ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ အခ်ိန္ (၂)ပတ္အတြင္း အထည္ခ်ဳပ္စက္႐ုံမ်ား ပိတ္သိမ္းရာ လုပ္သား(၅)ေထာင္ေက်ာ္ အလုပ္လက္မဲ့ျဖစ္

လႈိင္သာယာ စက္မႈဇုန္ရွိ အထည္ခ်ဳပ္ စက္႐ုံပိုင္ရွင္အခ်ိဳ႕မွာ ဧၿပီလကုန္အထိ အထည္ခ်ဳပ္လုပ္သားမ်ား အလုပ္လုပ္ႏိုင္ရန္ အခ်ိန္ပိုမေခၚ ေတာ့ဘဲ ပုံမွန္အခ်ိန္တြင္သာ လုပ္ငန္းဝင္ေစေၾကာင္း ျမန္မာႏိုင္ငံအထည္ခ်ဳပ္ လုပ္ငန္းရွင္မ်ားအသင္း၏ အေထြေထြအတြင္းေရးမႉးခ်ဳပ္ ေဒၚခိုင္ခိုင္ႏြယ္က ေျပာသည္။ “ စက္႐ုံေတာ္ေတာ္မ်ားမ်ားက ဒီကုန္ၾကမ္းျပတ္တဲ့ အေျခအေနကို အလုပ္သမားေတြ အလုပ္ရဖို႔ ဆြဲဆန႔္ ခ်င္တဲ့ အခါက်ေတာ့ ဧၿပီလအထိ အလုပ္လုပ္ႏိုင္ေအာင္ အခုကစၿပီး တေန႔ကို အလုပ္ခ်ိန္ ၈ နာရီနဲ႔ အခ်ိန္ပို ၂ နာရီမွာ အခ်ိန္ပို ၂ နာရီကို ေလ်ာ့လုပ္တဲ့ စက္႐ုံေတြ ေတာ္ေတာ္မ်ားလာၿပီဟု သိရသည္။

စေနမွာ ပုံခ်ိန္ အလုပ္ခ်ိန္ ၄ နာရီကို တစ္ရက္စာေပးၿပီး ေနာက္ ၄ နာရီကို ေနာက္တစ္ရက္စာ ထပ္ေပးတဲ့ စက္႐ုံေတာ္ေတာ္မ်ားမ်ား က လည္း စေနမွာ ေလးနာရီ ပဲလုပ္ေတာ့ အလုပ္သမားေတြအတြက္ တစ္ရက္စာ နစ္နာသြားတယ္ေပါ့”ဟု ျမန္မာႏိုင္ငံ အထည္ခ်ဳပ္ လုပ္ငန္း ရွင္မ်ား အသင္းရဲ႕ အေထြေထြ အတြင္းေရးမႉးခ်ဳပ္ ေဒၚခိုင္ခိုင္ႏြယ္က ေျပာသည္။ျမန္မာႏိုင္ငံရွိ အထည္ခ်ဳပ္ စက္႐ုံမ်ားသို႔ တင္ပို႔ေနေသာ အထည္ခ်ဳပ္ လုပ္ငန္းသုံး ကုန္ၾကမ္းပစၥည္းမ်ား၏ ၉၀ ရာခိုင္ႏႈန္းခန႔္မွာ တ႐ုတ္ႏိုင္ငံမွ အမ်ားဆုံးမွာယူၾကသည္။

အထည္ခ်ဳပ္ လုပ္ငန္းတြင္ လိုအပ္သည့္ ပိတ္လိပ္ ႏွင့္ Assories မ်ားမွာ တ႐ုတ္ႏိုင္ငံအျပင္ ဗီယက္နမ္ႏိုင္ငံ၊ ထိုင္းႏိုင္ငံ၊ ဂ်ပန္၊ ကိုရီးယား၊ မေလးရွား၊ အင္ဒိုနီရွားႏိုင္ငံမ်ား မွလည္း တင္သြင္းရႏိုင္ၿပီး ဝယ္သူ၏ သေဘာအ ရသာ ႏိုင္ငံအလိုက္ တင္သြင္းၿပီးမွ ခ်ဳပ္လုပ္ရသည္ဟု သိရသည္။လက္ရွိ တ ႐ုတ္ႏိုင္ငံတြင္ ျဖစ္ပြားေနေသာ ကို႐ိုနာ ဗိုင္းရပ္စ္ေၾကာင့္ ျမန္မာႏိုင္ငံရွိ အထည္ခ်ဳပ္ စက္႐ုံ ၃ ႐ုံ ကုန္ၾကမ္းျပတ္လပ္ သည္ ဟုဆိုကာ ေဖေဖာ္ဝါရီလအတြင္း ပိတ္သိမ္းခဲ့ေသာေၾကာင့္ အထည္ခ်ဳပ္ လုပ္သား ၅၀၀၀ ေက်ာ္ အလုပ္လက္မဲ့ ျဖစ္ခဲ့ရသည္ဟု ျမန္ မာႏိုင္ငံလုံး ဆိုင္ရာ အလုပ္သမားသမဂၢမ်ား အဖြဲ႕ခ်ဳပ္(CTUM)မွ ဥကၠ႒ ဦးေမာင္ေမာင္က ေျပာသည္။

