ဖြဲ႕စည္းပုံျပင္ဆင္ရာတြင္ တစ္ဖက္နဲ႔တစ္ဖက္ သူမွန္တယ္ကိုယ္မွားတယ္ဆိုၿပီး မဲခြဲဆုံးျဖတ္မယ္ဆိုေတာ့ ျပင္ဆင္ေရးရည္မွန္းခ်က္ကို မေရာက္ႏိုင္ဟု ဦးေသာင္းေအးေျပာဆို

အမွန္တကယ္အားျဖင့္ ျပ႒ာန္းထားသည့္ ဥပေဒပုဒ္မတစ္ခုခု (သို႔မဟုတ္) ေဖာ္ျပထားသည့္ အေၾကာင္းအရာတစ္ခုခုကို သူ႔အျမင္၊ ကိုယ့္ အျမင္ အားလုံးစုစည္း၍ထိုအထဲကေန ႏိုင္ငံေတာ္ႏွင့္ ႏိုင္ငံသားတို႔၏ အမ်ိဳးသားအက်ိဳးစီးပြားကို ရည္႐ြယ္ၿပီးမည္သို႔ ျပင္ဆင္မည္ဆိုသည့္ ဆုံးျဖတ္ခ်က္ကိုခ်ေပးရမည္ျဖစ္ေၾကာင္း ေပ်ာ္ဘြယ္မဲဆႏၵနယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စား လွယ္ ဦးေသာင္းေအးကေျပာဆိုသည္။

အခုက အားလုံးခ်တာမဟုတ္ဘဲ နဲ႔ကိုယ္ျပင္ခ်င္တဲ့ပုဒ္မကို ကိုယ္ျပင္လိုက္တယ္။အဓိကကႏွစ္ခုေပါ့။ NLD အမ်ားစု တင္ထားတာက ၁၁၄ ခ်က္ပါတယ္။ တပ္မေတာ္ နဲ႔ျပည္ခိုင္ၿဖိဳးက တင္ထားတာက ၂၃ ခ်က္ပါတယ္။ အားလုံး ၁၃၇ ခ်က္။ ဒီအခ်က္ေတြေပၚမွာပဲ ေဆြးေႏြးေန ၾကတယ္။ ဒီအခ်က္ေတြကို ဟိုလူေျပာတာနဲ႔ဒီလူေျပာတာၾကားထဲမွာဘယ္လိုလုပ္မလဲဆိုတဲ့အေျဖရတဲ့အထိ မလုပ္ၾကဘူး။

မလုပ္ၾကဘဲနဲ႔ မဲခြဲမယ္ဆိုေတာ့နည္းနည္းေလး ဂဏန္းသခ်ၤာနည္း သိပ္ဆန္တာေပါ့”ဟု ၎ကေျပာဆိုသည္။ထို႔ေၾကာင့္ ဖြဲ႕စည္းပုံျပင္ဆင္ ေရး ေဆာင္႐ြက္မႈသည္ သာမန္ကိစၥရပ္မ်ားတြင္သာ သေဘာတူညီမႈရရွိႏိုင္ေၾကာင္း၊ သို႔ေသာ္ မိမိအဖြဲ႕အစည္းအတြက္ မိမိတင္ၿပီး မိမိတို႔ မွန္္သည္ဟု ေျပာေနျခင္းျဖစ္၍ ထိုအခ်က္မ်ားကိုပင္ သေဘာတူညီမႈ ရခ်င္္မွရမည္ျဖစ္ေၾကာင္း ဦးေသာင္းေအးက ေျပာဆိုသည္။

အခုက တစ္ဖက္နဲ႔တစ္ဖက္ သူမွန္တယ္၊ ကိုယ္မွား တယ္ဆိုတဲ့ လမ္းေၾကာင္းေပၚမွာ သြားၿပီးေတာ့ မဲခြဲ ဆုံးျဖတ္မယ္ဆိုေတာ့ ဒီresult က ခုနေျပာတဲ့ ျပင္ဆင္ေရး ရည္မွန္းခ်က္ကို မေရာက္ႏိုင္ဘူး”ဟု ၎က ေျပာဆိုသည္။မတ္ ၆ ရက္ကလႊတ္ေတာ္အတြင္း ေဆာင္႐ြက္ေနသည့္ ဖြဲ႕စည္းပုံ ျပင္ဆင္ေရးကိစၥႏွင့္ ပတ္သက္၍ မီဒီယာမ်ား၏ေမးျမန္းမႈအေပၚ ၎က ယင္းကဲ့သို႔ ျပန္လည္ေျဖၾကားခဲ့ျခင္းျဖစ္သည္။

