



Source : Wai Gyi

UNICODE

နေပြည်တော် မှာ ရောက်နေတုန်း ရဲဖမ်းခံခဲ့ ရ တဲ့ နာမည်ကြီး တေးရေးတေး ဆို ဝေကြီး

ပရိသတ်ကြီးရေ .. အချစ်နဲ့ပတ်သက်ပြီး နာကျင်စရာတွေရှိခဲ့တဲ့ ပရိသတ်တွေကို မျက်ရည်ဝဲစေမယ့် အသည်းကွဲသီချင်းတွေကို ရေးသားသီဆိုလေ့ရှိတဲ့ တေးရေးတေးဆို ဝေကြီးကိုတော့ ပရိသတ်တွေအားလုံးသိမယ်ထင်ပါတယ် ။ သူ့ရဲ့ အသည်းကွဲသီချင်းတွေဟာ ပရိသတ်တွေ အရမ်းကို အားပေးခဲ့ကြပြီး အပုဒ်တိုင်း ပရိသတ်ပါးစပ်ဖျားမှာ ရေပန်းစားခဲ့တယ်ဆိုတာကိုတော့ ငြင်းလို့မရပါဘူး ။

တေးရေးဝေကြီးဟာ မကြာသေးမီကမှ တခြားအဆိုတော် အနုပညာညီအစ်ကိုတွေနဲ့အတူ သာသနာဘောင်ထဲဝင်ခဲ့ပါသေးတယ် ။ သာသနာဘောင်က ထွက်ပြီး အလုပ်ကိစ္စနဲ့ နေပြည်တော်ကို သွားတဲ့လမ်းမှာ ယဉ်ထိန်းရဲတွေရဲ့ ထိန်းသိမ်းခြင်းကို ခံခဲ့ရတယ်လို့သိရပါတယ် ။ ဒါပေမယ့် ယာဉ်ထိန်းရဲတွေက သူ့ရဲ့ဖန်တွေဖြစ်နေတဲ့အတွက် ပျော်ရွှင်စာ Selfie ရိုက်ပြီး “နေပြည်တော်တွင် ရဲဖမ်းခံရခြင်း အမှတ်တရ “ ဆိုတဲ့စာသားနဲ့အတူ ဝေကြီးကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာထက်မှာ ပရိသတ်တွေကို မျှ ဝေပေးထားတာဖြစ်ပါတယ် ။

အနုပညာရှင်ညီအစ်ကိုမောင်နှမတွေကတော့ ဝေကြီးကိုဝိုင်းစနောက်နေကြပြီး မော်တော်ပီကယ်ေ တွဖမ်းတာခံရပေမဲ့လည်း မော်တော်ပီကယ်တွေက မိမိဖန်ဖစ်နေသောအခါ ဆိုပြီး စနောက်နေကြတာဖြစ်ပါတယ် ။ပရိသတ်ကြီးအတွက် ချစ်စရာကောင်းလွန်းတဲ့ ဝေကြီးနဲ့ယာဉ်ထိန်းရဲ ပရိသတ်တွေရဲ့အမှတ်တရပုံလေးကို ပြန်လည်မျှ ဝေပေးလိုက်ပါတယ်နော် ။

Source : Wai Gyi
Credit Cele Connections

Add a Comment

Your email address will not be published. Required fields are marked *