နယ္လိုင္စင္တကၠစီေတြ ရန္ကုန္မွာေျပးဆြဲေနျခင္းအား ဖမ္းဆီးအေရးယူမည္

ဖြဲ႕စည္းပုံ အေျခခံဥပေဒ ေပၚေပါက္ၿပီးေနာက္ၿပီးခဲ့ သည့္ တိုင္းေဒသႀကီးအစိုးရမ်ား လက္ထက္တြင္ မိမိတိုင္းေဒသႀကီးမ်ား ဖြံ႕ၿဖိဳးတိုးတက္ ရန္အတြက္ တကၠစီယာဥ္မ်ား တင္သြင္းျခင္း လုပ္ငန္းကို ေဆာင္႐ြက္ခဲ့ျခင္းျဖစ္ၿပီး မိမိတိုင္းေဒသႀကီးအတြင္း ဖြံ႕ၿဖိဳးတိုးတက္ ေရးအတြက္ ကန႔္သတ္ခ်က္ျဖင့္ တကၠစီ ယာဥ္ မ်ားကို တင္သြင္းခြင့္ေပးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ေမာ္ေတာ္ယာဥ္ မွတ္ပုံတင္ျခင္းနဲ႔ လုပ္ငန္းလိုင္စင္ မတူပါဘူး။ေမာ္ေတာ္ယာဥ္တစ္စီးသည္ မွတ္ပုံတင္ၿပီးတဲ့အခါ ျမန္မာတႏိုင္ငံလုံးကို ေမာင္းလို႔ရတယ္။ သို႔ေသာ္ စီးပြားေရး အလို႔ငွာ အလုပ္လုပ္ရင္ လုပ္ငန္းလိုင္စင္ဥပေဒကို လိုက္နာရမယ္”ဟု ဦးလွေအာင္ကေျပာသည္။ အဆိုပါကားမ်ားကို မိမိတို႔တိုင္းေဒသႀကီးအတြင္း ဖြံ႕ၿဖိဳးတိုးတက္ေအာင္ ေဆာင္႐ြက္ရန္အတြက္ တင္သြင္းခြင့္ေပးခဲ့ျခင္း ျဖစ္သည္။

ယင္း ကန႔္သက္ခ်က္မ်ားအား သေဘာတူညီ ခြင့္ျပဳခ်က္ႏွင့္ တင္သြင္းခြင့္ေပးခဲ့ျခင္း ျဖစ္ေသာ္လည္း ရန္ကုန္တိုင္းအတြင္းသို႔ ေရာက္လာၿပီး အေျချပဳ ေဆာင္႐ြက္သည့္အတြက္ ဥပေဒႏွင့္အညီ မွန္ကန္စြာ လုပ္ေဆာင္ေနသည့္ ရန္ကုန္တိုင္းေဒသႀကီးရွိ မွတ္ပုံတင္ တကၠစီ ယာဥ္မ်ား ၏ လုပ္ငန္းေပၚ ယွဥ္ၿပိဳင္မႈ မ်ားစြာ ျဖစ္လာခဲ့ေၾကာင္းသိရသည္။

ထို႔ေၾကာင့္ အစိုးရမွ ထုတ္ျပန္ထားသည့္ စည္းမ်ဥ္းစည္းကမ္း ဥပေဒမ်ားႏွင့္ အညီ ထိန္းေၾကာင္းေပးရန္ ယင္းဌာန ၃ ခုကို တိုင္းအစိုးရက တာဝန္ေပးလာသည့္အတြက္ စိစစ္ၿပီး တင္ျပ ေဆာင္႐ြက္သြားမည္ ျဖစ္ေၾကာင္းသိရသည္။ ရန္ကုန္ၿမိဳ႕ အတြင္း ေျပးဆြဲေန သည့္ နယ္လိုင္ စင္ တကၠစီ မ်ား ကို ဥပေဒႏွင့္ အညီ အေရးယူသြား မည္ျဖစ္ေၾကာင္း မတ္လ ၁၁ ရက္က (YRTA)႐ုံး ေတြ႕ဆုံပြဲ မွ သိ ရ သည္ ။

ရန္ကုန္တိုင္းေဒသႀကီးအတြင္း လာေရာက္ ေျပးဆြဲေန သည့္ တကၠစီ ယာဥ္မ်ားအေပၚ တိုင္းေဒသႀကီးအစိုးရအဖြဲ႕က YRTA ၊ ကုန္းလမ္း ပို႔ေဆာင္ေရး ၫႊန္ၾကားမႈ ဦးစီးဌာန က.ည.န ႏွင့္ လုပ္ငန္း လိုင္စင္ ႏွင့္ သယ္ယူ ပို႔ေဆာင္ေရးႀကီးၾကပ္ညႇိႏႈိင္းမႈဌာန တို႔ကို ဥပေဒႏွင့္ အညီ ထိန္းသိမ္းေဆာင္႐ြက္ေပးရန္ တာဝန္ေပး အပ္ထားေၾကာင္း သိ ရ သည္ ။