ဖြဲ႕စည္းပုံျပင္ဆင္ရန္အတြက္ သြားမည္ ဆိုလွ်င္ ညႇိႏႈိင္းကာ အေျဖထြက္ေအာင္ လုပ္ရမည္ ျဖစ္ၿပီး လက္ရွိတြင္ အေျဖကို မတ္ ၁၀ ရက္တြင္ မဲခြဲဆုံးျဖတ္မည္ျဖစ္၍ ထိုသို႔ေဆာင္႐ြက္မႈသည္ ဖြဲ႕စည္းပုံအေျခခံဥပေဒ ျပင္ဆင္ျခင္းဆိုသည့္ ဦးတည္ခ်က္ႏွင့္ တိုက္႐ိုက္မ်ား အေျဖရႏိုင္မည္ လားဆိုသည္ကို စဥ္းစားလွ်င္ပင္ သိႏိုင္ေၾကာင္း ဦးေသာင္းေအးက ေျပာဆိုသည္။

အားလုံးက တူညီတဲ့သေဘာထားရေအာင္ မလုပ္ဘဲနဲ႔ တစ္ေယာက္နဲ႔ တစ္ေယာက္ အားလုံးျမင္တဲ့အတိုင္း လႊတ္ေတာ္ထဲမွာ ပြတ္တိုက္မႈ ေတြျဖစ္ၿပီးေတာ့တစ္ေယာက္ကေျပာလိုက္၊ ေနာက္တစ္ေယာက္က ကန႔္ကြက္လိုက္နဲ႔ ဒီသမိုင္းႀကီးဟာအမွန္တကယ္ေတာ့ ၾကည့္မယ္ ဆိုရင္ ႐ုပ္ဆိုးတယ္”ဟု ၎က ေျပာဆိုသည္။

ထို႔ေၾကာင့္ တစ္ေယာက္ႏွင့္တစ္ေယာက္ ယုံၾကည္မႈ အနည္းငယ္ေဝးသြားေစေၾကာင္း အက်ိဳးအျမတ္အေနျဖင့္ ဖြဲ႕စည္းပုံအေျခခံဥပေဒကို နားမလည္သူမ်ားအတြက္ နားလည္သြားႏိုင္ေၾကာင္း ဦးေသာင္းေအးက ေျပာဆိုသည္။ သာမန္ျပည္သူေတြအေနနဲ႔ ဖြဲ႕စည္းပုံအေျခခံဥပေဒ ႀကီးဟာ ဘယ္ေလာက္အထိ ဘယ္လိုအေျမာ္အျမင္နဲ႔၊ ရည္႐ြယ္ခ်က္ေတြနဲ႔ ေရးသားထားၿပီးေတာ့ ျပည္သူေတြအတြက္ အက်ိဳးရွိလဲ။

ဒီဥပေဒျပင္ဆင္ေရးမွာ အဓိကထားေျပာေနတဲ့တပ္မေတာ္ရဲ႕ အခန္းက႑ကေရာ ကြဲကြဲျပားျပားေတာ့ ျပည္သူေတြက သိႏိုင္တယ္။ ဒီအ က်ိဳးအျမတ္ေတာ့ရႏိုင္တယ္”ဟု ၎က ေျပာၾကားသည္။ဖြဲ႕စည္းပုံအေျခခံဥပေဒကို ဒုတိယအႀကိမ္ျပင္ဆင္သည့္ ဥပေဒမူၾကမ္းမ်ားအေပၚ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၏ ေဆြးေႏြးျခင္းအစီအစဥ္ကို ေဖေဖာ္ဝါရီ ၂၅ ရက္မွစတင္ကာ မတ္ ၅ ရက္အထိ ေဆာင္႐ြက္ခဲ့သည္။

