ပဲခူးတိုင္း တြင္ (၈)တန္း စာေမးပြဲ ေမးခြန္းေပါက္ၾကားခဲ့ျခင္း ေၾကာင့္ တာဝန္ရွိသူမ်ား ျဖစ္စဥ္ကို စုံစမ္းေန

တရားဝင္ေမးခြန္းကေတာ့ ေမးခြန္းလုံၿခဳံေရးတာဝန္ယူထားတဲ့ သူကေနတစ္ဆင့္ေပါက္ၿပီးေတာ့ အြန္လိုင္းေပၚမွာ တင္တာလို႔ စိစစ္ေတြ႕ ရရင္ေတာ့ အေရးယူခံရမွာေပါ့။ တစ္ခုရွိတာ ကေတာ့ ပဲခူးတိုင္းေဒသႀကီးကေမးခြန္းေပါက္သြားတာျဖစ္တဲ့အတြက္ က်န္တဲ့ျပည္နယ္နဲ႔ တိုင္းေဒသႀကီး ယွဥ္လိုက္ရင္သိပ္ၿပီးေတာ့ အဆင္မေျပဘူးေပါ့။ သူတို႔က ေမးခြန္းေပါက္ၿပီးေတာ့ သူမ်ားတိုင္းေဒသႀကီးနဲ႔ ျပည္နယ္နဲ႔ ယွဥ္ လိုက္ရင္ ေအအဆင့္ေတြမ်ားေနရင္ေတာ့လည္း ဒါကေတာ့ေမးခြန္းေပါက္လို႔ ျဖစ္တယ္လို႔ ျဖစ္ေကာင္းျဖစ္လာႏိုင္တာေပါ့။

က်န္တာကေတာ့ဒီေလာက္ထိသက္ေရာက္မွာ မဟုတ္ပါဘူး”ဟု ၎က ေျပာဆိုသည္။အဆိုပါ ေမးခြန္းေပါက္ၾကားျခင္း မွန္ကန္ပါကလည္း ေက်ာင္းသား၊ ေက်ာင္းသူမ်ား သင္ယူ တတ္ ေျမာက္မႈကို မည္မွ်ရွိသည္ကို စစ္ေဆးျခင္းျဖစ္ၿပီး ေအာင္ျခင္း၊ရႈံးျခင္းကို ေဆာင္႐ြက္ျခင္းမ ဟုတ္သည့္အတြက္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအေပၚသက္ေရာက္မႈရွိမည္မဟုတ္ေၾကာင္း သိရသည္။ေမးခြန္းမ်ားတင္ေနသည့္ အ ေကာင့္ပိုင္ရွင့္သည္ အစိုးရဝန္ထမ္းျဖစ္ပါက ဌာနဆိုင္ရာစစ္ေဆးေရးအဖြဲ႕ ဖြဲ႕ကာ ဝန္ထမ္းစည္းမ်ဥ္း၊ စည္းကမ္းအတိုင္း အေရးယူမႈ ျပဳလုပ္ သြား မည္ျဖစ္ေၾကာင္း သိရသည္။

ပဲ ခူးတိုင္း ေဒသႀကီးတြင္ စတုတၳတန္းႏွင့္ အ႒မတန္း ေမးခြန္းလႊာမ်ား ကို ပညာေရး-ပဲခူးတိုင္းေဒသႀကီးအမည္ရွိ ေဖ့စ္ဘြတ္ခ္လူမႈကြန္ ရက္စာမ်က္ႏွာေပၚတြင္ ႀကိဳတင္ေပါက္ ၾကားကာ တင္ေနမႈမ်ားႏွင့္ ပတ္သက္ၿပီး အေျခခံပညာဦးစီး ဌာနမွ တာဝန္ရွိ သူမ်ား ကို ယင္းတိုင္း ေဒသႀကီးသို႔ ေစလႊတ္ ကာ စစ္ေဆးခိုင္းေနၿပီျဖစ္ေၾကာင္း အေျခခံပညာ ဦးစီးဌာနမွ ၫႊန္ၾကာ ေရးမႉးခ်ဳပ္ ဦးကိုေလးဝင္း က ေျပာဆို သည္ ။ ”အဲဒီလိုေတြ႕လို႔ ည ကတည္းက ကြၽန္ေတာ္ တို႔ ဦးစီး ဌာနက ဒုတိယၫႊန္ၾကားေရးမႉးတစ္ေယာက္၊ လက္ေထာက္ ၫႊန္ၾကားေရးမႉး၊ ဦး စီးမႉး တစ္ေယာက္ကို ပဲခူးတိုင္းေဒသ ႀကီးကို လႊတ္ထားတယ္။

