COVID-19ႏွင့္ပတ္သက္ၿပီး ေကာ လာဟလမ်ားကို အ သံဖိုင္ျဖင့္ ေဖ့စ္ ဘြတ္ခ္တြင္ျဖန႔္ျဖဴးေနျခင္း သတင္း မွားမ်ားျဖန႔္ျဖဴးေနသူမ်ား ကို ေဖာ္ထုတ္အေရးယူမည္

တ႐ုတ္ႏိုင္ငံ ဝူဟန္ၿမိဳ႕မွ စတင္ျပန႔္ႏွံ႔ခဲ့သည့္ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ယေန႔အထိဗိုင္းရပ္စ္ကူးစက္ခံထားရသူ ၁၈၀၀၀၀ ေက်ာ္ရွိေနၿပီး ေသဆုံးသူ ၄၀၀၀ ေက်ာ္ရွိေနၿပီျဖစ္ေၾကာင္း သိရသည္။ မတ္ ၁၂ ကို႐ိုနာဗိုင္းရပ္စ္ျပန႔္ပြားမႈမွာ တစ္ကမာၻလုံး အဆင့္ ကပ္ေရာဂါျဖစ္ ေၾကာင္း ကမာၻ႔က်န္းမာေရးအဖြဲ႕(W.H.O)က အဆင့္တိုးျမႇင့္သတ္မွတ္လိုက္သည္။

ၿပီးခဲ့တဲ့ႏွစ္ပတ္အတြင္း တ႐ုတ္ႏိုင္ငံျပင္ပတြင္ ဗိုင္းရပ္စ္ကူးစက္မႈ ၁၃ ဆျမင့္တက္ခဲ့ေၾကာင္း W.H.O အႀကီးအကဲ ေဒါက္တာတက္ဒ႐ို႕စ္ အက္ဟာႏြန္ ဂီဘရီးစီးယက္စ္ကေျပာသည္။ တစ္ကမာၻလုံး အဆင့္ကပ္ေရာဂါဆိုသည္မွာ တစ္ခ်ိန္တည္းတစ္ၿပိဳင္နက္ထဲ ကမာၻႏိုင္ငံ ေတာ္ ေတာ္မ်ားမ်ားတြင္ ျဖစ္ပြားေနသည့္ေရာဂါကိုသတ္မွတ္ျခင္းျဖစ္သည္။

ကို ႐ိုနာဗိုင္းရပ္စ္ COVID-19 ေရာဂါနဲ႔ပတ္သက္ၿပီး ေကာလာဟလသတင္းမွားမ်ား ျဖန႔္ျဖဴးေနသူေတြကို သက္ဆိုင္ရာဌာနေတြနဲ႔ ပူး ေပါင္းကာ ရွာေဖြေဖာ္ထုတ္ၿပီး တည္ဆဲဥပေဒေတြ အတိုင္းအေရးယူသြားမယ္လို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ထုတ္ျပန္ လိုက္ေၾကာင္း သိရပါတယ္။

ယ ခုအခါ မသမာသူေတြက ျပည္သူမ်ားအား စိုးရိမ္ထိတ္လန႔္ေစဖို႔ ရည္႐ြယ္၍လည္းေကာင္း၊ ျပည္သူေတြရဲ႕ စိုးရိမ္ထိန္လန႔္မႈအေပၚ မေကာင္းေသာစိတ္ထားနဲ႔ အက်ိဳးအျမတ္ထုတ္လို၍ လည္းေကာင္း ေကာလာဟလသတင္းမွားေတြကို ပုံစံအမ်ိဳးမ်ိဳးနဲ႔ ဖန္တီးျဖန႔္ျဖဴး ေနတယ္လို႔ ထုတ္ျပန္ပါတယ္။

မေန႔ညက လူမႈကြန္ရက္ (Facebook messenger)ကတဆင့္ ေကာလာဟလသတင္းမွားကို အသံဖိုင္နဲ႔ ဖန္တီးျဖန႔္ျဖဴးေနတာကို ေတြ႕ရွိ တဲ့အေၾကာင္း အဆိုပါ အသံဖိုင္မွာ “ျပည္ေထာင္စုဝန္ႀကီး၏ PSO မွ ေျပာၾကားသည္” ဆိုၿပီး မဟုတ္မမွန္လုပ္ႀကံဖန္တီးေျပာဆိုကာ ျပည္ သူေတြ စိုးရိမ္ထိတ္လန႔္ေစဖို႔ လုပ္ေဆာင္ေနတယ္လို႔လည္း က်န္းမာေရးဌာန ထုတ္ျပန္ခ်က္မွာ ေဖာ္ျပပါတယ္။

