ျပည္သူဆႏၵနဲ႔အုပ္ခ်ဳပ္တဲ့စနစ္ကို ဒီမိုကေရစီလို႔ေခၚၿပီး လႊတ္ေတာ္နဲ႔အုပ္ခ်ဳပ္ေရးပိုင္းတြင္ တပ္မေတာ္ပါဝင္မႈေလွ်ာ့ခ်ျခင္းသည္ ဒီမိုကေရစီျဖစ္ေၾကာင္း ေဒါက္တာ မ်ိဳးၫြန႔္ ေျပာဆို

ဒီေန႔ေခတ္အေျခအေနမွာ ဥပမာ ရခိုင္ျပည္နယ္မ်ိဳးဆိုရင္ ကြၽန္ေတာ္တို႔ လုံၿခဳံေရးအရ ျပႆနာေတြ ရွိေနပါတယ္။ အဲဒီလို အေျခအေနမွာ ျပည္ေထာင္စုအစိုးရနဲ႔ ျပည္နယ္အစိုးရၾကား ပူးတြဲ လုပ္ေဆာင္တဲ့ေနရာမွာ ဒီလိုျပင္ဆင္ခ်က္ကအက်ိဳးရွိမလား၊ အခက္ အခဲျဖစ္မလား ျပည္သူေတြ ဆုံးျဖတ္ပါလိမ့္မယ္”ဟု ေဒါက္တာမ်ိဳးၫြန္႔က ေျပာဆိုလိုက္သည္။

NLDပါတီ၏ ႏိုင္ငံေရးလုပ္ေဆာင္ခ်က္မ်ားသည္ ျပည္သူကို ယုံၾကည္ ျခင္းႏွင့္ အေကာင္းျမင္ဝါဒျဖင့္ လုပ္ေဆာင္ေၾကာင္း လက္ရွိ ျမန္မာ ႏိုင္ငံ၌ ေတြ႕ႀကဳံေနရသည့္ အခက္အခဲအားလုံး၏ အရင္းအျမစ္မွာ ဖြဲ႕စည္းပုံပင္ျဖစ္ေၾကာင္း အရာရာ ဆက္ႏႊယ္ပတ္သက္ေနသည့္ ဖြဲ႕စည္း ပုံကိုျပင္ဆင္ရန္ ႏိုင္ငံသားတိုင္း၊ တပ္မေတာ္သားတိုင္းမျဖစ္မေနလုပ္ေဆာင္ရမည့္ ကိစၥ ျဖစ္ေၾကာင္း ေျပာဆိုသည္။

ဖြဲ႕စည္းပုံကို ႏိုင္ငံ့အက်ိဳး ဦးထိပ္ထားပါက ေသခ်ာေပါက္ ျပင္ႏိုင္ မည္ဟုယုံၾကည္ေၾကာင္း ၎က ဆက္လက္ေျပာသည္။တပ္မေတာ္၏ အခန္းက႑ကို အဆင့္ဆင့္ေလွ်ာ့ခ်ျခင္းသည္ အင္မတန္သင့္ေလ်ာ္သည့္ ဒီမိုကေရစီ စစ္စစ္လုပ္ရပ္ျဖစ္ေၾကာင္း အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ ခ်ဳပ္ပါတီ(NLD)ေျပာခြင့္ရပုဂၢိဳလ္ ေဒါက္တာ မ်ိဳးၫြန္႔က ေျပာသည္။

”ဒီမိုကေရစီဆိုတာ အမ်ားျပည္သူရဲ႕ဆႏၵအရ အုပ္ခ်ဳပ္တဲ့စနစ္လို႔ ေခၚတာ၊ အမ်ားျပည္သူဆႏၵအရ မဟုတ္ဘဲနဲ႔ လႊတ္ေတာ္ အတြင္းမွာ အုပ္ခ်ဳပ္ေရးပိုင္းမွာ လုပ္ပိုင္ခြင့္ေတြရေနတာကို ပယ္ဖ်က္ ဖို႔ႀကိဳးစားတာ အဲဒါ ဒီမိုကေရစီပါပဲ။ အဲဒီေတာ့ တပ္ရဲ႕က႑ဟာ မရသင့္တဲ့ အထူးအခြင့္အေရးေတြရေနတာကို ကြၽန္ေတာ္တို႔ ထိုက္ သင့္တဲ့ပမာဏအလိုက္ အဆင့္လိုက္ ေလွ်ာ့ခ်ဖို႔ ႀကိဳးစားတာဟာ အင္မတန္ကို သင့္ေလ်ာ္တဲ့ကိစၥပါ။ ဒီမိုကေရစီစစ္စစ္ျဖစ္ပါတယ္လို႔ ကြၽန္ေတာ္တို႔ ေျပာခ်င္ပါတယ္”ဟု ေဒါက္တာမ်ိဳးၫြန္႔က ေျပာသည္။

NLDပါတီ၏ ဖြဲ႕စည္းပုံ ျပင္ဆင္ေရးသည္ တပ္၏အခန္းက႑ကိုသာ ေလွ်ာ့ခ်ျခင္းျဖစ္ၿပီး ဖက္ဒရယ္ ဒီမိုကေရစီစံႏႈန္းမ်ား မပါဝင္ သကဲ့သို႔ ျပည္နယ္မ်ားတြင္ ကိုယ္ပိုင္ျပ႒ာန္းခြင့္၊ ကိုယ္ပိုင္တင္ေျမႇာက္ ခြင့္မ်ားမပါဝင္ေၾကာင္း ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီ၏ သတင္းစာရွင္းလင္းပြဲ၌ ေဝဖန္ေျပာဆိုထားသည္။

