




REF: The myanmar Time

ကိုရိုနာCOVID-19နှင့် ပတ်သက်ပြီး သတင်းမှား ကောလာဟာလများ ဖြန့်ဝေသည့် ဆိုရှယ် မီဒီယာများ ကို ဖေ့စ်ဘွတ်ခ်နှင့် ညှိနှိုင်းပြီး အမြန်ဆုံး ပိတ်သိမ်းမည် ဟု ပြောဆို

ကိုရိုနာCOVID-19နဲ့ပတ်သက်ပြီး သတင်းမှား ဖြန့်ချိနေ တာတွေ ဘယ်လောက် ရှိနေပြီလဲဆိုတာကတော့ သေသေချာချာစိစစ်ရဦးမယ်။ အရင် တုန်းကတော့ ထိထိရောက်ရောက် အရေးယူတာတွေ မရှိသေးဘူး။ သတင်းအမှားဆိုရင်များသော အားဖြင့် ဖေ့စ် ဘွတ်ခ်မှာပဲဖြစ် တာများ တယ်”ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးသိန်းက ပြောဆိုလိုက်သည်။

အဆိုပါသတင်း အမှားများကြောင့် ပြည်သူများ ထိတ်လန့်မှုဖြစ်ပေါ်ခဲ့ ကာ ရန်ကုန်မြို့ရှိဈေးများ ၌ ဆေး ပစ္စည်း အပါ အဝင် စားသောက် ကုန်များ အလု အယက်ဝယ် ယူနေမှု များလည်း ရှိနေ ကြောင်း၊ ယင်းသတင်းအမှားဖြန့် ဝေနေခြင်းမှာ နိုင်ငံတော်နှင့် အများ ပြည်သူလည်း ဒုက္ခရောက်နိုင်ကြောင်း၊ ၎င်းတို့ကို ဖော် ထုတ်အရေးယူနိုင်ရန် ဖေ့စ်ဘွတ်ခ်အဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက် မည်ဖြစ်ကြောင်း သိရသည်။

သတင်းအမှားတွေ နဲ့ ပတ်သက်ပြီး စံသတ်မှတ်ချက် ထားပြီးတော့ လုပ်ရ မယ် ။ သတင်းအမှား ဆိုတာက ပုဂ္ဂိုလ် ( ၁ )ဦး တစ်ယောက်ချင်း ရှိသလို အများ ထိခိုက် မှုရှိ တဲ့ အခြေအနေ အချို့ဆို ရင် နိုင်ငံတော် အဆင့်အ ထိ ထိခိုက် သွား နိုင်တာတွေ ရှိတယ်။ ဒါတွေကို ပိတ် သိမ်း မယ် ။ ပြီးတော့ အရေးယူ ဆောင် ရွက်မှုတွေလည်း လုပ်သွားမယ် ။အမြန်ဆုံးဆောင်ရွက်သွားမယ် ”ဟု ဦးစိုးသိန်း က ပြောသည်။

လက် ရှိအခြေအနေ တွင် ပြည် သူ လူထုအကြား တည်ငြိမ်အေးချမ်း မှု ပျက်ပြားပြီး အထိတ် တလန့်ဖြစ်အောင် လုပ်ဆောင် သူ မည်သူ့ကို မဆိုအရေး ယူ မည်ဖြစ်ကြောင်း၊အဆိုပါဝက်ဘ် ဆိုက်နှင့် ဆိုရှယ်မီဒီယာများအား ပိတ်သိမ်း ရန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာ နကို ညွှန်ကြားထားကြောင်း သမ္မတရုံးပြောခွ င့်ရ ဦးဇော်ဌေး က သမ္မတ အိမ်တော်၌ မီဒီယာ များနှင့် တွေ့ဆုံ စဉ် ပြောကြားထားသည်။

REF:     The myanmar Time

Add a Comment

Your email address will not be published. Required fields are marked *