မတ္လ (၅)ရက္ေန႔ တြင္ က်င္းပသည့္ ကုန္သည္၊ လုပ္ငန္းရွင္မ်ား၊ အလုပ္သမားသမဂၢမ်ားႏွင့္ အစိုးရအဖြဲ႕ဝင္မ်ား (၃)ပြင့္ဆိုင္ ညႇိႏႈိင္းေဆြး ေႏြးသည့္ ေတြဆုံပြဲအၿပီး ျပဳလုပ္သည့္ သတင္းစာ ရွင္းလင္းပြဲတြင္ ယခုလို ေျပာဆို ခဲ့ျခင္း ျဖစ္သည္။ျမန္မာႏိုင္ငံလုံး ဆိုင္ရာ အလုပ္သမား သမဂၢမ်ား အဖြဲ႕ခ်ဳပ္ (CTUM)မွ ဥကၠ႒ ဦးေမာင္ေမာင္က “ ကြၽန္ေတာ္တို႔အဖြဲ႕ထဲမွာပါတဲ့ စက္မႈလုပ္ငန္းအဖြဲ႕ခ်ဳပ္ (Industrial Workers’ Federation of Myanmar)မွာ ေဒၚခိုင္ဇာေအာင္ ဆိုတာ ရွိပါတယ္ သူမနက္ကေျပာတဲ့ စကားအရ ဒီႏွစ္ပတ္အတြင္းမွာပဲ စက္႐ုံပိတ္လို႔ အလုပ္ရပ္ဆိုင္းသြားတဲ့သူ အားလုံး ငါးေထာင္ေလာက္ ရွိတယ္လို႔ ေျပာပါတယ္”ဟု ၎ကဆိုသည္။

တ႐ုတ္ႏိုင္ငံမွ တင္သြင္းသည့္ ကုန္ၾကမ္းျပတ္လတ္မႈေၾကာင့္ဟု ဆိုကာ ေဖေဖာ္ဝါရီလအတြင္းတြင္ စက္႐ုံသုံး႐ုံ အၿပီးပိတ္သိမ္းခဲ့ၾကသည္။ ထိုစက္႐ုံမ်ားမွာ လႈိင္သာယာၿမိဳ႕နယ္ရွိ ဟန္တာ ျမန္မာ အထည္ခ်ဳပ္စက္႐ုံ၊ Lucky Sky အိတ္စက္႐ုံ၊ ဧရာဝတီတိုင္းေဒသႀကီး၊ ကန္ႀကီး ေထာင့္ေက်း႐ြာရွိ ဟြာမႈန္အထည္ခ်ဳပ္စက္႐ုံတို႔ ျဖစ္သည္။ထို စက္႐ုံ သုံး႐ုံအနက္ Lucky sky အိတ္စက္႐ုံမွာ ကုန္ၾကမ္းျပတ္လပ္မႈ စာရင္း ကို ေသခ်ာ မသိရွိရဘဲ အလုပ္ရွင္ႏွင့္ အလုပ္သမား ျပသာနာအခ်ိဳ႕ ေၾကာင့္ ပိတ္သိမ္းခဲ့ရသည္ကို စုံစမ္း သိရွိရေၾကာင္း ဦးေမာင္ေမာင္က ဆိုသည္။ “ကန္ႀကီးေထာင့္ကေတာ့ ႐ုတ္တရက္ ဒိုင္း ဒိုင္း ဒိုင္းဆိုၿပီး ပိတ္သြားတယ္ စာရင္း မရွိလိုက္ဘူး။

