ပြီး စုစုပေါင်း ဆင်းမ်ကတ် ၂၈ သန်းကျော်တယ်လို့ ဆက်သွယ်ရေးရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဖုန်းဆင်းမ်ကတ်သုံးစွဲသူတွေ မိမိတို့ကတ်တွေ ပိတ်သိမ်းမခံရဖို့အတွက် မိမိနာမည်နဲ့ မှန်/မမှန် တိုက်ဆိုင်စစ်ဆေးဖို့နဲ့ ဇွန်လကုန် နောက်ဆုံးထား မှတ်ပုံတင်ဖို့ ဆက်သွယ်ရေးဦးစီးဌာနက သတိပေးထားတာပါ။

Credit RFA Burmese

Add a Comment

Your email address will not be published. Required fields are marked *