လႈိင္ သာယာတြင္ ကို႐ိုနာဗိုင္း ရပ္စ္ေၾကာင့္ စက္႐ုံ (၁၀) ခုေက်ာ္ ပိတ္ သိမ္းလိုက္သျဖင့္ အလုပ္သမားအမ်ားအျပား အလုပ္ လက္မဲ့ျဖစ္

ကြၽန္မတို႔ ၂၀၂၀ ေဖေဖာ္ဝါရီ ၂၂ရက္ေန႔က ဝူဟန္ဗိုင္းရပ္ေၾကာင့္ အထည္ေတြ မဝင္လို႔ လူဦးေရး ေလ်ာ့ခ်တယ္ဆိုၿပီး ေျပာတယ္။ ကြၽန္မတို႔ တစ္လိုင္းတည္း ပထမဆုံး စက္႐ုံဝန္ထမ္း ၃၃ဦး အလုပ္ရပ္နား ေလ်ာ့ခ်ခံရတာ။ ေနာက္ထပ္လဲ စက္႐ုံဝန္ထမ္းေတြ ေလ်ာ့ခ်မည္ဟုၾကား တယ္ ဘယ္ေန႔ဆိုတာေတာ့ အတိအက် မသိေသးဘူး။ နစ္နာေၾကးအျဖစ္ ေလဘာ႐ုံးမွ တဆင့္ေတာင္းခံေနတာ ၄ ပတ္ ရွိၿပီ။ နစ္နာေၾကး အျဖစ္ ဘာတျပားတခ်ပ္မွ မရရွိေသးဘူး။ စက္႐ုံမွ မန္ေနဂ်ာ စုမြန္ေက်ာ္က လာတယ္။

လုပ္သက္ တစ္ႏွစ္ျပည့္သူကို တစ္ေန႔ကို ၄၈၀၀ က်ပ္ႏႈန္းျဖင့္ တစ္လစာ ေပးမည္။ ေျခာက္လျပည့္သူကို တစ္ေန႔ကို ၄၈၀၀က်ပ္ ႏႈန္းျဖင့္ လဝက္စာ ေပးမည္ ေျပာတယ္။ စက္႐ုံသူေဌးက ေငြခ်မေပးလို႔ဆိုၿပီး ေန႔ေ႐ြ႕၊ ရက္ေ႐ြ႕ လုပ္ေနေၾကာင္း” စက္႐ုံမွ အလုပ္ေလ်ာ့ခ် ခံရေသာ စက္႐ုံဝန္ထမ္းမ်ားက ဆိုသည္။မတ္လ (၄) – ရန္ကုန္ လႈိင္သာယာၿမိဳ႕နယ္တြင္ စက္႐ုံ ဆယ္႐ုံေက်ာ္ ပိတ္သိမ္း လိုက္ၿပီး ဒီလထဲ တြင္ ေနာက္ထပ္ စက္႐ုံ ၅၀ ခန႔္က ပိတ္သိမ္းမည္ဟု သိရေၾကာင္း အလုပ္သမားအေရး ကူညီေနသည့္ ILO အဖြဲ႕မွ ဦးေဌးလြင္က ေျပာသည္။

“လႈိင္သာယာၿမိဳ႕၊ စက္မႈဇုံ (၄)တြင္ စက္႐ုံ ဆယ္႐ုံ ပိတ္သိမ္းထားတယ္။ ေငြပင္လယ္ စက္မႈဇုန္မွာ တစ္႐ုံ ပိတ္သိမ္းတယ္။ ပိတ္သိမ္းသြား စက္႐ုံေတြက ဘာေၾကာင့္ ပိတ္တယ္ဆိုတာ တိတိက်က် ခ်မျပဘူး။ ၿပီးေတာ့ ဘယ္ေန႔ ျပန္ဖြင့္မည္ဆိုတာလဲ မေျပာသလို စက္႐ုံဖြင့္ရင္ စက္႐ုံဝန္ထမ္းေတြက စက္႐ုံမွာ မူလေနရာ၊ ရာထူးအတိုင္း မရေတာ့ဘူး။ အသစ္ျပန္ေလွ်ာက္ရမည္ ဆိုၿပီးေတာ့ ၾကားသိရတယ္”ဟု ၎က ဆိုသည္။ ကို႐ိုနာဗိုင္းရပ္ (COVID-19) ေၾကာင့္ ပိတ္သိမ္းတယ္လို႔ ၾကားတယ္။

