UNICODE
အဓိဌာန်ဝ င် တဲ့ ည မှာ ထူးဆန်းတဲ့ အဖြစ်အပျက်တစ် ခု အကြောင်း ကို ပြန်လည်ပြောပြလာတဲ့ ရုပ်ရှင်မင်းသားကြီး ကျော်သူ
ပ ရိသတ်ကြီးရေ အကယ်ဒမီကျော်သူကတော့ ရုပ်ရှင်ဇာတ်ကားတွေမှာ ကျရာဇာတ်ရုပ်ကို သဘာဝကျကျနဲ့ ပီပြင်တဲ့ သရုပ်ဆောက်မှုတွေကြောင့် အနုပညာလောကမှာ အောင်မြင်မှုတွေရရှိနေတာပဲဖြစ်ပါတယ်။ ဒ့ါအပြင် ကျော်သူက အနုပညာအလုပ်တွေသာမက လူမှုရေးအကျိုးပြု ပရဟိတ အလုပ်တွေကိုပါ ကိုယ်ကျိုးမငဲ့ပဲ ရှေ့မှဦးဆောင်လုပ်ကိုင်နေတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ ဘာသာရေးဘက်မှာလည်း အထူးလိုက်စားတဲ့သူတစ်ယောက်ဖြစ်ပြီ ပြီးခဲ့တဲ့ရက်က အဓိဌာန်ဝင်ရင်း ထူးဆန်းတဲ့အဖြစ်အပျက်တစ်ခု ဖြစ်ခဲ့တာကို သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာရေးသားဖော်ပြပေးထားပါတယ်။
ယ င်းအဖြစ်အပျက်လေးကိုတော့ ကျော်သူက “သံယောဇဉ်လား?…ပဌာန်းဆက်လား?…မေတ္တာခံယူတာလား?…ယမန်နေ့ကပရဟိတတော်ပေါ်သို့ရောက်ရှိလာသော ဘဲငန်းဖိုမနှစ်ကောင်သည် ညဖက်ကျွန်တော ်
တို့(၇)ဌာနအဓိဌာန်ဝင်ရာဘုရားများနောက်သို့တစ်ကော်ကောက်လိုက်ပါခဲ့ကာ နောက်ဆုံးရှေးဟောင်းဆင်းတုတော်များသီတင်းသုံးရာ ဘုရားကျောင်းဆောင်အပေါက်၀ တွင်လာရောက်ကာ မေတ္တာပို့အမျှဝေပြီးမှထွက်ခွာသွားကြတယ်….”
ဆက်လက်ပြီ “ယနေ့နံနက်(၅:၀၀)နာရီအချိန်တွင်လည်း ဘုရားရှိခိုးမေတ္တာပို့အပြီး ဝါးကုလားထိုင်တွင်ကျွန်တော်ထိုင်၍တရားမှတ်နေကာ ကျွန်တော်၏အဖွဲ့မှ ဦးစိန်ဝင်း မှလည်းပဌာန်းရွတ်မေတ္တာပို့သနေစဉ် အဆောင်တွင်းသို့ ဘဲငန်းဖိုမတ်ု့ိ ဝင်ရောက်လာကာ ကျွန်တော်၏ရှေ့တွင် လာရောက်ထိုင်နေကြပြန်ခဲ့ပါတယ်။အမျှပေးဝေပြီးမှ ဂပ်ဂပ်ဂတ်ဟု မြည်တွန်၍ ထွက်ခွါသွားကြပြန်တော့တယ် ….” ဆိုပြီး ပရိသတ်တွေအတွက်ဖော်ပြပေးထားပါသေးတယ်။ ကဲ့ ချစ်ပရိသတ်ကြီးရေ ယခုမှာတော့ အဓိဌာန်ဝင်တဲ့ ညမှာ ထူးဆန်းတဲ့ အဖြစ်အပျက်လေး ဖြစ်ခဲ့တဲ့ ကျော်သူတို့ ရဲ့ အကြောင်းအရာလေးတစ်ခုကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
Source & Photo Credit – Kyaw Thu’s Facebook Account,CRD-Myanmarload
Add a Comment
Your email address will not be published. Required fields are marked *