ညႇိႏႈိင္းမႈမရလိုက္ဘူး Lucky Sky လည္း ဒီတိုင္းပဲ သို႔ေသာ္ Lucky Sky ကကုန္ေတြကိုေတာ့ ၾကာေဟာင္လားဘာလားမသိဘူး သူရဲ႕ လက္ ခြဲကို ဆက္ပို႔ၿပီးေတာ့ ခ်ဳပ္ေနတယ္ၾကားတယ္”ဟု ဦးေမာင္ေမာင္က ေျပာသည္။ ထိုသို႔ ျဖစ္စဥ္မ်ားေၾကာင့္ အမွန္တကယ္ ကုန္ၾကမ္း ျပတ္ လပ္မႈရွိ၊ မရွိကို အစိုးရက စိစစ္ေပးၿပီးမွသာလွ်င္ စက္႐ုံပိတ္သိမ္းခြင့္ျပဳေပးရန္ အလုပ္သမားအေရးကို ေဆာင္႐ြက္ေနသည့္ အဖြဲ႕(၁၀)ဖြဲ႕က ပူးေပါင္းကာ မတ္လ(၃)ရက္ေန႔က ေတာင္းဆိုထားခဲ့သည္။

REF: မဇၨ်ိမ

UNICODE

ကိုရိုနာဗိုင်းရပ်စ်ကြောင့် အချိန် (၂)ပတ်အတွင်း အထည်ချုပ်စက်ရုံများ ပိတ်သိမ်းရာ လုပ်သား(၅)ထောင်ကျော် အလုပ်လက်မဲ့ဖြစ်

လှိုင်သာယာ စက်မှုဇုန်ရှိ အထည်ချုပ် စက်ရုံပိုင်ရှင်အချို့မှာ ဧပြီလကုန်အထိ အထည်ချုပ်လုပ်သားများ အလုပ်လုပ်နိုင်ရန် အချိန်ပိုမခေါ် တော့ဘဲ ပုံမှန်အချိန်တွင်သာ လုပ်ငန်းဝင်စေကြောင်း မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များအသင်း၏ အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ်က ပြောသည်။ “ စက်ရုံတော်တော်များများက ဒီကုန်ကြမ်းပြတ်တဲ့ အခြေအနေကို အလုပ်သမားတွေ အလုပ်ရဖို့ ဆွဲဆန့် ချင်တဲ့ အခါကျတော့ ဧပြီလအထိ အလုပ်လုပ်နိုင်အောင် အခုကစပြီး တနေ့ကို အလုပ်ချိန် ၈ နာရီနဲ့ အချိန်ပို ၂ နာရီမှာ အချိန်ပို ၂ နာရီကို လျော့လုပ်တဲ့ စက်ရုံတွေ တော်တော်များလာပြီဟု သိရသည်။

စနေမှာ ပုံချိန် အလုပ်ချိန် ၄ နာရီကို တစ်ရက်စာပေးပြီး နောက် ၄ နာရီကို နောက်တစ်ရက်စာ ထပ်ပေးတဲ့ စက်ရုံတော်တော်များများ က လည်း စနေမှာ လေးနာရီ ပဲလုပ်တော့ အလုပ်သမားတွေအတွက် တစ်ရက်စာ နစ်နာသွားတယ်ပေါ့”ဟု မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်း ရှင်များ အသင်းရဲ့ အထွေထွေ အတွင်းရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ်က ပြောသည်။မြန်မာနိုင်ငံရှိ အထည်ချုပ် စက်ရုံများသို့ တင်ပို့နေသော အထည်ချုပ် လုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်းများ၏ ၉၀ ရာခိုင်နှုန်းခန့်မှာ တရုတ်နိုင်ငံမှ အများဆုံးမှာယူကြသည်။

အထည်ချုပ် လုပ်ငန်းတွင် လိုအပ်သည့် ပိတ်လိပ် နှင့် Assories များမှာ တရုတ်နိုင်ငံအပြင် ဗီယက်နမ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဂျပန်၊ ကိုရီးယား၊ မလေးရှား၊ အင်ဒိုနီရှားနိုင်ငံများ မှလည်း တင်သွင်းရနိုင်ပြီး ဝယ်သူ၏ သဘောအ ရသာ နိုင်ငံအလိုက် တင်သွင်းပြီးမှ ချုပ်လုပ်ရသည်ဟု သိရသည်။လက်ရှိ တ ရုတ်နိုင်ငံတွင် ဖြစ်ပွားနေသော ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် မြန်မာနိုင်ငံရှိ အထည်ချုပ် စက်ရုံ ၃ ရုံ ကုန်ကြမ်းပြတ်လပ် သည် ဟုဆိုကာ ဖေဖော်ဝါရီလအတွင်း ပိတ်သိမ်းခဲ့သောကြောင့် အထည်ချုပ် လုပ်သား ၅၀၀၀ ကျော် အလုပ်လက်မဲ့ ဖြစ်ခဲ့ရသည်ဟု မြန် မာနိုင်ငံလုံး ဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်(CTUM)မှ ဥက္ကဋ္ဌ ဦးမောင်မောင်က ပြောသည်။