ထိုသို႔ေဆြးေႏြးရာတြင္လည္း တစ္ဖက္ႏွင့္တစ္ဖက္ အျငင္းပြားမႈမ်ားရွိခဲ့ၿပီး နာယကအေနျဖင့္ သတိေပးမႈျပဳ လုပ္ခဲ့ရသကဲ့ သို႔ ဥပေဒႏွင့္ မညီသည္မ်ားကိုလည္း လႊတ္ေတာ္မွတ္တမ္းမွ ႏုတ္ပယ္ျခင္းမ်ား ေဆာင္႐ြက္ခဲ့သည္။ ယင္းဥပေဒၾကမ္းမ်ားႏွင့္ ပတ္သက္၍ လႊတ္ေတာ္ ၏အဆုံးအျဖတ္ရယူျခင္းကို မတ္ ၁၀ ရက္တြင္ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း လႊတ္ေတာ္နာယကက ေၾကညာထားသည္။

REF: စံေတာ္ခ်ိန္

UNICODE

ဖွဲ့စည်းပုံပြင်ဆင်ရာတွင် တစ်ဖက်နဲ့တစ်ဖက် သူမှန်တယ်ကိုယ်မှားတယ်ဆိုပြီး မဲခွဲဆုံးဖြတ်မယ်ဆိုတော့ ပြင်ဆင်ရေးရည်မှန်းချက်ကို မရောက်နိုင်ဟု ဦးသောင်းအေးပြောဆို

အမှန်တကယ်အားဖြင့် ပြဋ္ဌာန်းထားသည့် ဥပဒေပုဒ်မတစ်ခုခု (သို့မဟုတ်) ဖော်ပြထားသည့် အကြောင်းအရာတစ်ခုခုကို သူ့အမြင်၊ ကိုယ့် အမြင် အားလုံးစုစည်း၍ထိုအထဲကနေ နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အမျိုးသားအကျိုးစီးပွားကို ရည်ရွယ်ပြီးမည်သို့ ပြင်ဆင်မည်ဆိုသည့် ဆုံးဖြတ်ချက်ကိုချပေးရမည်ဖြစ်ကြောင်း ပျော်ဘွယ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဦးသောင်းအေးကပြောဆိုသည်။

အခုက အားလုံးချတာမဟုတ်ဘဲ နဲ့ကိုယ်ပြင်ချင်တဲ့ပုဒ်မကို ကိုယ်ပြင်လိုက်တယ်။အဓိကကနှစ်ခုပေါ့။ NLD အများစု တင်ထားတာက ၁၁၄ ချက်ပါတယ်။ တပ်မတော် နဲ့ပြည်ခိုင်ဖြိုးက တင်ထားတာက ၂၃ ချက်ပါတယ်။ အားလုံး ၁၃၇ ချက်။ ဒီအချက်တွေပေါ်မှာပဲ ဆွေးနွေးနေ ကြတယ်။ ဒီအချက်တွေကို ဟိုလူပြောတာနဲ့ဒီလူပြောတာကြားထဲမှာဘယ်လိုလုပ်မလဲဆိုတဲ့အဖြေရတဲ့အထိ မလုပ်ကြဘူး။

မလုပ်ကြဘဲနဲ့ မဲခွဲမယ်ဆိုတော့နည်းနည်းလေး ဂဏန်းသင်္ချာနည်း သိပ်ဆန်တာပေါ့”ဟု ၎င်းကပြောဆိုသည်။ထို့ကြောင့် ဖွဲ့စည်းပုံပြင်ဆင် ရေး ဆောင်ရွက်မှုသည် သာမန်ကိစ္စရပ်များတွင်သာ သဘောတူညီမှုရရှိနိုင်ကြောင်း၊ သို့သော် မိမိအဖွဲ့အစည်းအတွက် မိမိတင်ပြီး မိမိတို့ မှန််သည်ဟု ပြောနေခြင်းဖြစ်၍ ထိုအချက်များကိုပင် သဘောတူညီမှု ရချင််မှရမည်ဖြစ်ကြောင်း ဦးသောင်းအေးက ပြောဆိုသည်။