REF: The Fifth Wave News

UNICODE

နယ်လိုင်စင်တက္ကစီတွေ ရန်ကုန်မှာပြေးဆွဲနေခြင်းအား ဖမ်းဆီးအရေးယူမည်

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပေါ်ပေါက်ပြီးနောက်ပြီးခဲ့ သည့် တိုင်းဒေသကြီးအစိုးရများ လက်ထက်တွင် မိမိတိုင်းဒေသကြီးများ ဖွံ့ဖြိုးတိုးတက် ရန်အတွက် တက္ကစီယာဉ်များ တင်သွင်းခြင်း လုပ်ငန်းကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး မိမိတိုင်းဒေသကြီးအတွင်း ဖွံ့ဖြိုးတိုးတက် ရေးအတွက် ကန့်သတ်ချက်ဖြင့် တက္ကစီ ယာဉ် များကို တင်သွင်းခွင့်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မော်တော်ယာဉ် မှတ်ပုံတင်ခြင်းနဲ့ လုပ်ငန်းလိုင်စင် မတူပါဘူး။မော်တော်ယာဉ်တစ်စီးသည် မှတ်ပုံတင်ပြီးတဲ့အခါ မြန်မာတနိုင်ငံလုံးကို မောင်းလို့ရတယ်။ သို့သော် စီးပွားရေး အလို့ငှာ အလုပ်လုပ်ရင် လုပ်ငန်းလိုင်စင်ဥပဒေကို လိုက်နာရမယ်”ဟု ဦးလှအောင်ကပြောသည်။ အဆိုပါကားများကို မိမိတို့တိုင်းဒေသကြီးအတွင်း ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန်အတွက် တင်သွင်းခွင့်ပေးခဲ့ခြင်း ဖြစ်သည်။

ယင်း ကန့်သက်ချက်များအား သဘောတူညီ ခွင့်ပြုချက်နှင့် တင်သွင်းခွင့်ပေးခဲ့ခြင်း ဖြစ်သော်လည်း ရန်ကုန်တိုင်းအတွင်းသို့ ရောက်လာပြီး အခြေပြု ဆောင်ရွက်သည့်အတွက် ဥပဒေနှင့်အညီ မှန်ကန်စွာ လုပ်ဆောင်နေသည့် ရန်ကုန်တိုင်းဒေသကြီးရှိ မှတ်ပုံတင် တက္ကစီ ယာဉ်များ ၏ လုပ်ငန်းပေါ် ယှဉ်ပြိုင်မှု များစွာ ဖြစ်လာခဲ့ကြောင်းသိရသည်။

ထို့ကြောင့် အစိုးရမှ ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်း ဥပဒေများနှင့် အညီ ထိန်းကြောင်းပေးရန် ယင်းဌာန ၃ ခုကို တိုင်းအစိုးရက တာဝန်ပေးလာသည့်အတွက် စိစစ်ပြီး တင်ပြ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။ ရန်ကုန်မြို့ အတွင်း ပြေးဆွဲနေ သည့် နယ်လိုင် စင် တက္ကစီ များ ကို ဥပဒေနှင့် အညီ အရေးယူသွား မည်ဖြစ်ကြောင်း မတ်လ ၁၁ ရက်က (YRTA)ရုံး တွေ့ဆုံပွဲ မှ သိ ရ သည် ။

ရန်ကုန်တိုင်းဒေသကြီးအတွင်း လာရောက် ပြေးဆွဲနေ သည့် တက္ကစီ ယာဉ်များအပေါ် တိုင်းဒေသကြီးအစိုးရအဖွဲ့က YRTA ၊ ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန က.ည.န နှင့် လုပ်ငန်း လိုင်စင် နှင့် သယ်ယူ ပို့ဆောင်ရေးကြီးကြပ်ညှိနှိုင်းမှုဌာန တို့ကို ဥပဒေနှင့် အညီ ထိန်းသိမ်းဆောင်ရွက်ပေးရန် တာဝန်ပေး အပ်ထားကြောင်း သိ ရ သည် ။

REF:    The  Fifth  Wave  News

Add a Comment

Your email address will not be published. Required fields are marked *