တခ်ိဳ႕ကလည္း မဟုတ္ဘူး။ တျခား ကိစၥေၾကာင့္ ပိတ္သိမ္းတယ္ဟု ၾကားမိတယ္။ စက္႐ုံေတြ ပိတ္သိမ္းေတာ့ တခ်ိဳ႕ကလည္း မပိတ္တဲ့ စက္႐ုံေတြမွာ ဝင္ေရာက္လုပ္ကိုင္ေနၾကတယ္။ တခ်ိဳ႕ကလည္း အလုပ္ လက္မဲ့ ျဖစ္ေနတာေပါ့။” ဟု ဆက္ေျပာသည္။ ၎အျပင္ လႈိင္သာ ယာၿမိဳ႕နယ္၊ ေ႐ႊလင္ဗန္း စက္မႈဇုန္၊ ကင္းဝန္မင္းႀကီးလမ္းေပၚရွိ KAI CHENG GARMENT စက္႐ုံးမွ အလုပ္ရပ္နား ခံရတဲ့ စက္႐ုံဝန္ ထမ္း ၃၃ ဦးက လႈိင္သာယာၿမိဳ႕နယ္ ေလဘာ႐ုံးေရွ႕တြင္ နစ္နာေၾကး ရရွိရန္ ေစာင့္ဆိုင္းေနၾကတယ္။ကြၽန္မတို႔က အလုပ္သမားအခြင့္ အေရးအတိုင္းရသင့္ရထိုက္တာကို ရခ်င္တယ္” ဟု စက္႐ုံဝန္ထမ္းမ်ားက ေျပာဆိုၾကသည္။

REF: SHWE WIKI

UNICODE

လှိုင် သာယာတွင် ကိုရိုနာဗိုင်း ရပ်စ်ကြောင့် စက်ရုံ (၁၀) ခုကျော် ပိတ် သိမ်းလိုက်သဖြင့် အလုပ်သမားအများအပြား အလုပ် လက်မဲ့ဖြစ်

ကျွန်မတို့ ၂၀၂၀ ဖေဖော်ဝါရီ ၂၂ရက်နေ့က ဝူဟန်ဗိုင်းရပ်ကြောင့် အထည်တွေ မဝင်လို့ လူဦးရေး လျော့ချတယ်ဆိုပြီး ပြောတယ်။ ကျွန်မတို့ တစ်လိုင်းတည်း ပထမဆုံး စက်ရုံဝန်ထမ်း ၃၃ဦး အလုပ်ရပ်နား လျော့ချခံရတာ။ နောက်ထပ်လဲ စက်ရုံဝန်ထမ်းတွေ လျော့ချမည်ဟုကြား တယ် ဘယ်နေ့ဆိုတာတော့ အတိအကျ မသိသေးဘူး။ နစ်နာကြေးအဖြစ် လေဘာရုံးမှ တဆင့်တောင်းခံနေတာ ၄ ပတ် ရှိပြီ။ နစ်နာကြေး အဖြစ် ဘာတပြားတချပ်မှ မရရှိသေးဘူး။ စက်ရုံမှ မန်နေဂျာ စုမွန်ကျော်က လာတယ်။