ပဲခူးတိုင္းေဒသႀကီး တိုင္းပညာေရး မႉး႐ုံးကို ညကတည္းက ဆက္သြယ္ၿပီးေတာ့ ညကတည္းက ဒါ ဘယ္ကထြက္တာလဲ။ ဘယ္က ေပါက္ တာလဲဆိုတာကို လိုက္ေနတာေပါ့။ အဲဒါကေတာ့ ဒီဟာ ဘယ္ကတက္လာလဲ ဆိုတာကို ဆရာတို႔လိုက္ရမွာျဖစ္ပါတယ္။ ေမးခြန္းေတြက ႀကိဳၿပီးေတာ့ စာေမးပြဲစင္တာရွိတဲ့ ေက်ာင္းေတြကို စစ္ၿပီး ေပးထားတာ။ ဒါကို ဘယ္က ထြက္တာလဲဆိုတာကို လိုက္ၿပီး ေတာ့ၾကည့္ရ မယ္”ဟု ၎က ေျပာဆိုသည္။

ပညာေရး- ပဲခူးတိုင္းေဒသႀကီးအမည္ရွိ ေဖစ့္ဘြတ္ခ္စာမ်က္ႏွာတြင္ စတုတၳတန္းႏွင့္ အ႒မတန္းစာေမးပြဲ စတင္က်င္းပသည့္ ေဖေဖာ္ဝါရီ ၂၄ ရက္ကပင္ အ႒မတန္းျမန္မာစာေမးခြန္း၊ အဂၤလိပ္စာေမးခြန္းကို ႀကိဳတင္တင္ခဲ့ၿပီး ေဖေဖာ္ဝါရီ ၂၅ရက္တြင္ အ႒မတန္း သခ်ၤာ၊ စ တုတၳတန္းသခ်ၤာေမးခြန္းလႊာ၊ ေဖေဖာ္ဝါရီ ၂၆ ရက္တြင္ အ႒မတန္းပထဝီဝင္ႏွင့္ သမိုင္းေမး ခြန္းလႊာမ်ားကို ႀကိဳတင္၍ တင္ထားသည္ ကို ေတြ႕ရသည္။”ေမးခြန္းက အမွန္တကယ္ေပါက္တယ္ဆိုရင္ေတာ့ ေမးခြန္းဘယ္ကေပါက္လဲဆိုတာကို ဆရာတို႔ စိစစ္ၿပီးေတာ့ အေရးယူ ရမွာေပါ့။

REF: SHWE LIKE

UNICODE

ပဲခူးတိုင်း တွင် (၈)တန်း စာမေးပွဲ မေးခွန်းပေါက်ကြားခဲ့ခြင်း ကြောင့် တာဝန်ရှိသူများ ဖြစ်စဉ်ကို စုံစမ်းနေ

တရားဝင်မေးခွန်းကတော့ မေးခွန်းလုံခြုံရေးတာဝန်ယူထားတဲ့ သူကနေတစ်ဆင့်ပေါက်ပြီးတော့ အွန်လိုင်းပေါ်မှာ တင်တာလို့ စိစစ်တွေ့ ရရင်တော့ အရေးယူခံရမှာပေါ့။ တစ်ခုရှိတာ ကတော့ ပဲခူးတိုင်းဒေသကြီးကမေးခွန်းပေါက်သွားတာဖြစ်တဲ့အတွက် ကျန်တဲ့ပြည်နယ်နဲ့ တိုင်းဒေသကြီး ယှဉ်လိုက်ရင်သိပ်ပြီးတော့ အဆင်မပြေဘူးပေါ့။ သူတို့က မေးခွန်းပေါက်ပြီးတော့ သူများတိုင်းဒေသကြီးနဲ့ ပြည်နယ်နဲ့ ယှဉ် လိုက်ရင် အေအဆင့်တွေများနေရင်တော့လည်း ဒါကတော့မေးခွန်းပေါက်လို့ ဖြစ်တယ်လို့ ဖြစ်ကောင်းဖြစ်လာနိုင်တာပေါ့။

