ျပင္းထန္အဆုတ္ေယာင္ ကို႐ိုနာဗိုင္းရပ္စ္အတြက္ အမာၻ႔ႏိုင္ငံရပ္ျခား အသီးသီးမွ ေနာက္ဆုံး တုံ႔ျပန္မႈမ်ား

တ႐ုတ္အစိုးရသည္ ဝူဟန္ ဗိုင္းရပ္ႏွင့္ ပတ္သက္၍ ကမာၻ႔က်န္းမာေရး အဖြဲ႕ WHO မွ အထူးကြၽမ္းက်င္ေသာ ပညာရွင္မ်ား ေစလႊတ္မည့္ အစီအစဥ္ကို လက္ခံလိုက္ၿပီျဖစ္သည္။ သူတို႔သည္ ေျမျပင္အေျခအေနကို ေလ့လာပီး အျမန္ဆုံးတိုက္ထုတ္ရန္ လုပ္ေဆာင္မည္ျဖစ္သည္။ဝူဟန္ဗိုင္းရပ္ ကူးစက္မႈသည္ စတင္ေလွ်ာ့က်လာသည္။ တနလၤာေန႔တြင္ ကူးစက္သူ ၂၀၇၇ ဦး ရွိခဲ့ပီး အဂၤါေန႔တြင္မႈ ၁၄၅၉ ဦးသာ ကူးစက္သည္ကို ေတြ႕ရသည္။ ရွန္ဟိုင္းေဆး႐ုံမွ ဝူဟန္ကူးစက္ခံသူ တဦးကို ထပ္မံကုသႏိုင္ခဲ့ပီး ယခုအခါ ရွန္ဟိုင္းတြင္ ေပ်ာက္ကင္းသူ ၅ ဦးေျမာက္ ရွိလာၿပီျဖစ္သည္။

ၾသစေတးလ်ေဆးသိပၸံပညာရွင္မ်ားက တ႐ုတ္ျပည္ ျပင္ပတြင္ ဝူဟန္ဗိုင္းရပ္ကို ဓာတ္ခြဲခန္း၌ ပထမဆုံးေမြးျမဴႏိုင္ခဲ့ၿပီး ေျဖေဆးရွာေဖြရန္ ပိုမိုအဆင္ေျပသြားသည္။ Remdisivir, Chloroquine ႏွင့္ Ritonavir ေဆး ၃ မ်ိဳးသည္ ဝူဟန္ဗိုင္းရပ္ ကုသရာတြင္ ထိေရာက္မႈရွိသည္ကို ေတြ႕ရသည္ဟု တ႐ုတ္ေဆးပညာရွင္မ်ားက ေျပာၾကားသည္။

ဘယ္လာ႐ုစ္ႏိုင္ငံက Mask မ်ား လက္အိတ္မ်ား ပိုးသတ္ေဆးမ်ားႏွင့္ အျခားေဆးပစၥည္းမ်ားကို တ႐ုတ္ႏိုင္ငံသို႔ စစ္ေလယာဥ္ျဖင့္ ယေန႔ေပးပို႔မည္ျဖစ္သည္။ လက္ရွိ ဝူဟန္ဗိုင္းရပ္ ကူးစက္ခံရသူအေရအတြက္သည္ ၂၀၀၃ ခုႏွစ္က SARS ေရာဂါ ကူးစက္ခံရသူဦးေရကို ေက်ာ္လြန္သြားၿပီျဖစ္သည္။

တ႐ုတ္ ကူးစက္ေရာဂါတိုက္ဖ်က္ေရးအဖြဲ႕။ ရွန္ဟိုင္းအေျခစိုက္ Stemirna ေဆး company။ အေမရိကန္၏ ကမာၻ႔ထိပ္တန္းေဆး Company ျဖစ္ေသာ Johnson and Johnson။ Moderna ေဆး Company ႏွင့္ Inovio တို႔သည္ ကာကြယ္ေဆးရရန္ အလ်င္အျမန္ ရွာေဖြေနၾကသည္။ ကာကြယ္ေဆးရရန္ လအနည္းငယ္ ၾကာျမင့္ႏိုင္သည္ဟု သိရသည္။

ဝူဟန္က ကယ္ထုတ္လာေသာ အေမရိကန္ႏိုင္ငံသား ၂၄၀ သည္ ေလာ့အန္ဂ်လိစ္ေလဆိပ္ရွိ သီးသန႔္အခန္းတြင္ ၂ ပတ္ၾကာ ေနထိုင္ရမည္ဟု သိရသည္။ကို႐ိုနာဗိုင္းရပ္စ္ေရာဂါပိုးဟာ ႏိုင္ငံေပါင္း ၁၅ ႏိုင္ငံေက်ာ္အထိ ကူးစက္ပ်ံ႕ႏွံ႔လာေပမယ့္ ေသဆုံးသူမ်ားဟာ တ႐ုတ္ႏိုင္ငံတြင္သာ ေတြ႕ရေၾကာင္း သိရပါတယ္။ တ႐ုတ္အစိုးရက ၿပီးခဲ့တဲ့သီတင္းပတ္ကစၿပီး ဝူဟန္ၿမိဳ႕နဲ႔ ပတ္ဝန္းက်င္ေဒသေတြမွာ ေနထိုင္သူမ်ားကို သြားလာခြင့္မျပဳေတာ့တဲ့အတြက္ လူေပါင္း သန္း ၅၀ ေက်ာ္ ပိတ္မိေနပါသည္။