လုပ်သက် တစ်နှစ်ပြည့်သူကို တစ်နေ့ကို ၄၈၀၀ ကျပ်နှုန်းဖြင့် တစ်လစာ ပေးမည်။  ခြောက်လပြည့်သူကို တစ်နေ့ကို ၄၈၀၀ကျပ် နှုန်းဖြင့် လဝက်စာ ပေးမည် ပြောတယ်။ စက်ရုံသူဌေးက ငွေချမပေးလို့ဆိုပြီး နေ့ရွေ့၊ ရက်ရွေ့ လုပ်နေကြောင်း” စက်ရုံမှ အလုပ်လျော့ချ ခံရသော စက်ရုံဝန်ထမ်းများက ဆိုသည်။မတ်လ (၄) – ရန်ကုန် လှိုင်သာယာမြို့နယ်တွင် စက်ရုံ ဆယ်ရုံကျော် ပိတ်သိမ်း လိုက်ပြီး ဒီလထဲ တွင် နောက်ထပ် စက်ရုံ ၅၀ ခန့်က ပိတ်သိမ်းမည်ဟု သိရကြောင်း အလုပ်သမားအရေး ကူညီနေသည့် ILO အဖွဲ့မှ ဦးဌေးလွင်က ပြောသည်။

“လှိုင်သာယာမြို့၊ စက်မှုဇုံ (၄)တွင် စက်ရုံ ဆယ်ရုံ ပိတ်သိမ်းထားတယ်။ ငွေပင်လယ် စက်မှုဇုန်မှာ တစ်ရုံ ပိတ်သိမ်းတယ်။ ပိတ်သိမ်းသွား စက်ရုံတွေက ဘာကြောင့် ပိတ်တယ်ဆိုတာ တိတိကျကျ ချမပြဘူး။ ပြီးတော့ ဘယ်နေ့ ပြန်ဖွင့်မည်ဆိုတာလဲ မပြောသလို စက်ရုံဖွင့်ရင် စက်ရုံဝန်ထမ်းတွေက စက်ရုံမှာ မူလနေရာ၊ ရာထူးအတိုင်း မရတော့ဘူး။ အသစ်ပြန်လျှောက်ရမည် ဆိုပြီးတော့ ကြားသိရတယ်”ဟု ၎င်းက ဆိုသည်။ ကိုရိုနာဗိုင်းရပ် (COVID-19) ကြောင့် ပိတ်သိမ်းတယ်လို့ ကြားတယ်။

တချို့ကလည်း မဟုတ်ဘူး။ တခြား ကိစ္စကြောင့် ပိတ်သိမ်းတယ်ဟု ကြားမိတယ်။ စက်ရုံတွေ ပိတ်သိမ်းတော့ တချို့ကလည်း မပိတ်တဲ့ စက်ရုံတွေမှာ ဝင်ရောက်လုပ်ကိုင်နေကြတယ်။ တချို့ကလည်း အလုပ် လက်မဲ့ ဖြစ်နေတာပေါ့။” ဟု ဆက်ပြောသည်။ ၎င်းအပြင် လှိုင်သာ ယာမြို့နယ်၊ ရွှေလင်ဗန်း စက်မှုဇုန်၊ ကင်းဝန်မင်းကြီးလမ်းပေါ်ရှိ KAI CHENG GARMENT စက်ရုံးမှ အလုပ်ရပ်နား ခံရတဲ့ စက်ရုံဝန် ထမ်း ၃၃ ဦးက လှိုင်သာယာမြို့နယ် လေဘာရုံးရှေ့တွင် နစ်နာကြေး ရရှိရန် စောင့်ဆိုင်းနေကြတယ်။ကျွန်မတို့က အလုပ်သမားအခွင့် အရေးအတိုင်းရသင့်ရထိုက်တာကို ရချင်တယ်” ဟု စက်ရုံဝန်ထမ်းများက ပြောဆိုကြသည်။

REF:     SHWE  WIKI

Add a Comment

Your email address will not be published. Required fields are marked *