အခုက တစ်ဖက်နဲ့တစ်ဖက် သူမှန်တယ်၊ ကိုယ်မှား တယ်ဆိုတဲ့ လမ်းကြောင်းပေါ်မှာ သွားပြီးတော့ မဲခွဲ ဆုံးဖြတ်မယ်ဆိုတော့ ဒီresult က ခုနပြောတဲ့ ပြင်ဆင်ရေး ရည်မှန်းချက်ကို မရောက်နိုင်ဘူး”ဟု ၎င်းက ပြောဆိုသည်။မတ် ၆ ရက်ကလွှတ်တော်အတွင်း ဆောင်ရွက်နေသည့် ဖွဲ့စည်းပုံ ပြင်ဆင်ရေးကိစ္စနှင့် ပတ်သက်၍ မီဒီယာများ၏မေးမြန်းမှုအပေါ် ၎င်းက ယင်းကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

ဖွဲ့စည်းပုံပြင်ဆင်ရန်အတွက် သွားမည် ဆိုလျှင် ညှိနှိုင်းကာ အဖြေထွက်အောင် လုပ်ရမည် ဖြစ်ပြီး လက်ရှိတွင် အဖြေကို မတ် ၁၀ ရက်တွင် မဲခွဲဆုံးဖြတ်မည်ဖြစ်၍ ထိုသို့ဆောင်ရွက်မှုသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းဆိုသည့် ဦးတည်ချက်နှင့် တိုက်ရိုက်များ အဖြေရနိုင်မည် လားဆိုသည်ကို စဉ်းစားလျှင်ပင် သိနိုင်ကြောင်း ဦးသောင်းအေးက ပြောဆိုသည်။

အားလုံးက တူညီတဲ့သဘောထားရအောင် မလုပ်ဘဲနဲ့ တစ်ယောက်နဲ့ တစ်ယောက် အားလုံးမြင်တဲ့အတိုင်း လွှတ်တော်ထဲမှာ ပွတ်တိုက်မှု တွေဖြစ်ပြီးတော့တစ်ယောက်ကပြောလိုက်၊ နောက်တစ်ယောက်က ကန့်ကွက်လိုက်နဲ့ ဒီသမိုင်းကြီးဟာအမှန်တကယ်တော့ ကြည့်မယ် ဆိုရင် ရုပ်ဆိုးတယ်”ဟု ၎င်းက ပြောဆိုသည်။

ထို့ကြောင့် တစ်ယောက်နှင့်တစ်ယောက် ယုံကြည်မှု အနည်းငယ်ဝေးသွားစေကြောင်း အကျိုးအမြတ်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို နားမလည်သူများအတွက် နားလည်သွားနိုင်ကြောင်း ဦးသောင်းအေးက ပြောဆိုသည်။ သာမန်ပြည်သူတွေအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ကြီးဟာ ဘယ်လောက်အထိ ဘယ်လိုအမြော်အမြင်နဲ့၊ ရည်ရွယ်ချက်တွေနဲ့ ရေးသားထားပြီးတော့ ပြည်သူတွေအတွက် အကျိုးရှိလဲ။

ဒီဥပဒေပြင်ဆင်ရေးမှာ အဓိကထားပြောနေတဲ့တပ်မတော်ရဲ့ အခန်းကဏ္ဍကရော ကွဲကွဲပြားပြားတော့ ပြည်သူတွေက သိနိုင်တယ်။ ဒီအ ကျိုးအမြတ်တော့ရနိုင်တယ်”ဟု ၎င်းက ပြောကြားသည်။ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းများအပေါ် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးခြင်းအစီအစဉ်ကို ဖေဖော်ဝါရီ ၂၅ ရက်မှစတင်ကာ မတ် ၅ ရက်အထိ ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆွေးနွေးရာတွင်လည်း တစ်ဖက်နှင့်တစ်ဖက် အငြင်းပွားမှုများရှိခဲ့ပြီး နာယကအနေဖြင့် သတိပေးမှုပြု လုပ်ခဲ့ရသကဲ့ သို့ ဥပဒေနှင့် မညီသည်များကိုလည်း လွှတ်တော်မှတ်တမ်းမှ နုတ်ပယ်ခြင်းများ ဆောင်ရွက်ခဲ့သည်။ ယင်းဥပဒေကြမ်းများနှင့် ပတ်သက်၍ လွှတ်တော် ၏အဆုံးအဖြတ်ရယူခြင်းကို မတ် ၁၀ ရက်တွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လွှတ်တော်နာယကက ကြေညာထားသည်။

REF:    စံတော်ချိန်

Add a Comment

Your email address will not be published. Required fields are marked *