ကျန်တာကတော့ဒီလောက်ထိသက်ရောက်မှာ မဟုတ်ပါဘူး”ဟု ၎င်းက ပြောဆိုသည်။အဆိုပါ မေးခွန်းပေါက်ကြားခြင်း မှန်ကန်ပါကလည်း ကျောင်းသား၊ ကျောင်းသူများ သင်ယူ တတ် မြောက်မှုကို မည်မျှရှိသည်ကို စစ်ဆေးခြင်းဖြစ်ပြီး အောင်ခြင်း၊ရှုံးခြင်းကို ဆောင်ရွက်ခြင်းမ ဟုတ်သည့်အတွက် ကျောင်းသား၊ ကျောင်းသူများအပေါ်သက်ရောက်မှုရှိမည်မဟုတ်ကြောင်း သိရသည်။မေးခွန်းများတင်နေသည့် အ ကောင့်ပိုင်ရှင့်သည် အစိုးရဝန်ထမ်းဖြစ်ပါက ဌာနဆိုင်ရာစစ်ဆေးရေးအဖွဲ့ ဖွဲ့ကာ ဝန်ထမ်းစည်းမျဉ်း၊ စည်းကမ်းအတိုင်း အရေးယူမှု ပြုလုပ် သွား မည်ဖြစ်ကြောင်း သိရသည်။

ပဲ ခူးတိုင်း ဒေသကြီးတွင် စတုတ္ထတန်းနှင့် အဋ္ဌမတန်း မေးခွန်းလွှာများ ကို ပညာရေး-ပဲခူးတိုင်းဒေသကြီးအမည်ရှိ ဖေ့စ်ဘွတ်ခ်လူမှုကွန် ရက်စာမျက်နှာပေါ်တွင် ကြိုတင်ပေါက် ကြားကာ တင်နေမှုများနှင့် ပတ်သက်ပြီး အခြေခံပညာဦးစီး ဌာနမှ တာဝန်ရှိ သူများ ကို ယင်းတိုင်း ဒေသကြီးသို့ စေလွှတ် ကာ စစ်ဆေးခိုင်းနေပြီဖြစ်ကြောင်း အခြေခံပညာ ဦးစီးဌာနမှ ညွှန်ကြာ ရေးမှူးချုပ် ဦးကိုလေးဝင်း က ပြောဆို သည် ။ ”အဲဒီလိုတွေ့လို့ ည ကတည်းက ကျွန်တော် တို့ ဦးစီး ဌာနက ဒုတိယညွှန်ကြားရေးမှူးတစ်ယောက်၊ လက်ထောက် ညွှန်ကြားရေးမှူး၊ ဦး စီးမှူး တစ်ယောက်ကို ပဲခူးတိုင်းဒေသ ကြီးကို လွှတ်ထားတယ်။

ပဲခူးတိုင်းဒေသကြီး တိုင်းပညာရေး မှူးရုံးကို ညကတည်းက ဆက်သွယ်ပြီးတော့ ညကတည်းက ဒါ ဘယ်ကထွက်တာလဲ။ ဘယ်က ပေါက် တာလဲဆိုတာကို လိုက်နေတာပေါ့။ အဲဒါကတော့ ဒီဟာ ဘယ်ကတက်လာလဲ ဆိုတာကို ဆရာတို့လိုက်ရမှာဖြစ်ပါတယ်။ မေးခွန်းတွေက ကြိုပြီးတော့ စာမေးပွဲစင်တာရှိတဲ့ ကျောင်းတွေကို စစ်ပြီး ပေးထားတာ။ ဒါကို ဘယ်က ထွက်တာလဲဆိုတာကို လိုက်ပြီး တော့ကြည့်ရ မယ်”ဟု ၎င်းက ပြောဆိုသည်။

ပညာရေး- ပဲခူးတိုင်းဒေသကြီးအမည်ရှိ ဖေစ့်ဘွတ်ခ်စာမျက်နှာတွင် စတုတ္ထတန်းနှင့် အဋ္ဌမတန်းစာမေးပွဲ စတင်ကျင်းပသည့် ဖေဖော်ဝါရီ ၂၄ ရက်ကပင် အဋ္ဌမတန်းမြန်မာစာမေးခွန်း၊ အင်္ဂလိပ်စာမေးခွန်းကို ကြိုတင်တင်ခဲ့ပြီး ဖေဖော်ဝါရီ ၂၅ရက်တွင် အဋ္ဌမတန်း သချင်္ာ၊ စ တုတ္ထတန်းသချင်္ာမေးခွန်းလွှာ၊ ဖေဖော်ဝါရီ ၂၆ ရက်တွင် အဋ္ဌမတန်းပထဝီဝင်နှင့် သမိုင်းမေး ခွန်းလွှာများကို ကြိုတင်၍ တင်ထားသည် ကို တွေ့ရသည်။”မေးခွန်းက အမှန်တကယ်ပေါက်တယ်ဆိုရင်တော့ မေးခွန်းဘယ်ကပေါက်လဲဆိုတာကို ဆရာတို့ စိစစ်ပြီးတော့ အရေးယူ ရမှာပေါ့။

REF:    SHWE  LIKE

Add a Comment

Your email address will not be published. Required fields are marked *