မတ်လ (၅)ရက်နေ့ တွင် ကျင်းပသည့် ကုန်သည်၊ လုပ်ငန်းရှင်များ၊ အလုပ်သမားသမဂ္ဂများနှင့် အစိုးရအဖွဲ့ဝင်များ (၃)ပွင့်ဆိုင် ညှိနှိုင်းဆွေး နွေးသည့် တွေဆုံပွဲအပြီး ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ယခုလို ပြောဆို ခဲ့ခြင်း ဖြစ်သည်။မြန်မာနိုင်ငံလုံး ဆိုင်ရာ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (CTUM)မှ ဥက္ကဋ္ဌ ဦးမောင်မောင်က “ ကျွန်တော်တို့အဖွဲ့ထဲမှာပါတဲ့ စက်မှုလုပ်ငန်းအဖွဲ့ချုပ် (Industrial Workers’ Federation of Myanmar)မှာ ဒေါ်ခိုင်ဇာအောင် ဆိုတာ ရှိပါတယ် သူမနက်ကပြောတဲ့ စကားအရ ဒီနှစ်ပတ်အတွင်းမှာပဲ စက်ရုံပိတ်လို့ အလုပ်ရပ်ဆိုင်းသွားတဲ့သူ အားလုံး ငါးထောင်လောက် ရှိတယ်လို့ ပြောပါတယ်”ဟု ၎င်းကဆိုသည်။

တရုတ်နိုင်ငံမှ တင်သွင်းသည့် ကုန်ကြမ်းပြတ်လတ်မှုကြောင့်ဟု ဆိုကာ ဖေဖော်ဝါရီလအတွင်းတွင် စက်ရုံသုံးရုံ အပြီးပိတ်သိမ်းခဲ့ကြသည်။ ထိုစက်ရုံများမှာ လှိုင်သာယာမြို့နယ်ရှိ ဟန်တာ မြန်မာ အထည်ချုပ်စက်ရုံ၊ Lucky Sky အိတ်စက်ရုံ၊ ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီး ထောင့်ကျေးရွာရှိ ဟွာမှုန်အထည်ချုပ်စက်ရုံတို့ ဖြစ်သည်။ထို စက်ရုံ သုံးရုံအနက် Lucky sky အိတ်စက်ရုံမှာ ကုန်ကြမ်းပြတ်လပ်မှု စာရင်း ကို သေချာ မသိရှိရဘဲ အလုပ်ရှင်နှင့် အလုပ်သမား ပြသာနာအချို့ ကြောင့် ပိတ်သိမ်းခဲ့ရသည်ကို စုံစမ်း သိရှိရကြောင်း ဦးမောင်မောင်က ဆိုသည်။ “ကန်ကြီးထောင့်ကတော့ ရုတ်တရက် ဒိုင်း ဒိုင်း ဒိုင်းဆိုပြီး ပိတ်သွားတယ် စာရင်း မရှိလိုက်ဘူး။

ညှိနှိုင်းမှုမရလိုက်ဘူး Lucky Sky လည်း ဒီတိုင်းပဲ သို့သော် Lucky Sky ကကုန်တွေကိုတော့ ကြာဟောင်လားဘာလားမသိဘူး သူရဲ့ လက် ခွဲကို ဆက်ပို့ပြီးတော့ ချုပ်နေတယ်ကြားတယ်”ဟု ဦးမောင်မောင်က ပြောသည်။ ထိုသို့ ဖြစ်စဉ်များကြောင့် အမှန်တကယ် ကုန်ကြမ်း ပြတ် လပ်မှုရှိ၊ မရှိကို အစိုးရက စိစစ်ပေးပြီးမှသာလျှင် စက်ရုံပိတ်သိမ်းခွင့်ပြုပေးရန် အလုပ်သမားအရေးကို ဆောင်ရွက်နေသည့် အဖွဲ့(၁၀)ဖွဲ့က ပူးပေါင်းကာ မတ်လ(၃)ရက်နေ့က တောင်းဆိုထားခဲ့သည်။

REF:     မဇ္ဇျိမ

Add a Comment

Your email address will not be published. Required fields are marked *