ထိုကဲ့သို႔ ေျပာဆိုမႈႏွင့္ပတ္သက္၍ ျပည္ခိုင္ၿဖိဳးပါတီေျပာေနသည့္ ျပည္နယ္အုပ္ခ်ဳပ္ေရးအပိုင္းမွာ အမ်ားလက္ခံပါက အတည္ျဖစ္ႏိုင္ေၾကာင္း ေဒါက္တာမ်ိဳးၫြန္႔က ေျပာသည္။

REF: MYANMARNEWS24

UNICODE

ပြည်သူဆန္ဒနဲ့အုပ်ချုပ်တဲ့စနစ်ကို ဒီမိုကရေစီလို့ခေါ်ပြီး လွှတ်တော်နဲ့အုပ်ချုပ်ရေးပိုင်းတွင် တပ်မတော်ပါဝင်မှုလျှော့ချခြင်းသည် ဒီမိုကရေစီဖြစ်ကြောင်း ဒေါက်တာ မျိုးညွန့် ပြောဆို

ဒီနေ့ခေတ်အခြေအနေမှာ ဥပမာ ရခိုင်ပြည်နယ်မျိုးဆိုရင် ကျွန်တော်တို့ လုံခြုံရေးအရ ပြဿနာတွေ ရှိနေပါတယ်။ အဲဒီလို အခြေအနေမှာ ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်အစိုးရကြား ပူးတွဲ လုပ်ဆောင်တဲ့နေရာမှာ ဒီလိုပြင်ဆင်ချက်ကအကျိုးရှိမလား၊ အခက် အခဲဖြစ်မလား ပြည်သူတွေ ဆုံးဖြတ်ပါလိမ့်မယ်”ဟု ဒေါက်တာမျိုးညွန့်က ပြောဆိုလိုက်သည်။

NLDပါတီ၏ နိုင်ငံရေးလုပ်ဆောင်ချက်များသည် ပြည်သူကို ယုံကြည် ခြင်းနှင့် အကောင်းမြင်ဝါဒဖြင့် လုပ်ဆောင်ကြောင်း လက်ရှိ မြန်မာ နိုင်ငံ၌ တွေ့ကြုံနေရသည့် အခက်အခဲအားလုံး၏ အရင်းအမြစ်မှာ ဖွဲ့စည်းပုံပင်ဖြစ်ကြောင်း အရာရာ ဆက်နွှယ်ပတ်သက်နေသည့် ဖွဲ့စည်း ပုံကိုပြင်ဆင်ရန် နိုင်ငံသားတိုင်း၊ တပ်မတော်သားတိုင်းမဖြစ်မနေလုပ်ဆောင်ရမည့် ကိစ္စ ဖြစ်ကြောင်း ပြောဆိုသည်။

ဖွဲ့စည်းပုံကို နိုင်ငံ့အကျိုး ဦးထိပ်ထားပါက သေချာပေါက် ပြင်နိုင် မည်ဟုယုံကြည်ကြောင်း ၎င်းက ဆက်လက်ပြောသည်။တပ်မတော်၏ အခန်းကဏ္ဍကို အဆင့်ဆင့်လျှော့ချခြင်းသည် အင်မတန်သင့်လျော်သည့် ဒီမိုကရေစီ စစ်စစ်လုပ်ရပ်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီ(NLD)ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာ မျိုးညွန့်က ပြောသည်။

”ဒီမိုကရေစီဆိုတာ အများပြည်သူရဲ့ဆန္ဒအရ အုပ်ချုပ်တဲ့စနစ်လို့ ခေါ်တာ၊ အများပြည်သူဆန္ဒအရ မဟုတ်ဘဲနဲ့ လွှတ်တော် အတွင်းမှာ အုပ်ချုပ်ရေးပိုင်းမှာ လုပ်ပိုင်ခွင့်တွေရနေတာကို ပယ်ဖျက် ဖို့ကြိုးစားတာ အဲဒါ ဒီမိုကရေစီပါပဲ။ အဲဒီတော့ တပ်ရဲ့ကဏ္ဍဟာ မရသင့်တဲ့ အထူးအခွင့်အရေးတွေရနေတာကို ကျွန်တော်တို့ ထိုက် သင့်တဲ့ပမာဏအလိုက် အဆင့်လိုက် လျှော့ချဖို့ ကြိုးစားတာဟာ အင်မတန်ကို သင့်လျော်တဲ့ကိစ္စပါ။ ဒီမိုကရေစီစစ်စစ်ဖြစ်ပါတယ်လို့ ကျွန်တော်တို့ ပြောချင်ပါတယ်”ဟု ဒေါက်တာမျိုးညွန့်က ပြောသည်။

NLDပါတီ၏ ဖွဲ့စည်းပုံ ပြင်ဆင်ရေးသည် တပ်၏အခန်းကဏ္ဍကိုသာ လျှော့ချခြင်းဖြစ်ပြီး ဖက်ဒရယ် ဒီမိုကရေစီစံနှုန်းများ မပါဝင် သကဲ့သို့ ပြည်နယ်များတွင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်တင်မြှောက် ခွင့်များမပါဝင်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ သတင်းစာရှင်းလင်းပွဲ၌ ဝေဖန်ပြောဆိုထားသည်။

ထိုကဲ့သို့ ပြောဆိုမှုနှင့်ပတ်သက်၍ ပြည်ခိုင်ဖြိုးပါတီပြောနေသည့် ပြည်နယ်အုပ်ချုပ်ရေးအပိုင်းမှာ အများလက်ခံပါက အတည်ဖြစ်နိုင်ကြောင်း ဒေါက်တာမျိုးညွန့်က ပြောသည်။

REF: MYANMARNEWS24

Add a Comment

Your email address will not be published. Required fields are marked *