ref: The standard Time
unicode
ကိုရိုနာဗိုင်းရပ်စ်သံသယကြောင့် သမ္မတထရန့်အားကူးစက်ခံရခြင်း ရှိ/မရှိစစ်ဆေးရာ ထွက်ပေါ်လာသည့်ရလာဒ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်် သည် ယခင်တစ်ပတ် က ဘရာဇီးကိုယ်စား လှယ်များနှင့် ဖလော်ရီဒါ ပြည်နယ် ရှိ အပန်းဖြေ စခန်းတစ်ခုတွင် လက် ခံတွေ့ဆုံခဲ့ သည်။ ထိုတွေ့ဆုံမှု အပြီးရက်ပိုင်းအကြာ မှာပင် ဘရာဇီး ကိုယ်စားလှယ်တစ်ဦးတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရ သည်ကို စစ်ဆေးတွေ့ရှိခဲ့ရသည်။
သို့သော် လည်း တစ်ပတ်ကြာမြင့်သည်အထိ သမ္မတဒေါ်နယ်ထရန့်တွင် ဗိုင်းရပ်စ် ကူးစက်ခံရသည့်လက္ခဏာများ မရှိခဲ့ကြောင်းလည်း ရှောင်ကွန်လေက အတည်ပြုခဲ့သည်။
မကြာသေးမီ က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ ထားရသည့် ဘရာဇီး အစိုးရ ကိုယ်စားလှယ်(၁)ဦးနှင့် တွေ့ဆုံခဲ့ သောကြောင့် ဗိုင်းရပ်စ် ကူးစက်ခံ ရမည်ကို စိုးရိမ် ခဲ့ရသော အမေရိကန် သမ္မတ ဒေါ်နယ်ထရန့် တွင် ဗိုင်းရပ်စ် ကူးစက် ခံရခြင်း မရှိဟု ဆေးရလဒ် ထွက်ပေါ် လာခဲ့ပြီဖြစ် သည်။
“ဒီညနေခင်း မှာပဲ (COVID-19) negative ဖြစ်ကြောင်း အတည်ပြု ထားတဲ့ ဆေးရလဒ် ကို ကျွန်တော် လက်ခံ ရရှိခဲ့ပါတယ်”ဟု အိမ်ဖြူ တော် ဆရာ ဝန် ရှောင်ကွန်လေ က ဆိုထားသည်။အသက် (၇၃)နှစ် အရွယ်ရှိပြီဖြစ်သည့် မစ္စတာထရန့်သည် သောကြာနေ့က ဆေးစစ်ခဲ့ ခြင်းဖြစ်ပြီး စနေနေ့ညနေပိုင်းတွင် ဗိုင်းရပ်စ်ကင်းရှင်းကြောင်း အဖြေထွက် ခဲ့သည်။
ref:      The standard Time
Add a Comment
Your email address will not be published. Required fields are marked *