ကမာၻတစ္ဝန္းမွာလည္း ကို႐ိုနာဗိုင္းရပ္စ္နဲ႔ ပတ္သက္ၿပီး စိုးရိမ္မႈေတြ တိုးပြားခ်ိန္မွာ အေမရိကန္၊ ၿဗိတိန္နဲ႔ တျခားႏိုင္ငံေတြ ကလည္း သူတို႔ရဲ႕ ႏိုင္ငံသားေတြ တ႐ုတ္ႏိုင္ငံကို ခရီးသြားလာျခင္း မျပဳလုပ္ေအာင္ အႀကံေပးေနပါတယ္။

Nay Thway
ref:Baganthar

UNICODE

ပြင်းထန်အဆုတ်ယောင် ကိုရိုနာဗိုင်းရပ်စ်အတွက် အမ္ဘာ့နိုင်ငံရပ်ခြား အသီးသီးမှ နောက်ဆုံး တုံ့ပြန်မှုများ

တရုတ်အစိုးရသည် ဝူဟန် ဗိုင်းရပ်နှင့် ပတ်သက်၍ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ WHO မှ အထူးကျွမ်းကျင်သော ပညာရှင်များ စေလွှတ်မည့် အစီအစဉ်ကို လက်ခံလိုက်ပြီဖြစ်သည်။ သူတို့သည် မြေပြင်အခြေအနေကို လေ့လာပီး အမြန်ဆုံးတိုက်ထုတ်ရန် လုပ်ဆောင်မည်ဖြစ်သည်။ဝူဟန်ဗိုင်းရပ် ကူးစက်မှုသည် စတင်လျှော့ကျလာသည်။ တနင်္လာနေ့တွင် ကူးစက်သူ ၂၀၇၇ ဦး ရှိခဲ့ပီး အင်္ဂါနေ့တွင်မှု ၁၄၅၉ ဦးသာ ကူးစက်သည်ကို တွေ့ရသည်။ ရှန်ဟိုင်းဆေးရုံမှ ဝူဟန်ကူးစက်ခံသူ တဦးကို ထပ်မံကုသနိုင်ခဲ့ပီး ယခုအခါ ရှန်ဟိုင်းတွင် ပျောက်ကင်းသူ ၅ ဦးမြောက် ရှိလာပြီဖြစ်သည်။

သြစတေးလျဆေးသိပ္ပံပညာရှင်များက တရုတ်ပြည် ပြင်ပတွင် ဝူဟန်ဗိုင်းရပ်ကို ဓာတ်ခွဲခန်း၌ ပထမဆုံးမွေးမြူနိုင်ခဲ့ပြီး ဖြေဆေးရှာဖွေရန် ပိုမိုအဆင်ပြေသွားသည်။ Remdisivir, Chloroquine နှင့် Ritonavir ဆေး ၃ မျိုးသည် ဝူဟန်ဗိုင်းရပ် ကုသရာတွင် ထိရောက်မှုရှိသည်ကို တွေ့ရသည်ဟု တရုတ်ဆေးပညာရှင်များက ပြောကြားသည်။

ဘယ်လာရုစ်နိုင်ငံက Mask များ လက်အိတ်များ ပိုးသတ်ဆေးများနှင့် အခြားဆေးပစ္စည်းများကို တရုတ်နိုင်ငံသို့ စစ်လေယာဉ်ဖြင့် ယနေ့ပေးပို့မည်ဖြစ်သည်။ လက်ရှိ ဝူဟန်ဗိုင်းရပ် ကူးစက်ခံရသူအရေအတွက်သည် ၂၀၀၃ ခုနှစ်က SARS ရောဂါ ကူးစက်ခံရသူဦးရေကို ကျော်လွန်သွားပြီဖြစ်သည်။

တရုတ် ကူးစက်ရောဂါတိုက်ဖျက်ရေးအဖွဲ့။ ရှန်ဟိုင်းအခြေစိုက် Stemirna ဆေး company။ အမေရိကန်၏ ကမ္ဘာ့ထိပ်တန်းဆေး Company ဖြစ်သော Johnson and Johnson။ Moderna ဆေး Company နှင့် Inovio တို့သည် ကာကွယ်ဆေးရရန် အလျင်အမြန် ရှာဖွေနေကြသည်။ ကာကွယ်ဆေးရရန် လအနည်းငယ် ကြာမြင့်နိုင်သည်ဟု သိရသည်။

ဝူဟန်က ကယ်ထုတ်လာသော အမေရိကန်နိုင်ငံသား ၂၄၀ သည် လော့အန်ဂျလိစ်လေဆိပ်ရှိ သီးသန့်အခန်းတွင် ၂ ပတ်ကြာ နေထိုင်ရမည်ဟု သိရသည်။ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးဟာ နိုင်ငံပေါင်း ၁၅ နိုင်ငံကျော်အထိ ကူးစက်ပျံ့နှံ့လာပေမယ့် သေဆုံးသူများဟာ တရုတ်နိုင်ငံတွင်သာ တွေ့ရကြောင်း သိရပါတယ်။ တရုတ်အစိုးရက ပြီးခဲ့တဲ့သီတင်းပတ်ကစပြီး ဝူဟန်မြို့နဲ့ ပတ်ဝန်းကျင်ဒေသတွေမှာ နေထိုင်သူများကို သွားလာခွင့်မပြုတော့တဲ့အတွက် လူပေါင်း သန်း ၅၀ ကျော် ပိတ်မိနေပါသည်။

ကမ္ဘာတစ်ဝန်းမှာလည်း ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ တိုးပွားချိန်မှာ အမေရိကန်၊ ဗြိတိန်နဲ့ တခြားနိုင်ငံတွေ ကလည်း သူတို့ရဲ့ နိုင်ငံသားတွေ တရုတ်နိုင်ငံကို ခရီးသွားလာခြင်း မပြုလုပ်အောင် အကြံပေးနေပါတယ်။

Nay Thway
ref:Baganthar

Add a Comment

Your email address will not be published. Required fields are marked *