REF: ဒီဗြီဘီ

UNICODE

COVID-19နှင့်ပတ်သက်ပြီး ကော လာဟလများကို အ သံဖိုင်ဖြင့် ဖေ့စ် ဘွတ်ခ်တွင်ဖြန့်ဖြူးခြင်း သတင်း မှားများဖြန့်ဖြူးနေသူများ ကို ဖော်ထုတ်အရေးယူမည်

တရုတ်နိုင်ငံ ဝူဟန်မြို့မှ စတင်ပြန့်နှံ့ခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ယနေ့အထိဗိုင်းရပ်စ်ကူးစက်ခံထားရသူ ၁၈၀၀၀၀ ကျော်ရှိနေပြီး သေဆုံးသူ ၄၀၀၀ ကျော်ရှိနေပြီဖြစ်ကြောင်း သိရသည်။ မတ် ၁၂ ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှုမှာ တစ်ကမ္ဘာလုံး အဆင့် ကပ်ရောဂါဖြစ် ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(W.H.O)က အဆင့်တိုးမြှင့်သတ်မှတ်လိုက်သည်။

ပြီးခဲ့တဲ့နှစ်ပတ်အတွင်း တရုတ်နိုင်ငံပြင်ပတွင် ဗိုင်းရပ်စ်ကူးစက်မှု ၁၃ ဆမြင့်တက်ခဲ့ကြောင်း W.H.O အကြီးအကဲ ဒေါက်တာတက်ဒရို့စ် အက်ဟာနွန် ဂီဘရီးစီးယက်စ်ကပြောသည်။ တစ်ကမ္ဘာလုံး အဆင့်ကပ်ရောဂါဆိုသည်မှာ တစ်ချိန်တည်းတစ်ပြိုင်နက်ထဲ ကမ္ဘာနိုင်ငံ တော် တော်များများတွင် ဖြစ်ပွားနေသည့်ရောဂါကိုသတ်မှတ်ခြင်းဖြစ်သည်။

ကို ရိုနာဗိုင်းရပ်စ် COVID-19 ရောဂါနဲ့ပတ်သက်ပြီး ကောလာဟလသတင်းမှားများ ဖြန့်ဖြူးနေသူတွေကို သက်ဆိုင်ရာဌာနတွေနဲ့ ပူး ပေါင်းကာ ရှာဖွေဖော်ထုတ်ပြီး တည်ဆဲဥပဒေတွေ အတိုင်းအရေးယူသွားမယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန် လိုက်ကြောင်း သိရပါတယ်။

ယ ခုအခါ မသမာသူတွေက ပြည်သူများအား စိုးရိမ်ထိတ်လန့်စေဖို့ ရည်ရွယ်၍လည်းကောင်း၊ ပြည်သူတွေရဲ့ စိုးရိမ်ထိန်လန့်မှုအပေါ် မကောင်းသောစိတ်ထားနဲ့ အကျိုးအမြတ်ထုတ်လို၍ လည်းကောင်း ကောလာဟလသတင်းမှားတွေကို ပုံစံအမျိုးမျိုးနဲ့ ဖန်တီးဖြန့်ဖြူး နေတယ်လို့ ထုတ်ပြန်ပါတယ်။

မနေ့ညက လူမှုကွန်ရက် (Facebook messenger)ကတဆင့် ကောလာဟလသတင်းမှားကို အသံဖိုင်နဲ့ ဖန်တီးဖြန့်ဖြူးနေတာကို တွေ့ရှိ တဲ့အကြောင်း အဆိုပါ အသံဖိုင်မှာ “ပြည်ထောင်စုဝန်ကြီး၏ PSO မှ ပြောကြားသည်” ဆိုပြီး မဟုတ်မမှန်လုပ်ကြံဖန်တီးပြောဆိုကာ ပြည် သူတွေ စိုးရိမ်ထိတ်လန့်စေဖို့ လုပ်ဆောင်နေတယ်လို့လည်း ကျန်းမာရေးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

REF:     ဒီဗွီဘီ

Add a Comment

Your email address will not be published. Required fields are marked *